34 C
Yangon
spot_img

CATEGORY

News

ရေးမြို့နယ် အခြေစိုက် ခလရ ၃၄၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဧပြီ ၄ မွန်ပြည်နယ်၊ ရေးမြို့နယ် အခြေစိုက် ခလရ ၃၄၃ တပ်ရင်းမှ စစ်မှုထမ်း တပ်သားသစ် ၂ ဦး သေနတ် ၂ လက် ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း ရေးပြောက်ကျားတပ် YGF အမှတ် ( ၈၀၀၁) တပ်ရင်း တပ်ရင်းမှူး...

အမေရိကန်ဒေါ်လာ အကြီးအကျယ် လိုအပ်နေသည့် စစ်တပ်က ပို့ကုန်ရငွေဒေါ်လာများ ပေးသွင်းခြင်းမရှိသော ကုမ္ပဏီ ၂၈၇ ခုနှင့် ပိုင်ရှင် စီးပွားရေးလုပ်ငန်းရှင်များကို အမည်ပျက်စာရင်း ကြေညာလိုက်ပြီး ပြည်ပထွက်ခွာခွင့် ပိတ်ပင်ခြင်းနှင့် ဖမ်း၀ရမ်းထုတ်ခြင်းများ လုပ်ရန်ရှိနေ

ရန်ကုန်၊ ဧပြီ ၄ နိုင်ငံခြားသုံးငွေ အကြီးအကျယ် လိုအပ်ချက်ရှိနေသည့် အကြမ်းဖက်စစ်ကောင်စီက ပို့ကုန်ရငွေများကို သတ်မှတ်ကာလအတွင်း ပြန်လည်ပေးသွင်းရန် ပျက်ကွက်ခဲ့သော ကုမ္ပဏီပေါင်း ၂၈၇ ခုနှင့် ၎င်းတို့၏ ဒါရိုက်တာအဖွဲ့ဝင် စီးပွားရေးလုပ်ငန်းရှင်များကို အမည်မည်းစာရင်း (Blacklist) ထည့်သွင်းကြောင်း မြန်မာနိုင်ငံတော်ဗဟိုဘဏ်မှတစ်ဆင့် ယနေ့ ထုတ်ပြန်ကြေညာလိုက်သည်။ စစ်ကောင်စီ၏ ထုတ်ပြန်ချက်အရ နိုင်ငံအတွင်းသို့...

မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ဖလန်းကိုင်း ရေနံမြေကို တစ်ပတ်အတွင်း ကြီးကြပ်ရေးအဖွဲ့က စီမံခန့်ခွဲမည်

ရန်ကုန်၊ ဧပြီ ၄ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့်ပေါက်မြို့နယ်အစပ်ရှိ ဖလန်းကိုင်း ရေနံမြေကို တစ်ပတ်အတွင်း ကြီးကြပ်ရေးအဖွဲ့ ဖွဲ့ကာ စီမံခန့်ခွဲသွားမည်ဖြစ်ကြောင်း NUG အစိုးရ ထုတ်ပြန်ချက်နှင့် တော်လှန် ရေးသတင်းရင်းမြစ် ပြောဆိုချက်အရ သိရသည်။ ယမန်နေ့ ဧပြီလ ၃ ရက်နေ့တွင် မြိုင်မြို့နယ်နှင့် ပေါက်မြို့နယ်တို့အတွင်းရှိ ရေနံတွင်းများနှင့် ပတ်သက်၍...

ပေါက်နှင့် မြိုင်မြို့နယ် အစပ်ကို စစ်တပ်က လေယာဉ်ဖြင့် ၁၁ ကြိမ် ဗုံးကျဲတိုက်ခိုက်၊ တနင်္သာရီတွင်လည်း စစ်တပ်က ကျေးရွာများကို အသေခံဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ပြီး မြေပြင်မှ စစ်ကြောင်းထိုးနေ

ရန်ကုန်၊ ဧပြီ ၄ မကွေးတိုင်း၊ ပေါက်မြို့နယ်နှင့် မြိုင်မြို့နယ် အစပ်ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၁၁ ကြိမ် ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ပြောဆိုသည်။ ယနေ့ ဧပြီလ ၄ ရက်နေ့ မွန်းလွဲ ၂ နာရီ ၁၅ မိနစ်ခန့်မှစပြီး ၅၃...

