33.5 C
Yangon
spot_img

CATEGORY

News

ပုလောမြို့နယ်တွင် စစ်ကောင်စီယာဉ်တန်း မိုင်းခွဲခံရပြီး စစ်ကား ၃ စီးပျက်စီး၊ ပုလဲ-ဂန့်ဂေါလမ်းပိုင်းတွင် စစ်ယာဉ်တန်းမိုင်းခွဲခံရပြီး စစ်ကား ၁ စီးထိမှန်ကာ စစ်သား ၅ ဦးထက်မနည်း ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၆ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်၊ မင်းထိန်ရွာအနီး၊ ကျောက်ပုဇွန်တောင်တွင် အကြမ်းဖက်စစ်ကောင်စီ၏ ရိက္ခာအပြည့်တင်ဆောင်လာသော စစ်ကား ၈ စီးပါ ယာဉ်တန်းကို ဒေသကာကွယ်ရေးအဖွဲ့တခုဖြစ်သည့် တောကြီးမြွေဟောက်အဖွဲ့က ယနေ့ ဇွန်လ ၆ ရက် နံနက် ၁၀ နာရီခွဲတွင် မိုင်းခွဲတိုက်ခိုက်ရာ စစ်ကား ၃...

ဘုတလင်၊ ချောင်း၀ကြီးရွာရှိ စစ်ကိုင်းဝန်ကြီးချုပ်ဟောင်း၊ ဗိုလ်ချုပ်ဟောင်း သာအေး၏ ညီမ ဒေါ်မြမြအိမ်ကို စစ်တပ်က မီးရှို့၊ ဗိုလ်ချုပ်သာအေးပုံ ချိတ်ထားသော်လည်း “သာအေး မကလို့ သာအေးအဖေအိမ်ဖြစ်ပါစေ။ အကုန်သာရှို့”ဟုဆိုကာ စစ်တပ်က မီးရှို့သွား

ရန်ကုန်၊ မေ ၁၈ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင် ဘုတလင်မြို့နယ်မှာ အရင်ဗိုလ်ချုပ်ဟောင်း သာအေးရွာဖြစ်တဲ့ ချောင်းဝကြီးကျေးရွာကို ဒီနေ့ ဇွန်လ ၆ ရက်နေ့ စစ်ကောင် စီတပ်တွေက ဒုတိယအကြိမ် ထပ်မံမီးရှို့ခံခဲ့ရပြီး သာအေးရဲ့ ညီမ ဒေါ်မြမြအိမ်ပါ မီး လောင်...

ကန့်ဘလူတွင် နှောကုန်းနှင့်ရှော်ဖြူကျေးရွာကို စစ်တပ်က မီးရှို့၍ အိမ်ခြေ ၅၀၀ ကျော် မီးလောင်ပျက်စီး၊ ရေဦးမြို့နယ်ရှိ ကံပေါက်ရွာကိုလည်း စစ်တပ်က မီးရှို့ဖျက်ဆီး

ရန်ကုန် ၊ ဇွန် ၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် နှောကုန်းကျေးရွာကို ယနေ့ ဇွန် ၆ ရက်နေ့ ၁၀ နာရီ ၄၅ မိနစ်ဝန်းကျင်အချိန်ခန့်တွင် အကြမ်းဖက်စစ်ကောင်စီတပ်များ ဝင်ရောက်ကာ မီးရှို့သွား၍ ရွာလုံးကျွတ်နီးပါး အိမ်ခြေ ၂၅၀ ဝန်းကျင်ခန့် မီးလောင်ပြာကျသွားပြီး အိမ်ခြေ...

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာကို စစ်တပ်က မီးရှို့နေ၊ ချောင်းဦးမြို့နယ် တပ္ပာယ်အင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်သွား

ရန်ကုန်၊ ဇွန် ၆ စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ "ကျနော်တို့ ကနီနယ်နဲ့ ဟိုဘက်ဒီဘက်ပဲ လှမ်း မြင်နေရတာ။ မီးခိုးလုံးတွေ တက်နေပြီ။ စစ်တပ်က ဝင်ပြီး မီးရှို့နေတာ" ဟု...

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် စစ်အာဏာရှင် ဆုံးဖြတ်မှု အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချ

ရန်ကုန်၊ ဇွန် ၆ မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် စစ်အာဏာရှင် ဆုံးဖြတ်မှု အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်၏ ပြောဆိုချက်ကို ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန် သတင်းဖော်ပြသည်။ "ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည်...

