29 C
Yangon

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် စစ်အာဏာရှင် ဆုံးဖြတ်မှု အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချ

Must read

ရန်ကုန်၊ ဇွန် ၆

မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် စစ်အာဏာရှင် ဆုံးဖြတ်မှု အမေရိကန် ပြည်ထောင်စုက ပြင်းပြင်းထန်ထန်ရှုတ်ချကြောင်းအမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ်ပရိုက်စ်၏ ပြောဆိုချက်ကို ရန်ကုန်ရှိ အမေရိကန်သံရုံးက ထုတ်ပြန် သတင်းဖော်ပြသည်။

“ဒီမိုကရေစီလိုလားသည့် အတိုက်အခံခေါင်းဆောင်များကို ကွပ်မျက်ရန် မြန်မာစစ်အာဏာရှင်အဖွဲ့အစည်း၏ သတင်းထုတ်ပြန်ချက်သည် စစ်အာဏာရှင်အဖွဲ့အစည်းက လူ့အခွင့်အရေးနှင့် တရားဥပဒေစိုးမိုးရေးကို ဂရုမစိုက်ကြောင်း သာဓကပြလျက်ရှိပြီး အမေရိကန်ပြည်ထောင်စုက ပြင်းထန်စွာ ရှုတ်ချပါသည်။ မတရားဖမ်းဆီးထိန်းသိမ်းထားသူများအားလုံးကို ပြန်လွှတ်ပေးရန် မိမိတို့ တောင်းဆိုပါသည်” ဟု အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်က ပြောဆိုကြောင်း သိရှိရသည်။

မြန်မာအကြမ်းဖက် စစ်ကောင်စီက ကိုဂျင်မီ၊ ကိုဖြိုးဇေယျာသော် အပါအဝင် လူလေးဦးကို သေဒဏ်စီရင်ရန် အတည်ပြုထားပြီး အဆိုပါ အတည်ပြုချက်ကို ကုလသမဂ္ဂ၊ ပြင်သစ် အပါအဝင် နိုင်ငံတကာအသိုင်းအ၀ိုင်းက ကန့်ကွက်ရှုတ်ချကြောင်း ကြေညာချက်များ အသီးသီးထုတ်ပြန်လျက်ရှိသည်။

ဓာတ်ပုံ- အမေရိကန်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောခွင့်ရပုဂ္ဂိုလ် နက်ဒ် ပရိုက်စ်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article