ရန်ကုန်၊ ဇွန် ၃၀
ကရင်ပြည်နယ်၊ ကော့ကရိတ်-မြဝတီ အာရှလမ်းဘေး၊ မွေးမြူရေးဇုန်အနီး တပ်စွဲထားသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို အမည် (စိစစ်ဆဲ) အဖွဲ့က ယမန်နေ့ ဇွန်လ ၂၉ ရက် နံနက်တွင် ပစ်ခတ်တိုက်ခိုက်ပြီး စစ်သား ၅ ဦးထက်မနည်းသေဆုံးကြောင်း သတင်းရရှိသည်။
ယမန်နေ့ နံနက် ၉ နာရီ...
ရန်ကုန်၊ ဇွန် ၂၉
ရန်ကုန်တိုင်း၊ တောင်ဥက္ကလာပမြို့နယ်နှင့် မြောက်ဒဂုံအစပ် မြောက်ဒဂုံ ဘေလီတံတားအနီးတွင် ယနေ့ ည ၇ နာရီ၄၀ မိနစ်အချိန်က ကလူဂါကားတစ်စီးပေါ်တွင် မောင်းနှင်သူ အမျိုးသား တစ်ဦးကို အမည်မသိ သေနတ်သမားများက ပစ်ခတ်ရာ သေဆုံးသွားကြောင်း ဒေသခံများက ပြောဆိုသည်။
ဇွန်လ ၂၉ ရက်နေ့ ည ၇ နာရီ ၄၀ မိနစ်အချိန်တွင် ပစ်ခတ်မှုဖြစ်စဉ် ဖြစ်ပွားခြင်း ဖြစ်ပြီး အဆိုပါ ကလူဂါကားသည်မြောက်ဒဂုံ ဘေလီတံတားအဆင်းအတိုင်း ဆင်းလာစဉ် ပစ်ခတ်ခံရခြင်းဖြစ်ကြောင်း သိရှိရသည်။
"မြောက်ဒဂုံ ဘေလီအဆင်း KIA showroom ရှေ့မှာ ကားမောင်းနေတာကို ပစ် သွားတာ။ အဲ့ဒီကားက မြောက်ဒဂုံထဲက လာတာ ဘေလီမီးပွိုင့်ကနေ KIA Show Room ထောင့် အထွက်မှာ အပစ်ခံရပြီး ပွဲချင်းပြီးသေတာ။ ကားက ဒီဘက် Show Room ဘက်ကားလမ်းကိုထိုးကျလာတာ" ဟု ဒေသခံတစ်ဦးက ပြောဆိုသည်။
ယင်းနောက် စစ်ကောင်စီတပ်များရောက်ရှိလာပြီး လမ်းများအားလုံးကို ပိတ် ဆို့ပြီး စစ်ဆေးမှုများ လုပ်ဆောင်ကြောင်း ၊ လက်ရှိအချိန်အထိ စစ်ဆေး မှုများ ရှိနေဆဲဖြစ်ကြောင်း သိရှိရသည်။
လက်ရှိအချိန်အထိ အပစ်ခတ်ခံရ၍ သေဆုံးသူသည် မည်သူမည်ဝါဖြစ်ကြောင်း ရန်ကုန်ခေတ်သစ်အနေဖြင့် စုံစမ်းနေဆဲဖြစ်သည်။
ရန်ကုန်၊ ဇွန် ၂၉
စစ်တပ်ထုတ် မြန်မာဘီယာ၊ အရက်များရောင်းချပြီး စစ်ကောင်စီတပ်ဖွဲ့များနှင့် ပူးပေါင်းဆောင်ရွက်နေသဖြင့်မကြာခဏ ဗုံးခွဲသတိပေးခံရသည့် အလုံမြို့ နယ်မှ SKYWAY CLUB & KTV ယနေ့ညပိုင်းတွင် မီးလောင်ပြာကျသွားကြောင်း သိရှိရသည်။
ဇွန်လ ၁၁ ရက်နေ့ ည ၁၀ နာရီ ခွဲအချိန် ရန်ကုန်တိုင်းဒေသကြီး၊ အလုံမြို့နယ်၊ သစ်တောရပ်ကွက်၊ ကမ်းနားလမ်းနှင့် အလုံလမ်းထောင့်တွင် SKYWAY CLUB & KTV မီးလောင်ခဲ့ခြင်းဖြစ်ပြီး ၁၁ နာရီမထိုးမီ အချိန် မီးအနည်းငယ်ထိန်းနိုင် ကြောင်း မြန်မာနိုင်ငံမီးသတ်တပ်ဖွဲ့ထံမှ သိရှိရသည်။