ဆားလင်းကြီးမြို့ရဲစခန်း၊ ကြံ့ဖွတ်ရုံး၊ လုံခြုံရေးဘန်ကာများ အပါအဝင် မြို့ပေါ် စစ်တပ်စွဲနေရာများကို လက်နက်ကြီး အချက် ၁၂၀ ကျော် PDF တပ်ပေါင်းစု ပစ်ခတ်တိုက်ခိုက် ၊ ဗိုလ်အဆင့်ရှိ စစ်သား ၂ ဦးအပါအဝင် ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၆ စစ်ကိုင်းတိုင်း၊ ဆားလင်းကြီး မြို့မရဲစခန်းနှင့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ တပ်စွဲထားသော နေရာများကို ဒေသကာကွယ်ရေးမဟာမိတ်တပ်ဖွဲ့များက ယမန်နေ့ ဇွန်လ ၅ ရက် ညတွင် တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ ဗိုလ်လေးအဆင့် ၂ ဦး အပါအဝင် ၅ ဦး ဒဏ်ရာရကြောင်း ဆားလင်းကြီး...

ဖရူဆို ခမရ ၄၂၈ တပ်ရင်းနှင့် ရဲစခန်းကို ကရင်နီပူးပေါင်းအဖွဲ့ တိုက်ခိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦးထက်မနည်း ထိခိုက်သေဆုံးနိုင်

ရန်ကုန်၊ ဇွန် ၅ ကရင်နီပြည်နယ်၊ ဖရူဆိုမြို့နယ်ရှိ အကြမ်းဖက်စစ်ကောင်စီ၏ ခမရ ၄၂၈ တပ်ရင်းနှင့် မြို့မရဲစခန်းကို ကရင်နီပူးပေါင်းအဖွဲ့က ယနေ့ ဇွန်လ ၅ ရက် နံနက်ပိုင်းတွင် သွားရောက်တိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင် ၁ ဦး ထက်မနည်း ထိခိုက်သေဆုံးမှု ရှိနိုင်ကြောင်း ကရင်နီအမျိုးသားများကာကွယ်ရေးတပ် KNDF...

မကွေးတိုင်း တောင်ရွာမကျေးရွာတွင် ဗိုလ်ကြီးအောင်ချစ်ပို၏ အစ်မ၊ စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူး သွယ်သွယ် အသတ်ခံရ ပြီး အလောင်းကို သဂြိုလ်မည့်သူမရှိ

ရန်ကုန်၊ ဇွန် ၅ မကွေးတိုင်း ဆိပ်ဖြူမြို့နယ် တောင်ရွာမကျေးရွာတွင် စစ်ကောင်စီခန့် အုပ်ချုပ်ရေးမှူးလည်းဖြစ်၊ ဗိုလ်ကြီးအောင်ချစ်ပို၏ အစ်မလည်းဖြစ်သူ အုပ်ချုပ်ရေးမှူး သွယ်သွယ်ကို ဇွန်လ ၂ ရက်နေ့ ညက PDF တပ်ဖွဲ့အချို့ ဝင်ရောက် ဖမ်းဆီးခေါ်ဆောင်သွားပြီး ဇွန်လ ၄ ရက်နေ့တွင် အလောင်းပြန်လည်တွေ့ရှိရကာ...

ဖောင်းပြင် ရွှေပုဂံ ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ကာကွယ်ရေး တပ်ဖွဲ့များ ဝင်ရောက်တိုက်ခိုက် ၃၀ ဦးထက်မနည်း သေဆုံး

ရန်ကုန်၊ ဇွန် ၅ စစ်ကိုင်းတိုင်း ဖောင်းပြင်မြို့နယ် ရွှေညောင်ပင်ရွာနှင့် ပုဂံတောင်ရွာကြားရှိ ရွှေပုဂံကျောင်းတိုက်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပျူစောထီးများကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဇွန်လ ၄ ရက်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်တွင် ဝင်ရောက် တိုက်ခိုက်ခဲ့ပြီး...

ယော YPDF စခန်း ဝင်စီးသည့် စစ်ကောင်စီတပ် မိုင်းမိပြီး စစ်သား ၈ ဦးသေ ဆုံး၊ ပေါက်မြို့နယ်တောင်ပိုင်းတွင် မိုင်းဆွဲတိုက်ခိုက်မှုကြောင့် ပျူစောထီး ၁ ဦးသေဆုံး

ရန်ကုန်၊ ဇွန် ၅ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်ရှိ ယောဒေသ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ YPDF စခန်းကို ဇွန်လ ၄ ရက်နေ့တွင် စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းခဲ့ရာတွင် မိုင်းမိပြီး စစ်သား ၈ ဦးသေဆုံးကြောင်း YPDF က သတင်းထုတ် ပြန်သည်။ ဇွန်လ ၄...

Latest news

- Advertisement -spot_img