25.8 C
Yangon
spot_img

CATEGORY

News

ပုလောမြို့နယ်တွင် တပ်ကြပ်ကြီး အကူစာရေး နှင့် ဒုတပ်ကြပ် အပါအဝင် စစ်မှုထမ်း တပ်သား ၆ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ ဇွန် ၂၁ တနင်္သာရီတိုင်း၊ ပုလောမြို့နယ်တွင် တပ်ကြပ်ကြီး အကူစာရေးနှင့် ဒုတပ်ကြပ်အပါအဝင် စစ်မှုထမ်း တပ်သား သစ် ၆ ဦး သေနတ် ၂ လက်ယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့ကြောင်း မြိတ်ခရိုင်အမှတ် ၁ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ...

မင်းလှနှင့် ချောက်မြို့နယ်တို့တွင် စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီး လုယက်၊ PDF ရဲဘော် ၅ ဦးထက်မနည်းကိုလည်း စစ်တပ်က အရှင်ဖမ်းဆီးသတ်ဖြတ်

ရန်ကုန်၊ ဇွန် ၂၁ ပဲခူးတိုင်း၊ မင်းလှမြို့နယ်နှင့် မကွေးတိုင်း၊ ချောက်မြို့နယ်တို့တွင် အကြမ်းဖက်စစ်တပ်က စစ်ကြောင်းထိုးပြီး ကျေးရွာများကို မီးရှို့ဖျက်ဆီးကာ ပြည်သူပိုင် ပစ္စည်းများကို လုယက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ နံနက် ၄ နာရီအချိန် မင်းလှမြို့နယ်၊ ထောက်ကြန့်ကျေးရွာအုပ်စု၊...

ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရ၊ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိ

ရန်ကုန်၊ ဇွန် ၂၁ ကရင်ပြည်နယ်၊ ကော့ကရိတ် -ကျုံဒိုးလမ်း တိုက်ပွဲတွင် စစ်သား ၃၀ ဦးထက်မနည်းသေဆုံးပြီး စစ်တပ်ဘက်မှ တပ်ရင်းမှူးနှင့် ဒုတပ်ရင်းမှူး တို့ အပြင်းအထန် ဒဏ်ရာရကာ လက်နက်ခဲယမ်းအများအပြား သိမ်းဆည်းရရှိကြောင်း Mon Liberation Army ၏ သတင်းထုတ်ပြန်ချက်နှင့် တော်လှန်ရေးသတင်းရင်းမြစ်၏ ပြောဆိုချက်များအရ...

လက်ပံတန်းမြို့နယ်၊ ရေငံရွာတွင် တပ်စွဲထားသော စစ်တပ် အထိုင်စခန်းကို တိုက်ခိုက်မှု စစ်သား ၅ ဦးသေဆုံးဟုဆို

ရန်ကုန်၊ ဇွန် ၂၁ ပဲခူးတိုင်း၊ လက်ပံတန်းမြို့နယ်၊ ရေငံရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၅ ဦးသေဆုံးခဲ့ကြောင်း သာယာဝတီခရိုင် တပ်ရင်း ၃၈၀၂ တပ်ခွဲ ၂ မှ တာဝန် ရှိသူ တစ်ဦးက...

နောင်ချိုမြိုနယ်၊ ကျေးရွာ ၇ ခုတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေပြီး အဆိပ်ငွေ့ဗုံးများကို စစ်တပ်က အသုံးပြုတိုက်ခိုက်ပြန်

ရန်ကုန်၊ ဇွန် ၂၁ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နောင်ချိုမြိုနယ်၊ ကျေးရွာ ၇ ခုတွင် စစ်ကောင်စီတပ်နှင့် TNLA တို့အကြား တိုက်ပွဲများ ဆက်လက်ဖြစ်ပွားနေကြောင်း TNLA က ယနေ့ သတင်းထုတ်ပြန်သည်။ TNLA က သိမ်းပိုက်ထားသော နောင်ချိုမြိုနယ်၊ လက်ပန်ကုန်း၊ သရက်ကုန်း၊ ဉာဏ်တော၊ ရွေသွန်း၊ လုံဝယ်၊...

