27 C
Yangon
spot_img

CATEGORY

News

ဆောPDF အခြေခံစစ်ပညာ အမှတ်စဉ် ၈ သင်တန်း ဆင်းပွဲပြုလုပ်ပြီး သင်တန်းသား ၁၂၀ တက်ရောက် သင်ဆန်းဆင်း

ရန်ကုန်၊ မတ် ၂၆ မကွေးတိုင်း ဆောမြို့နယ် ဒေသကာကွယ်ရေးတပ် အခြေခံစစ်ပညာ အပတ်စဉ်(၈) သင်တန်းဆင်းပွဲကို ယနေ့ မတ်လ ၂၆ရက်နေ့ နံနက်ပိုင်းတွင် ပြုလုပ်သည်။အဆိုပါ သင်တန်းဆင်းပွဲမှာ သင်တန်းသား ၁၂၀ရှိပြီး တပ်ရင်း၁ တပ်ရင်းမှူးမှ အဖွင့်အမှာစကားပြောကြားပြီး ကျမ်းသစ္စာကြိမ်ဆိုခဲ့သည်။ထို့ပြင် အမျိုးသားညီညွတ်ရေး အစိုးရအဖွဲ့ ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က...

မင်းကင်း၊ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ကို ဒေသကာကွယ်ရေးတပ်ဖွဲ့များ ဝင်တိုက်၊ စစ်သား ၇ ဦးသေ ၅ ဦး ဒဏ်ရာရ

ရန်ကုန်၊ မတ် ၂၆ စစ်ကိုင်းတိုင်း၊ မင်းကင်းမြို့နယ်၊ တောင်တွင်းဒေသ ကျော်ရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ မတ်လ ၂၆ ရက် နံနက်တွင် တောင်တွင်း PDF နှင့် မဟာမိတ်တပ်ဖွဲ့များက ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၇ ဦး သေဆုံးကာ ၅ ဦး...

ရခိုင်တပ်တော် AA နှင့်တွေ့ဆုံရန် အမျိုးသားညီညွတ်ရေး NUG က စာပို့

ရန်ကုန်၊ မတ် ၂၆ မကြာခင်သေးခင်က ဖွဲ့စည်းလိုက်သည့် NUG ၏ မဟာမိတ်ဆက်ဆံရေးကော်မတီ က ရက္ခိုင့်တပ်တော် AA ကို အာဏာရှင်စနစ် အပြီးတိုင်ဖျက်သိမ်းရေးနှင့် ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ဖော်ဆောင်ရေးလုပ်ငန်းစဉ်များ ကြိုးပမ်းဆောင်ရွက်အတွက်အလွတ် သဘော တွေ့ခွင့်တောင်းဆိုလိုက်ကြောင်း သိရှိရသည်။

မင်းတပ် ခလရ (၂၇၄) မှ လက်နက်နှင့်အတူ အလင်းဝင်လာသော တပ်သားကို CDF-မင်းတပ်က ဆုငွေ သိန်း (၅၀) ချီးမြှင့်

ရန်ကုန်၊ မတ် ၂၆ ချင်းပြည်နယ်၊ မင်းတပ်မြို့အခြေစိုက် အကြမ်းဖက်စစ်ကောင်စီ၏ ခလရ (၂၇၄) တပ်ရင်းမှ လက်နက်နှင့်အတူ အလင်းဝင်လာသော စစ်သားကို CDF - မင်းတပ်က နွေးထွေးစွာကြိုဆိုပြီး ဆုကြေးငွေ သိန်း (၅၀) ကျပ် ချီးမြှင့်ခဲ့ကြောင်း သိရှိရသည်။ခလရ (၂၇၄) မှ တပ်သား...

ခင်ဦးမြို့နယ်တွင် စစ်ကား မိုင်းဆွဲခံရပြီး စစ်သား ၃ ဦး ပွဲချင်းပြီး သေဆုံး၊ ၂ ဦးဒဏ်ရာရ၊ စစ်ကူလာသော အဖွဲ့ ထပ်မံမိုင်းဆွဲခံရ

ရန်ကုန်၊ မတ် ၂၆ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်၊ ကံသစ်ကျေးရွာ တံတားအနီးတွင် အကြမ်းဖက်စစ်ကောင်စီကား ၁ စီး ယနေ့ မတ်လ ၂၆ ရက် မွန်းလွဲ ၂ နာရီခန့်တွင် မိုင်းဆွဲတိုက်ခိုက်ခံရပြီး ၃ ဦး နေရာတွင် ပွဲချင်းပြီးသေဆုံးကာ ၂ ဦး ဒဏ်ရာရသွားကြောင်း...