တစ်နိုင်ငံလုံးရှိ ဆီဆိုင် ၃၀၀၀ နီးပါးတွင် CCTV များ တပ်ဆင်ခိုင်းနေပြီး CCTV မတပ်လျှင် ဆီခွဲတမ်းမပေးဟု စစ်တပ်က ခြိမ်းခြောက်

ရန်ကုန်၊ ဧပြီ ၄ မြန်မာနိုင်ငံတစ်ဝန်းရှိ စက်သုံးဆီအရောင်းဆိုင်ပေါင်း ၃၀၀၀ နီးပါးကို စစ်ကောင်စီက CCTV ကင်မရာများ မဖြစ်မနေ တပ်ဆင်ခိုင်းနေပြီး၊ တပ်ဆင်ရန် ပျက်ကွက်ပါက စက်သုံးဆီခွဲတမ်း ပိတ်သိမ်းမည်ဟု ခြိမ်းခြောက်ဖိအားပေးမှုများ ပြုလုပ်နေကြောင်း စက်သုံးဆီလုပ်ငန်းရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်တပ်က နိုင်ငံအတွင်း ဖြစ်ပေါ်နေသည့် စက်သုံးဆီ ပြတ်လပ်မှုနှင့်...

တနိုင်းမြို့တွင် စစ်တပ်နှင့်ရဲများက ဇာတ်ပွဲအကြောင်းပြ၍ လောင်းကစားဝိုင်းများကို ဆက်ကြေးယူ ခွင့်ပြုပြီး တရားဝင် လောင်းကစားဝိုင်းကြီးများ ပေါ်လာ

ရန်ကုန်၊ ဧပြီ ၄ ကချင်ပြည်နယ်၊ တနိုင်းမြို့ပေါ်ရှိ အများပြည်သူအသုံးပြုရာ ရပ်ကွက်ဘောလုံးကွင်းအတွင်း၌ စစ်ကောင်စီတပ်နှင့် ရဲတပ်ဖွဲ့ဝင်များက ဆက်ကြေးယူကာ လောင်းကစားဝိုင်းများကို တရားဝင် ခွင့်ပြုပေးထားသဖြင့် ဒေသခံများ နယ်မြေလုံခြုံရေးအတွက် စိုးရိမ်ထိတ်လန့်နေကြရကြောင်း ဒေသပြည်သူများက ပြောဆိုကြသည်။ တနိုင်းမြို့၊ ကင်ဆားရာရပ်ကွက်ရှိ ဘောလုံးကွင်းအတွင်း၌ "မင်းခတ်" ဇာတ်သဘင်အဖွဲ့က လာရောက်ကပြဖျော်ဖြေလျက်ရှိရာ အဆိုပါဖျော်ဖြေပွဲနှင့်အတူ လောင်းကစားဝိုင်းမျိုးစုံကိုပါ...

ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်မှု ပြည်သူ ၂ ဦးသေဆုံး

ရန်ကုန်၊ ဧပြီ ၄ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ပြည်သူ ၂ ဦးသေဆုံးခဲ့ကြောင်း ညောင်ဦးခရိုင် ပကဖ မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ ဧပြီလ ၄ ရက်နေ့တွင် ညောင်ဦးမြို့နယ်၊ ချောင်းရှည်ရွာကို...

မင်းအောင်လှိုင် သမ္မတ ဖြစ်လာသော်လည်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရေး ဆက်လက်တွန်းအားပေးမည်ဟု ကြေညာ

ရန်ကုန်၊ ဧပြီ ၄ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က သမ္မတ ဖြစ်လာသော်လည်း အာဆီယံဥက္ကဋ္ဌ ဖိလစ်ပိုင်က မြန်မာ့အရေး ဖြေရှင်းရေး အာဆီယံဘုံသဘောတူညီချက် ၅ ရပ်အကောင်အထည်ဖော်ရေး တွန်းအားပေးမည်ဟု တရားဝင် ကြေညာသည်။ မြန်မာစစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတဖြစ်လာသော်လည်း ဖိလစ်ပိုင်နိုင်ငံအနေဖြင့် မြန်မာ နိုင်ငံရှိ သက်ဆိုင်ရာ အာဏာပိုင်များ၊...

မြောင်မြို့နယ် နဘက်ကျေးရွာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိပြီး နေအိမ်ပျက်စီး

ရန်ကုန်၊ ဧပြီ ၄ စစ်ကိုင်းတိုင်း၊ မြောင်မြို့နယ်ရှိ နဘက်ကျေးရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် ဒေသခံပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရရှိကာ နေအိမ်တစ်လုံး ပျက်စီးသွားကြောင်း ဒေသပြည်သူများ၏ ပြောပြချက်အရ သိရှိရသည်။ ယမန်နေ့ ဧပြီလ ၃ ရက်နေ့ ညနေ ၅ နာရီ...

မြဝတီနှင့် ဝက်လက်မြို့နယ်ရှိ ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုန်းကြီးကျောင်း မီးလောင်ပြာကျ

ရန်ကုန်၊ ဧပြီ ၄ ကရင်ပြည်နယ်၊ မြဝတီမြို့နယ်၊ ဝေါလေဗျူဟာကုန်းအနီးရှိ ဝေါလေဘုန်းကြီးကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၃ ရက်နေ့ ညနေ ၆ နာရီခန့်တွင် အကြမ်းဖက် စစ်တပ်က ဝေါလေဘုန်းကြီးကျောင်းကို လေယာဉ်ဖြင့်...

Latest news

- Advertisement -spot_img