39 C
Yangon

မြစ်ကြီးနားမြို့ရှိ ရဲတပ်ရင်း ၃၀ ကို ၄၀ မမ ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်

Must read

မြစ်ကြီးနားမြို့ရှိ ရဲတပ်ရင်း ၃၀ ကို ၄၀ မမ ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်

ရန်ကုန်၊ မေ ၅

မြစ်ကြီးနားမြို့၊ လယ်ကုန်း ရပ်ကွက်ရှိ ရဲတပ်ရင်း ၃၀ ကို ၄၀ မမ ဖြင့် ၂ ကြိမ် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မြစ်ကြီးနား UG အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

မေလ ၂ ရက်နေ့တွင် လယ်ကုန်း ရပ်ကွက်ရှိ ရဲတပ်ရင်း ၃၀ ကို ၄၀ မမ ဗုံးသီး ၁ လုံးဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ မေလ ၄ ရက်နေ့တွင် ၄၀ မမ ဗုံးသီး ၆ လုံးဖြင့် ထပ်မံ ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီ တပ်သားများ ထိခိုက်သေဆုံးမှု အခြေအနေကို အတည်မပြုနိုင်သေးကြောင်း သိရသည်။

” မြစ်ကြီးနားမြို့ လယ်ကုန်းရပ်ကွက်မှာရှိတဲ့ ရဲတပ်ရင်း ၃၀ ကို ၄၀ မမ ဗုံးသီး ၇ လုံးနဲ့ ၂ ကြိမ် ပစ်ခတ်တိုက်ခိုက်ခဲ့တယ်။ အထိအခိုက် ရှိမရှိ စုံစမ်းနေဆဲပါ” ဟု မြစ်ကြီးနား UG အဖွဲ့ (MKN-UG) မှ တာဝန်ရှိသူ တစ်ဦးက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article