ရန်ကုန်တိုင်း အလုံမြို့နယ်ရှိ SKYWAY CLUB & KTV တို့ကို စစ်ကောင်စီထံ သို့ အခွန်ငွေများ ပေးအပ်နေသည့်အပြင် စစ်တပ်ထုတ်ကုန် မြန်မာဘီယာနှင့် အရက်များကို ရောင်းချခြင်း၊ စစ်တပ်နှင့်ရဲများနှင့် နီးကပ်စွာ ပူးပေါင်းဆောင် ရွက်ခြင်းတို့ကြောင့် ယခုနှစ် မတ်လ( ၈) ရက် ည၈ နာရီ ၃မိနစ်အချိန်တွင် SKYWAY CLUB & KTV ကို Dark Shadow တပ်ဖွဲ့က ဗုံးဖောက်ခွဲ သတိပေးခဲ့ ရသည့် KTV တစ်ခုဖြစ်သည်။
အတည်မပြုနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်းမပြုကြရန် KNDO က ပြည်သူကို မေတ္တာရပ်ခံ
ရန်ကုန်၊ ဇွန် ၂၉ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်ကောင်စီတပ် များနှင့် KNDO ၊ KNU ၊ PDF ပူးပေါင်းတပ်များအကြား တိုက်ပွဲများဖြစ်ပွား လျက်ရှိနေချိန်တွင် အတည်ပြုမနိုင်သော တိုက်ပွဲသတင်းများကို ဖြန့်ဝေခြင်း မပြုကြရန် မေတ္တာရပ်ခံကြောင်း KNDO တရားဝင် ကြေညာချက်...
ရန်ကုန်၊ ဇွန် ၂၉
မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင်ချမ်းအေး ရပ်ကွက် ၃၆လမ်း ၊၇၁-၇၂လမ်းကြားရှိ ရွှေရည်ဝင်း ခေါင်ရည်ဆိုင်တွင် စစ်တပ် သတင်းဟု သတ် မှတ်ခံရသော ဆီးဂဲလ် ဆိုသူကို ဇွန်လ ၂၈ ရက်နေ့ ည ၈ နာရီ ၃၅ မိနစ်တွင်...
ရန်ကုန်၊ ဇွန် ၂၉
ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ စစ်ကောင်စီ၏ ဥကရစ်ထစခန်းကို KNDO နှင့် PDF ပူးပေါင်း တပ်များက သိမ်းပိုက် နိုင်ရေး တိုက်ခိုက်လျက်ရှိပြီး ယင်းတိုက် ခိုက် မှုများကို စစ်တပ်က တိုက်လေယာဉ်များဖြင့် အသုံးပြု၍ ခုခံလျက် ရှိရာမှ ယနေ့ နံနက်ပိုင်း...
ရန်ကုန်၊ ဇွန် ၂၉
ဧရာ၀တီတိုင်း၊ မြန်အောင်မြို့နယ်တွင် ရဲများ ပစ်ခတ်ခံရပြီး ရှမ်းပြည်နယ်၊ ပင်းတယတွင်လည်း စစ်တပ်ဂိတ်တစ်ခု ပစ်ခတ်ခံရကာ စစ်သား ၁ ဦ သေဆုံး သွားကြောင်း၊ စစ်တပ်က ရမ်းသမ်းပစ်ခတ်သဖြင့် ပြည်သူ ၃ ဦးကျည်ထိ မှန်ဒဏ်ရာရရှိကြောင်း ဒေသကာကွယ်ရေးတပ်များနှင့် ဒေသခံများထံမှ သိရှိရသည်။
ဇွန်လ...
