24.9 C
Yangon
spot_img

CATEGORY

News

ယင်းမာပင်မြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက်ဆန္ဒပြ

ရန်ကုန်၊ဩဂုတ် ၂၀ ယင်းမာပင်မြို့နယ်တွင် ယင်းမာပင်မြို့နယ်မြောက်ခြမ်းကျေးရွာများသပိတ်က ပြည်သူများနှင့်အတူ အကြမ်းဖက်စစ်တပ် ကျရှုံးရေး ချီတက်ဆန္ဒပြခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ထိန်းထားနိုင်ရန် အရေးကြီးဟု NUG ယာယီသမ္မတ သတိပေး

ရန်ကုန်၊ ဩဂုတ် ၂၀ အကြမ်းဖက်စစ်ကောင်စီကို တော်လှန်တိုက်ခိုက်နေသော တော်လှန်ရေးတပ်များအနေဖြင့် မြို့ရွာများကို တိုက်ခိုက်သိမ်းပိုက်ပြီးလျှင် ထိန်းထားနိုင်ရန် အရေးကြီးကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ယာယီသမ္မတ ဒူဝါလရှီးလက သတိပေးပြောဆိုလိုက်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ၏ ၂၃ / ၂၀၂၄ အစိုးရအဖွဲ့အစည်းအဝေးတွင် ယာယီသမ္မတ ဒူဝါလရှီးလက အထက်ပါအတိုင်း သတိပေးလိုက်ခြင်းဖြစ်သည်။ မြန်မာနိုင်ငံတစ်ဝန်း မြို့ရွာများကို တော်လှန်ရေးတပ်များက သိမ်းပိုက်ရာတွင်...

မြင်းခြံမြို့နယ်၊ ကျောက်ကန်ရွာကို စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းအားလုံးကို ကားဖြင့် တင်၍ ယူဆောင်သွားပြီး ကျန်ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးခဲ့

ရန်ကုန်၊ ဩဂုတ် ၂၀ မန္တလေးတိုင်း၊ ကျောက်ကန်ရွာကို အကြမ်းဖက် စစ်တပ်က ဝင်ရောက် စီးနင်းပြီး ပြည်သူပိုင် ပစ္စည်းအားလုံးကို ကားဖြင့် တင်၍ ယူဆောင်သွားပြီး ယူဆောင်ခြင်းမရှိသော ပစ္စည်းများကို ရိုက်ခွဲ ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ဩဂုတ်လ ၁၉ ရက်နေ့ မွန်းလွဲ...

ကျွန်းစုနှင့်သံဖြူဇရပ် တို့တွင် စစ်တပ်စစ်ကြောင်းနှင့် ပျူစောထီးများကို ပစ်ခတ်တိုက်ခိုက်မှု စစ်ကောင်စီတပ်ဖွဲ့ဝင် ၉ ဦးသေဆုံး

ရန်ကုန်၊ ဩဂုတ် ၂၀ တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးနှင့် တပ်သားသစ်စုဆောင်းနေသော ပျူစောထီးခေါင်းဆောင် နော်မေးနှင့် ပျူစောထီး ကြယ်စင် အောင် တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။ ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၆...

တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သား သစ် စုဆောင်း

ရန်ကုန်၊ ဩဂုတ် ၂၀ ပဲခူးတိုင်း၊ တောင်ငူမြို့နယ်၊ အုတ်တွင်း၊ ကျွဲပွဲ၊ တောင်ငူ၊ ထန်းတပင်ကျေးရွာများမှ လူငယ်များကို စစ်ကောင်စီက အိမ်ပေါ်အထိတက်၍ ပေါ်တာဆွဲ ဖမ်းဆီးပြီး တပ်သားသစ်စုဆောင်းနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စက်တင်ဘာလတွင် ဖွင့်လှစ်မည့် စစ်မှုထမ်းသင်တန်းအတွက် တပ်သားသစ်များ စုဆောင်းမရသဖြင့် စစ်တပ်နှင့်ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များက ကျေးရွာများတွင် ပေါ်တာဆွဲ...

ရွှေဘိုမြို့နယ်တွင် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဩဂုတ် ၂၀ ရွှေဘိုမြို့နယ်တွင် မီးလောင်ပြင်မှ ရုန်းထလာသော တော်လှန်ပြည်သူများ၊ ရွှေဘိုမြို့နယ် သပိတ်အင် အားစုရဲဘော်များနှင့် ဒေသအင်အားစုများပူးပေါင်းကာ "ဖက်ဆစ်စစ်တပ်ကို စွန့်ခွာကြ ပြည်သူ့ ရင်ခွင် ခိုလှုံကြ၊ ၁၀၂၇ စစ်ဆင်ရေးကို ကြိုဆို ထောက်ခံပါတယ်" စာသားများဖြင့် စစ်အာဏာရှင်ဆန့်ကျင်ကြောင်း ကြွေးကြော်ဆန္ဒထုတ်ဖော်ခဲ့ကြကြောင်း သိရှိရသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt...

