34 C
Yangon

မြောင်၊ ကျောက်ရစ်စခန်းမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

Must read

မြောင်၊ ကျောက်ရစ်စခန်းမှ ထွက်လာသည့် စစ်ကြောင်းကို မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၂၉

စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်၊ ကျောက်ရစ်အထိုင်စခန်းမှ စစ်ကြောင်းထိုးထွက်လာသော အကြမ်း ဖက်စစ်သားများကို ၂ ကြိမ်မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၂ ဦးသေဆုံးခဲ့ကြောင်း MBTT အထူး တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဧပြီလ ၂၇ ရက် နံနက် ၇ နာရီခန့်က ကျောက်ရစ်အထိုင်စခန်းမှ အင်အား ၅၀ ကျော်ဖြင့် ထွက်လာသော အကြမ်းဖက်စစ်သားများကို သနပ်ကုန်းကျေးရွာ တောင်ဘက် တံတားအရှေ့ဘက်၌ လည်းကောင်း၊ ဆူး လေကုန်းရွာရောက်ပြီး ကျောက်ရစ်စခန်းသို့ ပြန်လည် ဆုတ်ခွာလာစဉ် သရက်သာကျေးရွာ အနောက် ဘက် တာဝါတိုင်နား၌ လည်းကောင်း ပဒေသမိုင်းများဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ကြမ်းဖက်စစ်သား ၂ ဦး သေဆုံးပြီး ၄ ဦးဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“မနက် ၁၀ နာရီ မိနစ် ၅၀ လောက်က အသွားမှာတစ်ကြိမ် ပဒေသာမိုင်းနဲ့ ဆွဲခဲ့တာ၊ ပြီးတော့ အဲစစ် ကြောင်း ဆူးလေကုန်းကျေးရွာအထိ စစ်ကြောင်းထိုးသွားပြီး ပြန်လှည့်လာတယ်၊ အပြန်ကျတော့ တစ် ကြိပ်ထပ်ဆွဲခဲ့တယ်၊ အသွားတုန်းက ၄ ဦးဒဏ်ရာရတယ်၊ အပြန်မှာ ဆွဲတာ ၂ ဦးသေတယ်၊ အဲဒီ သေတဲ့ ၂ ဦးက ကျောက်ရစ်စခန်းနဲ့ နီးတော့ ဆိုင်ကယ်နဲ့ လာသယ်သွားတာ” ဟု မြောင်ဗိုလ်တောက်ထွန်း (MBTT) အထူးတပ်ဖွဲ့ခေါင်းဆောင် ဗိုလ်တောက်ထွန်းက ရန်ကုန် ခေတ်သစ်သတင်းဌာနထံသို့ ပြော ကြားသည်။

အဆိုပါမိုင်းခွဲတိုက်ခိုက်မှုကို မြောင်ဗိုလ်တောက်ထွန်း ( MBTT) အထူးတပ်ဖွဲ့၊ ဗိုလ်နေတိုး ပျောက်ကြား တပ်ဖွဲ့၊ နတ်စစ်သည်တော် တပ်ပေါင်းစုတပ်ဖွဲ့တို့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

အလားတူ ယင်းအကြမ်းဖက်စစ်ကြောင်းကို CDSOM အနောက်ပိုင်း 001 ၊ မြင်းခြံခရိုင်တပ်ရင်း၁ မှ BGF၊ အနောက်ပိုင်း ကျေးရွာတပ်ပေါင်းစု အဖွဲ့တို့ ပူပေါင်းတိုက်ခိုက်ခဲ့ရာ မြင်းခြံခရိုင်တပ်ရင်း ၂ နှင့် CDSOM အောင်မြေအဖွဲ့၊ ရေစကြိုနယ် ရေလယ်ကျွန်းအဖွဲ့တို့မှ စစ်ကူပေးတိုက်ခိုက်ခဲ့ကြောင်း၊ ယင်းတိုက်ခိုက်မှု တွင် အကြမ်းဖက်စစ်သား ၃ ဦးဒဏ်ရာရရှိပြီး ထမ်းသယ်သွားကြောင်း CDSOM အဖွဲ့ထံမှ သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article