36 C
Yangon

ပခုက္ကူနှင့် ဘိုကလေး မြို့နယ်တို့တွင် စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိ

Must read

ပခုက္ကူနှင့် ဘိုကလေး မြို့နယ်တို့တွင် စစ်သားများကို မိုင်းဆွဲ ပစ်ခတ် တိုက်ခိုက်မှု ၂ ဦးသေဆုံးပြီး သေနတ် ၁ လက် သိမ်းဆည်း ရရှိ

ရန်ကုန်၊ မေ ၅

မကွေးတိုင်း၊ ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာအကြားတွင် အကြမ်းဖက် စစ်ကား ၁ စီး ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၁ ဦးသေဆုံးခဲ့ကြောင်း မြိုင်ပကဖမှတာဝန်ရှိသူတစ်ဦး က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ မေလ ၄ ရက် နေ့လည် ၁၁ နာရီခန့်က ပခုက္ကူမြို့နယ်၊ ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာ တွင် အကြမ်းဖက်စစ်ကား တစ်စီးကို မိုင်း ၄ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ၃ ဦးဒဏ်ရာရရှိခဲ့ကြောင်း၊ အလားတူ ညနေ ၅ နာရီခန့်တွင် ပခုက္ကူမြို့မှ ထွက်လာပြီး အကြမ်းဖက်စစ်သား ၁၂ ဦးနှင့် ရိက္ခာများ တင်လာသည့် ၁၂ ဘီးကားတစ်စီးကို ကန်တော်ရွာနှင့် ညောင်ဂျစ်ပင်ရွာကြားတွင် ရှေ့ထွက်မိုင်း ၄ လုံ ဖြင့် တိုက်ခိုက်ခဲ့ရာ စစ်သား ၁ ဦးသေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

မိုင်းဆွဲတိုက်ခိုက်မှုကြောင့် သေဆုံး၊ ဒဏ်ရာရ စစ်သားများကို ကမ္မမြို့ပေါ်တွင် ထားရှိကာ ၎င်းကားမှာ ပခုက္ကူမြို့သို့ လှည့်မောင်းနှင်သွားကြောင်း၊ အဆိုပါတိုက်ခိုက်မှုကို Black Cobra တပ်ဖွဲ့နှင့် မြိုင်ပကဖ တပ်ရင်း ၁ တပ်စိပ် ၁ တို့ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့ပြင် ဧရာဝတီတိုင်း၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်၊ ချောင်းဗြဲကြီးကျေးရွာအုပ်စု၊ ပဒဲကောကျေးရွာ၊ ရွာလယ် သင်္ဘော ဆိပ်ခံတံတားရှိ ကင်းစခန်းကို ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ရာ အကြမ်းဖက်စစ်တပ်မှ တပ်ကြပ် ကြီး အေးမြင့်သေဆုံးပြီး သေနတ် တစ်လက် သိမ်းဆည်းရရှိခဲ့ကြောင်း ဟင်္သာတခရိုင် PDF ထံမှ သိရ သည်။

ယမန်နေ့ မေလ ၄ ရက် ည ၈ နာရီခွဲခန့်က အဆိုပါ အကြမ်းဖက်စစ်တပ် ကင်းစခန်းအား နန်းထိုက်‌ အောင်စစ်ဆင်ရေးအဖြစ် ဝင်ရောက်တိုက်ခိုက်ခဲ့ရာ ကင်းစောင့်နေသော တပ်ကြပ်ကြီးအေးမြင့်မှာ သေ ဆုံးသွားပြီး MA 3 သေနတ် ၁ လက်၊ ကျည် ၁၄ တောင့်နှင့် ဖုန်းတစ်လုံးကို သိမ်းဆည်းရရှိခဲ့ကြောင်း သိရ သည်။

အဆိုပါ ကင်းစခန်းမှ အကြမ်းဖက်စစ်သားများသည် လာသမျှ စက်လှေသမားများကို ငွေးတောင်းခံခြင်း၊ လိုင်းကြေးမပေးပါက ရိုက်နှက်ခြင်း၊ ငွေကြေးအတိုးပေးသူများနှင့်ပေါင်းပြီး ပြည်သူလူထုအပေါ် နည်း မျို စုံ ဒုက္ခပေးနှိပ်စက်ခြင်းပုလုပ်လျက်ရှိသဖြင့် ဝင်ရောက်တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး ရဲ ဘော်များအထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း ဟင်္သာတခရိုင် PDF က ထုတ်ပြန်ထား သည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article