31 C
Yangon
spot_img

CATEGORY

News

ဟားခါးမြို့ပေါ်တွင် စစ်တပ်က လူငယ် ၃ ဦးကို ဖမ်းဆီး ရိုက်နှက်သတ်ဖြတ်ပြီး ရုပ်အလောင်းများဘေးတွင် သေနတ်ချ၍ ဓာတ်ပုံရိုက်ယူကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု လိမ်လည်ဝါဒဖြန့်

ရန်ကုန်၊ မတ် ၂၉ ချင်းပြည်နယ်၊ ဟားခါးမြို့ပေါ်တွင် အကြမ်းဖက် စစ်တပ်က လူငယ် ၃ ဦးကို ဖမ်းဆီး ရိုက်နှက် သတ်ဖြတ်ပြီး ရုပ်အလောင်းများဘေးတွင် သေနတ်ချ၍ ဓာတ်ပုံရိုက်ယူကာ တော်လှန်ရေးတပ်ဖွဲ့ဝင်များဟု လိမ်လည်ဝါဒဖြန့်ခဲ့ကြောင်း Chinland Defense Force – Hakha မှ တာဝန်ရှိသူက...

မနက်ဖြန် အကြမ်းဖက် ဒုတိယသမ္မတများနှင့် သမ္မတ ရွေးချယ်ရေး အစုအဖွဲ့အစည်း အဝေးများ စတင်မည်ဖြစ်ပြီး အကြမ်းဖက် မင်းအောင်လှိုင်က သမ္မတ၊ ညိုစောနှင့်ဒွဲဘူက ဒုသမ္မတများဖြစ်ဖွယ်ရှိဟု ခန့်မှန်းထား

ရန်ကုန်၊ မတ် ၂၉ အကြမ်းဖက်စစ်တပ်က စနစ်တကျ စီစဉ်အကွက်ချထားသော သမ္မတနှင့် ဒုတိယသမ္မတများ ရွေးချယ်တင်မြှောက်ရန်အတွက် လွှတ်တော်ကိုယ်စားလှယ် အစုအဖွဲ့အသီးသီးမှ ဒုတိယသမ္မတများ အဆိုပြုရမည့် အစည်းအဝေးကို မနက်ဖြန် မတ်လ ၃၀ ရက်နေ့တွင် ကျင်းပပြုလုပ်သွားမည်ဖြစ်သည်။ လတ်တလော ကျယ်ကျယ်ပြန့်ပြန့်ထွက်ပေါ်နေသော သတင်းများအရ စစ်တပ်ကိုယ် စားလှယ်အစုအဖွဲ့က အငြိမ်းစား စစ်ဦးစီးချုပ်...

မြန်မာနိုင်ငံရှိ ကျားဖြန့်ဝင်းတွင် လူကုန်ကူးခံရပြီး ပိတ်လှောင်ခံထားရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို ထိတ်လန့်ဖွယ်ရုပ်ရှင်ကဲ့သို့သော အခြေအနေများအကြားမှ ကယ်တင်နိုင်ခဲ့

ရန်ကုန်၊ မတ် ၂၉ မြန်မာနိုင်ငံတွင် ပိတ်လှောင်ခံရပြီး တရားမဝင်အလုပ်များကို အဓမ္မစေခိုင်းခံခဲ့ရသည့် ဟောင်ကောင်နိုင်ငံသားတစ်ဦးကို မတ်လ ၂၈ ရက်နေ့တွင် ဘေးကင်းစွာ ကယ်တင်နိုင်ခဲ့ကြောင်း ဟောင်ကောင်လုံခြုံရေးဗျူရို (Security Bureau) က ယမန်နေ့ စနေနေ့တွင် ထုတ်ပြန်ကြေညာခဲ့သည်။ အဆိုပါ ဟောင်ကောင်နိုင်ငံသားသည် မြန်မာနိုင်ငံအတွင်း ဖမ်းဆီးပိတ်လှောင်ခံထားရစဉ် အကူအညီတောင်းခံခဲ့ခြင်းဖြစ်ပြီး၊ ဟောင်ကောင်အထူးအဖွဲ့၊...

အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်/ကျဉ်းအပါအဝင် အကျဉ်းသား ၂ ဦးကို အင်းစိန်မြို့နယ်ရဲမှူး သိန်းဝင်း ကိုယ်ထိလက်ရောက် ရိုက်နှက်

ရန်ကုန်၊ မတ် ၂၉ ရန်ကုန်မြို့၊ အင်းစိန်ဆေးရုံတွင် ဆေးကုသနေသည့် နိုင်/ကျဉ်းအပါအဝင် အကျဉ်းသား ၂ ဦးကို အင်းစိန်မြို့နယ်ရဲတပ်ဖွဲ့မှူး ဖြစ်သူ ရဲမှူး သိန်းဝင်း ကိုယ်ထိလက်ရောက် ရိုက်နှက်ခဲ့ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်တစ်ခုထံမှ သိရှိရသည်။ ရန်ကုန်မြို့၊ အင်းစိန်အကျဉ်းထောင်ဆေးရုံရှိ အကျဉ်းသားဆေးကုသဆောင် (Guard Ward) တွင် ဆေးကုသမှုခံယူနေသည့် နာတာရှည်ဝေဒနာရှင်...

မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၈ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျ

ရန်ကုန်၊ မတ် ၂၉ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တွင် စစ်ကြောင်းထိုးနေသော အကြမ်းဖက် စစ်တပ်က ပြည်သူ ၆ ဦးကို သတ်ဖြတ်ပြီး ကျေးရွာ ၁၀ ခုကို ဆက်တိုက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလကုန်ပိုင်းမှ စတင်၍ မြင်းခြံမြို့နယ်အတွင်း...

