38 C
Yangon

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ အထက်တန်း စာသင်ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချပြီး မီးရှို့ဖျက်ဆီး

Must read

ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ အထက်တန်း စာသင်ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချပြီး မီးရှို့ဖျက်ဆီး

ရန်ကုန်၊ မေ ၆

စစ်ကိုင်းတိုင်း၊ ရေဦးမြို့နယ်၊ ချမ်းသာရွာရှိ အထက်တန်း စာသင်ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချပြီး မီးရှို့ဖျက်ဆီးခဲ့ကြောင်း People’s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ပကဖရဲဘော် ထူးခန့်ဇော် အမေ့သား က ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၄ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်က ရေဦးမြို့နယ်၊ ချမ်းသာရွာကို ဝင်ရောက် စီးနင်းပြီး ကျေးရွာရှိ အထက်တန်း ကျောင်းကို စစ်တပ်က မိုင်းဆွဲ ဖြိုချကာ မီးရှို့ဖျက်ဆီးခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

ချမ်းသာရွာကို အကြမ်းဖက် စစ်တပ်က ၅ ကြိမ်မြောက် ဝင်ရောက် စီးနင်းမီးရှို့ခြင်းဖြစ်ပြီး ၄ ကြိမ်မြောက် မီးရှို့ဖျက်ဆီးချိန်တွင် သက်တမ်း ၁၂၉ နှစ်ရှိ သမိုင်းဝင် ခရစ်ယာန် ဘုရားရှိခိုးကျောင်းကြီးနှင့် ရွာလုံးကျွတ် ပြာကျခဲ့ပြီး ယခု ၅ ကြိမ်မြောက်တွင် ကျေးရွာအတွင်း အထက်တန်း စာသင်ကျောင်းကို ထပ်မံ ဖြိုချ မီးရှို့ဖျက်ဆီးသွားခြင်းဖြစ်ကြောင်း သိရသည်။

” ချမ်းသာရွာကြီးဟာ အခုဆို အကြမ်းဖက် စစ်ကောင်စီရဲ့ အဓိက ပစ်မှတ်ထားတာခံရပြီး စစ်ခွေးတွေ ၄ ကြိမ်မြောက် မီးရှို့ချိန်မှာ ရွာလုံးကျွတ်ပြာကျပြီး ရိုမန်ကက်သလစ် ခရစ်ယာန် ဘုရားကျောင်းကြီးရော ချမ်းသာရွာ ဘုရားကုန်း စျေးတန်းရော အကုန် မီးရှို့ဖျက်ဆီးခံလိုက်ရတယ်။ အခု ၅ကြိမ်မြောက်မှာ စာသင်ကျောင်းကြီးကို ရည်ရွယ်ချက်ရှိရှိဝင်ရောက်ပီး ထပ်မံမီးရှို့ဖျက်ဆီးသွားပြန်တယ်။ နောက်ဆုံးကျန်ရှိတာဆိုလို့ မီးရထားဘူတာရုံရယ် ရွာအလယ်မှာရှိတယ် ခရစ်ယာန်သုဿန်ရယ်ပဲရှိပါတော့တယ်” ဟု People’s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံ ပကဖရဲဘော် ထူးခန့်ဇော် အမေ့သား က ပြောဆိုသည်။

လက်ရှိချိန်တွင် ချမ်းသာရွာရှိ ပြည်သူများသည် အကြမ်းဖက် စစ်တပ်၏ ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခြင်း ခံရသောကြောင့် အရေပေါ် စားနိပ်ရိက္ခာ အကူအညီများ လိုအပ်လျက်ရှိပြီး လှူဒါန်းလိုသော အလှူရှင်များ အနေဖြင့် ရေဦးမြို့နယ် စစ်ရှောင်ပြည်သူ ထောက်ပံ့ရေး Fcaebook page ကို ဆက်သွယ် လှူဒါန်းနိုင်ကြောင်း People’s Defense Comrade မှ ပြန်ကြားရေး တာဝန်ခံက ဆက်လက် ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article