ရန်ကုန်၊ ဇွန် ၂၉
ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်တွင် ယနေ့ နံနက်ပိုင်း အကြမ်းဖက်စစ် ကောင် စီ တပ်များနှင့် CDF မင်းတပ်တို့ တိုက်ပွဲ ပြင်းထန်စွာ ဖြစ်ပွားလျက်ရှိပြီး စစ်တပ် ၏ ရမ်းသမ်းပစ်ခတ်မှုကြောင့် အသက် ၁၂ နှစ်အရွယ် ကလေးငယ် တစ်ဦး လက်နက်ကြီးကျည်ထိ၍...
ရန်ကုန်၊ ဇွန် ၂၉
၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၂၁ ရက်နေ့က ဖြစ်ပွါးခဲ့သည့် ဘူးသီးတောင်မြို့နယ်၊ ဖိုးခေါင်ချောင်းအုပ်စု၊ ကန္ဒ(ကင်းဒါး)မွတ်ဆလင်ကျေးရွာတွင် စပါးကောက်လှိုင်း ၇၀၀ မီးရှို့ခံခဲ့ရသည့်ဖြစ်စဥ်နှင့် ပတ်သက်၍ စစ်ဆေးမေးမြန်းနေသည့် ဗွီဒီယို တစ်ခု ကို ရက္ခိုင့်တပ်တော် (AA) က ထုတ်ပြန်လိုက်ခြင်းဖြင့် AA က ရခိုင်ပြည် နယ် တွင် တရားစီရင်ရေးစနစ် လည်ပတ်နေကြောင်း ထုတ်ဖော်လိုက်သည်။
ယင်းဗွီဒီယိုသည် ၅ မိနစ်ခန့် ကြာမြင့်ပြီး ရက္ခိုင့်တပ်တော် (AA) ယူနီဖောင်း အပြည့် အစုံဝတ်ဆင်ထားသော မွတ်ဆလင် စစ်သားတစ်ဦးက မွတ်ဆလင် ဘာသာစကားဖြင့် ၎င်းဖြစ်စဉ်တွင်ပါဝင်ခဲ့သည့် မွတ်ဆလင်အမျိုးသားတစ်ဦးကို မေးမြန်းထားသည်ကို တွေ့ရှိရသည်။
အဆိုပါဗွီဒီယိုဖိုင်ကို ရက္ခိုင့်တပ်တော် AA ၏ တရားဝင် Arakan Army Website က ဇွန် ၂၈ ရက်နေ့ ညနေပိုင်းတွင်ထုတ်ပြန်ခဲ့သည်။
ပြီးခဲ့သည့် ၂၀၂၁ ခုနှစ် ဒီဇင်ဘာလ ၂၁ ရက်နေ့ည ၇ နာရီအချိန်ခန့်က လယ် သမား ၂ ဦး ပိုင်ဆိုင်သော စပါးကောက်လိုင်းစည်း ၇၀၀ ခန့် တစ်ပြိုင်နက်တည်း မီးရှို့ခံလိုက်ရပြီး လယ်ပိုင်ရှင်များဖြစ်ကြသော ဦးမာမောက်တွင်စပါး ကောက် လှိုင်းစည်း ၃၀၀၊ ဦးမူဂျီရင်မားတွင် စပါးကောက်လိုင်းစည်း ၄၀၀ ဆုံးရှုံးခဲ့သည်။