နောင်ချိုမြို့နယ်၊ ခလရ ၁၄၇ တွင် တပ်ကြပ်ကြီး ကျော်စိုးက စစ်မှုထမ်းတပ်သား မောင်ကိုကိုထက်ကို လူမဆန်စွာ ရိုက်နှက်ညှဉ်းပန်း

ရန်ကုန်၊ မတ် ၂၉ ရှမ်းပြည်နယ်မြောက်ပိုင်း၊ အရှေ့မြောက်တိုင်းစစ်ဌာနချုပ် လက်အောက်ခံ နောင်ချိုမြို့နယ်အခြေစိုက် ခလရ ၁၄၇ တပ်ရင်းမှ တပ်ကြပ်ကြီး ကျော်စိုးက စစ်မှုထမ်းတပ်သားမောင်ကိုကိုထက်ကို ရွာသားများရှေ့မှောက်တွင် လူမဆန်စွာ ရိုက်နှက်နှိပ်စက်ညှဉ်းပန်းနေကြောင်း တပ်ရင်းသတင်းရင်းမြစ်တချို့ထံမှ သိရှိရသည်။ ယနေ့ မတ်လ ၂၉ ရက်နေ့ နံနက်ပိုင်း နောင်ချိုမြို့နယ်၊ သုံးဆယ်ရွာအနီးရှိ ကြူအင်းကျေးရွာတွင်...

မြိုင်မြို့နယ်တွင် စစ်ကောင်စီက လေကြောင်းမှ ဗုံးကျဲတိုက်ခိုက်ပြီး မြင်းခြံရှိ နဘူးအိုင်ရွာကိုလည်း ဒရုန်းဖြင့်တိုက်ခိုက်ကာ စစ်တပ်က မီးတင်ရှို့ဖျက်ဆီး

ရန်ကုန်၊ မတ်လ ၂၉ မကွေးတိုင်း၊ မြိုင်မြို့နယ်နှင့် မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနှင့် မီးရှို့ဖျက်ဆီးမှုများကို ဆက်တိုက်ပြုလုပ်ခဲ့ရာ ပြည်သူများ သေ ဆုံးကာ နေအိမ်များနှင့် ဘာသာရေးအဆောက်အအုံများစွာ ပျက်စီးဆုံးရှုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ မတ်လ ၂၉ ရက်နေ့၊ မွန်းလွဲ ၁၂...

သာယာဝတီထောင်တွင် စစ်ကိုင်းငလျင်ကြီး ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် နိုင်ငံရေးအကျဉ်းသားများက ဘာသာပေါင်းစုံ ဆုတောင်းပွဲ ပြုလုပ်

ရန်ကုန်၊ မတ် ၂၉ ပဲခူးတိုင်း၊ သာယာဝတီအကျဉ်းထောင်အတွင်းရှိ နိုင်ငံရေးအကျဉ်းသားများက ၂၀၂၅ ခုနှစ်၊ မတ်လ ၂၈ ရက်နေ့တွင် လှုပ်ခတ်ခဲ့သော စစ်ကိုင်းငလျင်ကြီး ၁ နှစ်ပြည့်အထိမ်းအမှတ်အဖြစ် ဘာသာပေါင်းစုံ ဆုတောင်းပွဲကို ပြုလုပ်ခဲ့ကြောင်း အကျဉ်းထောင်သတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မြန်မာနိုင်ငံတွင် အင်အားရစ်ခ်တာစကေး ၇ ဒသမ ၇...

တောင်သာတွင် ရိက္ခာယာဉ်တန်းအတွက် ကင်းထွက်လာသည့် စစ်ကားများကို မိုင်းဆွဲတိုက်ခိုက်မှု စစ်တပ်ဘက်မှ ထိခိုက်သေဆုံးမှုများပြား

ရန်ကုန်၊ မတ် ၂၉ မန္တလေးတိုင်း၊ တောင်သာမြို့နယ်ရှိ မြင်းခြံ-ညောင်ဦး လမ်းပိုင်းတွင် ရိက္ခာယာဉ်တန်းကို ကင်းယူပေးရန် ထွက်လာသော စစ်ကောင်စီတပ်ဖွဲ့ဝင်များ လိုက်ပါလာသည့် ကားများကို မိုင်းဆွဲတိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁၂ ဦး သေဆုံးခဲ့ကြောင်း Brethren Guerrilla Force အဖွဲ့ထံမှ သိရသည်။ မတ်လ ၂၇ ရက်နေ့...

ကလေး – ကဘော် – ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်မှုထမ်းကြရန် CDF-KKG တိုက်တွန်းထုတ်ပြန်

မတ်လ ၂၉ ရက် စစ်အာဏာရှင်စနစ် အမြစ်ပြုတ်ချေမှုန်းနိုင်ရေးအတွက် ကလေး၊ ကဘော်၊ ဂန့်ဂေါဒေသအတွင်းရှိ အရွယ်ရောက်ပြီးသူ ပြည်သူအားလုံး စစ်မှုထမ်းတာဝန်များတွင် ပူးပေါင်းပါဝင်ကြရန် Chinland Defense Force – Kalay Kabaw Gangaw (CDF-KKG) က ယနေ့ မတ်လ ၂၉ ရက်နေ့တွင်...

Latest news

- Advertisement -spot_img