တောင်ကြီးတွင် ကရင်နီစစ်ဘေးရှောင်ကူညီသူ ပရဟိတလူငယ် ၆ ဦးကို စစ်တပ်က ဖမ်းဆီးနှိပ်စက်

ရန်ကုန်၊ မတ် ၂၆ ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ်တွင်ကရင်နီပြည် ဒီမောဆို အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင်များကို သွားရောက် လှူဒါန်းသည့် ပရဟိတလုပ်ဆောင်နေသည့် လူငယ်ခြောက်ဦးကို မတ်လ ၂၄ ရက်နေ့က အကြမ်းဖက် စစ်ကောင်စီက ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသူများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သို့ ပြောကြားသည်။ဖမ်းဆီး ခံရသူများမှာ အာယုပါလသွေးလှူရှင် အသင်း...

မုံရွာ-အရာတော်၊ ထီးချိုင့်နှင့် တနင်္သာရီတို့တွင် စစ်ကားများ မိုင်းဆွဲ တိုက်ခိုက်ခံရကာ စစ်သား ၁၉ ဦးထက်နည်းသေဆုံး

ရန်ကုန်၊ မတ် ၂၆ စစ်ကိုင်းတိုင်း မုံရွာ-အရာတော် လမ်းပိုင်းတွင် မတ်လ ၂၅ ရက်နေ့က နံနက် ၆နာရီ ၃ဝမိနစ်၊ နံနက် ၉နာရီနှင့် မွန်းလွဲ ၂နာရီ ၂ဝမိနစ်ခန့်တို့တွင် အကြမ်းဖက် စစ်ကောင်စီ စစ်ကားများ ပဒေသာမိုင်းများဖြင့် ဖောက်ခွဲ တိုက်ခိုက်ခံရပြီး စစ်သား ၈ဦးထက်မနည်း...

နတ်မောက်မြို့နယ် ဒန့်ဒလွန်ပင်ရွာအနီး ငါးပြေမပျောက်ကြားတပ်ဖွဲ့၏ ယာယီစခန်းငယ် ဝင်အစီးခံရပြီး တပ်ဖွဲ့ဝင် ၂ ဦးဖမ်းဆီးခံရ၊ သနပ်ပင်တွင် ပြည်သူ ၆ ဦးကို စစ်တပ်က မတရားဖမ်းဆီးနှိပ်စက်

ရန်ကုန် ၊ မတ် ၂၆ မကွေးတိုင်း၊ နတ်မောက်မြို့နယ်တွင် ယနေ့ မတ် ၂၆ ရက်နေ့ နံနက် ၆ နာရီအချိန်တွင် အကြမ်းဖက် စစ်ကောင်စီမှ ဒန့်ဒလွန်ပင်ရွာအနီးရှိ ငါးပြေမပျောက်ကြားတပ်ဖွဲ့ ၏ ယာယီစခန်းငယ်ကို ဝင်ရောက်စီးနင်းခဲ့ပြီး တပ်ဖွဲ့ဝင် နှစ်ဦး အဖမ်းခံလိုက်ရကြောင်း ငါးပြေမပျောက်ကြားတပ်ဖွဲ့မှ...

ရန်ကုန်၊ သန်လျင်ရှိ ရေနံချက်စက်ရုံမှ CDM ဝန်ထမ်း အိမ်ထောင်စု ၁၂၀ ကျော် လူဦးရေ ၅၀၀ ကျော်ကို ဝန်ထမ်းအိမ်ရာမှ အကြမ်းဖက်စစ်ကောင်စီ မောင်းထုတ်

ရန်ကုန်၊ မတ် ၂၆ ရန်ကုန်တိုင်း သန်လျင်မြို့နယ်ရှိ မြန်မာ့ရေနံဓာတုဗေဒလုပ်ငန်း၏ အမှတ် ၁ ၊ ရေနံချက်စက်ရုံ (သန်လျင်)မှ CDM ပြုလုပ်ထားသည့် ဝန်ထမ်း အိမ်ထောင်စုပေါင်း ၁၂၀ ကျော်ကို ဝန်ထမ်းအိမ်ရာမှ ဧပြီလ ၈ ရက်နေ့ နောက်ဆုံးထား ဖယ်ရှားပေးရန် အကြမ်းဖက်...

ဟိုပင်တွင် စစ်ကောင်စီတပ်မှ ၃၀ ဦးထက်မနည်းသေဆုံး၊ ရွှေဘိုတွင် PDF ပူးပေါင်းတိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၆ ကချင်ပြည်နယ်၊ ဟိုပင်မြို့နယ် မတ်လ ၁၉ ရက်နေ့ နံနက်ပိုင်း စစ်ကောင်စီ ၃၀၀ ဝန်းကျင် ဟိုပင်မြို့ဘက်သို့ ထိုးစစ်ဆင်လာသဖြင့် ဟိုပင် KPDF အပါအဝင် ပူးပေါင်းတပ်များနှင့် ထိတွေ့တိုက်ဖြစ်ပွားခဲ့ပြီး စစ်ကောင်စီဘက်မှ ၃၀ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ဟိုပင် PDF က...

Latest news

- Advertisement -spot_img