29 C
Yangon

ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာကို စစ်တပ်က မီးရှို့နေ၊ ချောင်းဦးမြို့နယ် တပ္ပာယ်အင်းကျေးရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးပြီး ပြည်သူတစ်ဦးကို သတ်ဖြတ်သွား

Must read

ရန်ကုန်၊ ဇွန် ၆

စစ်ကိုင်းတိုင်း၊ ယင်းမာပင်မြို့နယ် ဘန့်ဘွေးရွာကို စစ်တပ်က ယနေ့ နံနက်ပိုင်းတွင် မီးရှို့ ဖျက်ဆီးနေကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

“ကျနော်တို့ ကနီနယ်နဲ့ ဟိုဘက်ဒီဘက်ပဲ လှမ်း မြင်နေရတာ။ မီးခိုးလုံးတွေ တက်နေပြီ။ စစ်တပ်က ဝင်ပြီး မီးရှို့နေတာ” ဟု ကနီဒေသခံတစ်ဦးက ပြောဆိုသည်။

ဇွန်လ ၅ ရက်နေ့ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်၊ တပ္ပာယ်အင်းကျေးရွာကိုလည်း စစ်တပ်က ဒုတိယအကြိမ် ဝင်ရောက်စီးနင်း မီးရှို့ခံရသွားပြီး အိမ်ခြေ ၆၀ နီးပါး မီးလောင်ပျက်စီးသွားကြောင်း၊ တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျေးရွာအတွင်းရှိ နေအိမ်များကို ဝင်ရောက် မီးရှို့ ဖျက်ဆီးခြင်းဖြစ်ကြောင်း၊ တပ္ပာယ်အင်းကျေးရွာသားတစ်ဦးလည်း သတ်ဖြတ်ခံလိုက်ရကြောင်း သိရှိရသည်။

“စစ်တပ်က ဝင်လာပြီး ရွာသားတစ်ဦးကို သတ်ဖြတ်တယ်။ လာပြီး မီးရှို့တာက ကံဆည်းကျေးရွာမှာရှိတဲ့ ပျူစောထီးတွေနဲ့ စစ်ခွေးတွေ လာပြီး မီးရှို့ကြတာ။ မေလ ၂၁ ရက်နေ့မှာ ပထမအကြိမ် ရွာကို မီးရှို့တယ်။။ အိမ်ခြေ ၉ လုံး မီးလောင်သွားတယ်။ အခုက ဒုတိယအကြိမ် ထပ်ရှို့တာ။ လူသတ်မီးရှို့ပစ္စည်းယူတဲ့ ပျူနဲ့ စစ်ခွေးတွေကို ကျနော်တို့ အသက်ရှင်သရွေ့ကမ္ဘာမကျေပါဘူး” ဟု တပ္ပာယ်အင်းကျေးရွာသားက ပြောဆိုသည်။

ဓာတ်ပုံ- စစ်တပ်က ယမန်နေ့ မီးရှို့ဖျက်ဆီးသွားသော ချောင်းဦးမြို့နယ်၊ တပ္ပာယ်အင်းကျေးရွာ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article