ငဖဲမြို့နယ်ရှိ စစ်တပ်စခန်း ၁ ခုကို တိုက်ခိုက်မှု စစ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်မိ၊ နတ်ရေကန်စစ်ဗျူဟာကုန်းမှ ထွက်ပြေးလာသော စစ်ကောင်စီတပ်သား ၁၄ ဦးကိုလည်း ဖမ်းဆီးရရှိ

ရန်ကုန်၊ ဇွန် ၂၁ မကွေးတိုင်း၊ ငဖဲမြို့နယ်၊ နတ်ရေကန်လမ်းဟောင်း ခွန်ဇူရွာလမ်းခွဲတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ် ကာကင်းစခန်းကို တိုက်ခိုက်ရာ စစ်ကောင်စီ တပ်သား ၁ ဦးသေဆုံးပြီး ၁ ဦးအရှင်မိကာ လက်နက် ၅ လက် သိမ်းဆည်းရရှိခဲ့ကြောင်း CDF - Asho...

ပင်လည်ဘူး၊ အင်ဂါးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး အသက် ၄ နှစ်အရွယ် အပါအဝင် ကလေးငယ် ၁၀ ဦးထိခိုက်ဒဏ်ရာရ

ရန်ကုန်၊ ဇွန် ၂၁ စစ်ကိုင်းတိုင်း၊ ပင်လည်ဘူးမြို့နယ်၊ အင်ဂါးကျေးရွာ စာသင်ကျောင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချခဲ့ရာ ကျောင်းဆရာမ ၁ ဦးသေဆုံးပြီး ကလေးငယ် ၁၀ ဦးထိခိုက်ဒဏ်ရာရကြောင်း ဒေသပြည်သူများနှင့်ပင်လည်ဘူးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ညနေ...

ဆောမြို့အတွင်းသို့ စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲမှု လူနေအိမ်နှင့်စက်သုံးဆီ ဆီပေပါ အလုံး ၈၀ ခန့် မီးလောင်ပျက်စီး

ရန်ကုန်၊ ဇွန် ၂၁ မကွေးတိုင်း၊ ဆောမြို့တွင်း၊ ပြင်ချောက်နားနေရာကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ ရာ လူနေအိမ် ၁ လုံးနှင့် စက်သုံးဆီပေပါအလုံး ၈၀ ခန့် မီးလောင်ပြာကျခဲ့ကြောင်း ယောအလင်းတန်းမှ ကို အောင်ကြီးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယနေ့ ဇွန်လ ၂၁ ရက်နေ့...

အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးက တူအရင်းကို စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းစဉ် စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ သေဆုံးခဲ့ပြီး စစ်တပ်က အလောင်းပြန်လာပို့

ရန်ကုန်၊ ဇွန် ၂၁ ဧရာ၀တီတိုင်း၊ အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးက တူအရင်းဖြစ်သူကို စစ်မှုထမ်းတပ်သားအဖြစ် ထည့်သွင်းစဉ် စစ်သားများက ဝိုင်းဝန်းထိုးကြိတ်ရိုက်နှက်၍ သေဆုံးသွားခဲ့ပြီး စစ်တပ်က အလောင်းပြန်လာပို့သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ အင်္ဂပူမြို့နယ်၊ စည်ပင်ကျေးရွာအုပ် အုပ်ချုပ်ရေးမှူး ဦးစိုးက ၎င်း၏ ညီအရင်းဖြစ်သူ ဦး...

ကြံ့ခင်းမြို့နယ်တွင် ဗိုလ်မှူး သောင်းထွဋ်လွင်က ကံရွာမှ ဒေါ်ခင်မြ မိသားစုကို ဖမ်းဆီးပြီး ၁ ဦးလျှင် ငွေကျပ်သိန်း ၃၀ ခြိမ်းခြောက်တောင်း၊ စစ်တပ်က လူဖမ်း၍ ခြိမ်းခြောက်ငွေတောင်းမှုများ အကြီး အကျယ်လုပ်နေ

ရန်ကုန်၊ ဇွန် ၂၁ ဧရာ၀တီတိုင်း၊ ကြံ့ခင်းမြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင် ဗိုလ်မှူး သောင်းထွဋ်လွင်က ပြည်သူများကို ရိုက်နှက် ဖမ်းဆီး ငွေညှစ်မှုများ ဆက်တိုက် လုပ်ဆောင်နေကြောင်း ဖမ်းဆီးငွေညှစ်ခံရသော ပြည်သူများ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇွန်လ ၁၈ ရက်နေ့ နံနက် ၁ နာရီအချိန် ကြံခင်းမြို့နယ်၊...

Latest news

- Advertisement -spot_img