မြန်မာနိုင်ငံတွင် Online Live Sale နှင့် Facebook လူမှုကွန်ရက် အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြ

ရန်ကုန်၊ ​ဩဂုတ် ၂၀ မြန်မာနိုင်ငံတွင် Online Live Sale နှင့် Facebook အခြေခံသော စီးပွားရေးလုပ်ငန်းများအတွက် VPN Service Provider များ ထူထောင်ခွင့်ပေးရန် စစ်ကောင်စီထံတင်ပြထားကြောင်း ကုန်သည်နှင့်စက်မှု အသင်းချုပ် UMFCCIမှအလုပ်အမှုဆောင် စီးပွားရေးသမားတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်ကောင်စီက ဆိုက်ဘာလုံခြုံရေးဥပဒေကြမ်းကို ရေးဆွဲလျက်ရှိပြီး...

အလုံမြို့၊ ဆင်မင်းဈေးကားမှတ်တိုင်တွင် လိုင်းကားရပ်စောင့်နေသူ ပြည်သူ များကို နိုက်ကလပ်မှ ပြန်လာသော စုံတွဲ မောင်းနှင်လာသော ကားက ဝင်တိုက်မှု ၄ ဦးသေဆုံးပြီး ၃ ဦး အပြင်းအထန်ဒဏ်ရာရ

ရန်ကုန်၊ ဩဂုတ် ၂၀ ရန်ကုန်မြို့၊ အလုံမြို့နယ်၊ ဆင်မင်းဈေးကားမှတ်တိုင်တွင် လိုင်းကားစောင့်နေသော ပြည်သူများကို နိုက်ကလပ်မှ ပြန်လာသော စုံတွဲ မောင်းနှင်သည့် အဖြူရောင် တိုယိုတာ ကယ်ဒီးနား အိမ်စီးကားက ဝင်တိုက်ခဲ့ရာ ပြည်သူ ၄ ဦး သေဆုံးပြီး ၃ ဦးအပြင်းအထန်ဒဏ် ရာရခဲ့ကြောင်း ရန်ကုန်မြို့နေပြည်သူများက...

လားရှိုးတွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ် မှတ်ခြင်း လုံး၀ မပြုလုပ်ဟု MNDAA က မြို့ခံပြည်သူများကို ရှင်းပြကတိပေး

■ လားရှိုးတွင် ပြည်သူများ အင်တာနက်အသုံးပြုနိုင်ရေး ရပ်ကွက်တစ်ခုစီတွင် ကွန်ရက်ဆာဗာတစ်ခု တပ်ဆင်ပေးပြီး အခမဲ့ သုံးခွင့်ပေးမည် ရန်ကုန်၊ ဩဂုတ် ၂၀ ရှမ်းပြည်နယ်မြောက်ပိုင်း၊ လားရှိုးမြို့တွင် လူငယ်များကို စစ်သားစုဆောင်းခြင်း၊ စစ်မှုမထမ်းမနေရ သတ်မှတ်ခြင်း လုံး၀ မပြုလုပ်ကြောင်း MNDAA မှ တာဝန်ရှိသူများက မြို့ခံပြည်သူများကို တွေ့ဆုံ ရှင်းလင်းပြောကြားသည်။ ဩဂုတ်လ...

ဒိုက်ဦးထောင်တွင် ထောင်အရာရှိ စန်းနွယ်ဦးနှင့်ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက်၍ နိုင်ငံ‌ရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နှင့်လုံခြုံရေး အထူး စိုးရိမ်နေရ

ရန်ကုန်၊ ဩဂုတ် ၂၀ ပဲခူးတိုင်း ၊ ဒိုက်ဦးမြို့နယ်၊ ဒိုက်ဦးထောင်တွင် ထောင်အရာရှိ စန်းနွယ်ဦးနှင့်ဝန်ထမ်းများက အကြမ်းဖက်ရိုက်နှက်၍ နိုင်ငံ‌ရေးအကျဉ်းသူများ ထိခိုက်ဒဏ်ရာရပြီး အသက်အန္တရာယ်နှင့်လုံခြုံရေး အထူး စိုးရိမ်နေရကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက်(PPNM) ၏ ဦးဆောင်ကော် မတီဝင် ကိုသိုက်ထွန်းဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ဒိုက်ဦးထောင်တွင် ကျိုက်မရောထောင်မှ ပြောင်းရွှေ့လာသည့် နိုင်ငံရေး...

Latest news

- Advertisement -spot_img