ယင်းအပြင် ၂၀၂၁ ခုနှစ်အတွင်း ဒီဇင်ဘာ ၁၀ ရက်နေ့က မြောက်ဦးမြို့နယ်၊ ထိပ်ဝ ပြင်ကျေးရွာတွင် ရိတ်သိမ်းခြွေလှည့်စက်နှစ်လုံး မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၁ ရက်နေ့က မြောက်ဦးမြို့နယ်၊ လောင်းကြက်ကျေးရွာတွင် ရိတ်သိမ်းထားသော စပါးပုံများ မီးရှို့ခံရမှု၊ ဒီဇင်ဘာ ၁၄ ရက်နေ့က ကျောက်ဖြူမြို့နယ်၊ စည်မော် ကျေး ရွာ တွင် လယ်သမား ၃ဦး ပိုင်ဆိုင်သော ရိတ်သိမ်းပြီးသောစပါးများ တလင်း ပြင်တွင် မီးရှို့ခံရမှု စသည့်ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။
အလားတူ ဒီဇင်ဘာ ၂၃ ရက်နေ့ကလည်း မင်းပြားမြို့နယ်၊ နာဂရာကျေးရွာ အုပ်စု၊ ပေါက်တောမွတ်ဆင်ကျေးရွာတွင် တလင်းပြင်၌ စုပုံထားသော ကောက် လှိုင်း စည်း တစ်ထောင်ကျော်ခန့် မီးရှို့ခံရမှုနှင့် ဒီဇင်ဘာ ၂၀ ရက်နေ့ကမြောက် ဦး မြို့နယ်၊ မုချာကျေးရွာတွင် နွား ၅ ကောင် ဓားဖြင့် အခုတ်ခံရမှု စသည့် ဖြစ်စဥ်များ ဖြစ်ပွားခဲ့သည်။
ဓာတ်ပုံ- ဇွန် ၂၈ ရက်နေ့ ရက္ခိုင့်တပ်တော် AA က တွေ့ဆုံမေးမြန်းနေသည်ကို တွေ့ရစဉ်။
ရန်ကုန်၊ ဇွန် ၂၉
မြန်မာစစ်ကောင်စီဟာ ရဲတံခွန်သဘာဝဓါတ်ငွေ့စီမံကိန်းကို တာဝန်ယူ ကြီးကြပ်လုပ်ကိုင်မယ့် ကုမ္ပဏီအဖြစ် Gulf Petroleum Myanmar (GPM) ကို ခန့်အပ်တာဝန်ပေးလိုက်တယ်လို့ သိရှိရကြောင်း Justice For Myanmar ကထုတ်ပြန် ပြောဆိုလိုက်ပါတယ်။
Petronas နဲ့ မိတ်ဖက်တွေရဲ့ ခုလိုတာဝန်မဲ့ ရုပ်သိမ်းထွက်ခွာတဲ့လုပ်ရပ်က အကြမ်းဖက် မြန်မာစစ်အုပ်စုအတွက်အခွန်ဝင်ငွေရင်းမြစ် ဆက်လက် ပေးအပ်နေရာရောက်ပြီး၊ မကြာခင် ကုန်ခမ်းတော့မယ့် ဒီဓါတ်ငွေ့တွင်းကို ပိတ်သိမ်းတဲ့အခါ ဖြစ်လာမယ့် သဘာဝပတ်ဝန်းကျင်ဆိုင်ရာ အန္တရာယ်တွေကိုလည်း မြင့်တက်စေမှာ ဖြစ်ပါတယ်လို့JFM က ဆိုပါတယ်။
PTTEP နဲ့ ENEOS တို့ ပေါင်းထားတဲ့ ကုမ္ပဏီခွဲတစ်ခုဖြစ်တဲ့ Nippon Oil Exploration (Myanmar) နဲ့ မိတ်ဖက်သဘောတူညီချက် တစ်ရပ်အရ Petronas ဟာ ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ လက်ရှိကြီးကြပ် လုပ်ကိုင်ရတဲ့ ကုမ္ပဏီဖြစ်တယ်လို့ သိရပါတယ်။
ရဲတံခွန်ဓါတ်ငွေ့စီမံကိန်းရဲ့ ရင်းနှီးမြှုပ်နှံသူတွေကို ဒီစီမံကိန်းကနေ တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်ပေးကြဖို့Friends of the Earth Japan, Justice For Myanmar နဲ့ Mekong Watch တို့က အကြိမ်ကြိမ် တောင်းဆိုတိုက်တွန်းခဲ့ပြီး ဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာ ထည့်သွင်းဖော်ပြထားပါတယ်။
တာဝန်ယူမှုအပြည့်နဲ့ နှုတ်ထွက်တယ်ဆိုတာမှာ အကြမ်းဖက် မြန်မာစစ်အုပ်စုဆီကို အခွန်ဝင်ငွေတွေ အနာဂတ်မှာမစီးဆင်းအောင် သေသေချာချာစီစဉ်ဖို့နဲ့ လက်ရှိ လူ့အခွင့်အရေးနဲ့ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ထိခိုက်မှုတွေကိုရှောင်ရှားနိုင်မယ့် နည်းလမ်းတွေနဲ့ ဓါတ်ငွေ့တွင်းကို ပိတ်သိမ်းဖို့ သင့်လျော်တဲ့ နည်းလမ်းအဆင့်ဆင့်နဲ့ လုပ်ဆောင်သွားဖို့ ဖြစ်ပါတယ်။
အကြမ်းဖက်စစ်အုပ်စု ထိန်းချုပ်ထားတဲ့ မြန်မာ့ရေနံနဲ့ သဘာဝဓါတ်ငွေ့လုပ်ငန်း (MOGE) အပေါ် ဒဏ်ခတ်ပိတ်ဆို့ကြဖို့ အရပ်ဘက်အဖွဲ့အစည်းတွေရဲ့ တစိုက်မတ်မတ် တောင်းဆိုမှုတွေကိုလည်း လျစ်လျူရှုခဲ့ကြပြီး ဒီနေ့အချိန်အထိ ဥရောပသမဂ္ဂ တဖွဲ့တည်းကသာ MOGE အပေါ် ဒဏ်ခတ်ပိတ်ဆို့ခဲ့တယ် လို့လည်း ဆိုပါတယ်။
Gulf Petroleum Myanmar (GPM) က ဘယ်သူလဲ?
=============
GPM ကုမ္ပဏီဆိုတာ ထိုင်းနိုင်ငံဝန်ကြီးချုပ်ဟောင်း သက်ဆင်ရှင်နဝါထရာရဲ့ စီးပွားရေးလုပ်ငန်း ဒါရိုက်တာအဖွဲ့မှာအုပ်ချုပ်မှုဒါရိုက်တာ တစ်ဦးဖြစ်ခဲ့ပြီး ဝန်ကြီးချုပ်ဟောင်း ချာဗလစ် ယောင်ချိုင်ယုရဲ့ အကြံပေးဖြစ်ခဲ့တဲ့ ထိုင်းသူဌေးကြီး ချတ်ချိုင်း ယမ်ဘန်ရွန်းက ကျောထောက်နောက်ခံ ပေးထားတဲ့ ပုဂ္ဂလိက ရေနံနဲ့ဓါတ်ငွေ့ကုမ္ပဏီတစ်ခုဖြစ်ပါတယ်။
အဆိုပါ ကုမ္ပဏီဟာ စင်ကာပူနိုင်ငံနဲ့ ဩစတြေးလျနိုင်ငံတို့မှာ စီးပွါးရေးလုပ်ငန်းတွေရှိတဲ့ Northern Gulf Petroleum group ရဲ့ အစိတ်အပိုင်းတစ်ရပ်လည်း ဖြစ်ပါတယ်။
ယမ်ဘန်ရွန်းရဲ့ အကြမ်းဖက် မြန်မာစစ်အုပ်စုနဲ့ စီးပွါးရေးဆက်နွယ်မှုဟာ ၁၉၉၅ ခုနှစ် အစောပိုင်းကာလMyanmar Yellow...