ရန်ကုန်၊ ဩဂုတ် ၂၀
တနင်္သာရီတိုင်း၊ ကျွန်းစုမြို့နယ်၊ တောပြားကြီးကျေးရွာအုပ်စု၊ မင်းခေါင်းဆေးကျေးရွာတွင် ပျူစောထီးနှင့် တပ်သားသစ်စုဆောင်းနေသော ပျူစောထီးခေါင်းဆောင် နော်မေးနှင့် ပျူစောထီး ကြယ်စင် အောင် တို့ကို ပစ်ခတ်တိုက်ခိုက်ခဲ့ရာ သေဆုံးသွားကြောင်း ကျွန်းစုမြို့နယ်ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ထံမှ သိရသည်။
ယမန်နေ့ ဩဂုတ်လ ၁၉ ရက် ညနေ ၆ နာရီခန့်က ကျွန်းစုမြို့နယ် တောပြားကြီးကျေးရွာအုပ်စု၊ မင်း ခေါင်းဆေးကျေးရွာတွင် ပျူစောထီးတပ်သားသစ်ခေါ်ယူစုဆောင်းနေပြီး သင်တန်းများလည်းပေးပို့ နေကြောင်း သတင်းအရ ပျူစောထီးများကို သွားရောက်ဖမ်းဆီးရာ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး ပျူစောထီးခေါင်းဆောင်နော်မေးနှင့် ပျူစောထီးကြယ်စင်အောင်တို့ သေဆုံးသွားကြောင်း သိရသည်။
သေဆုံးသူ ပျူစောထီးခေါင်းဆောင်အနေဖြင့် ကျေးရွာများအတွင်းနေပြည်သူများကို တပ်သားသစ်စု ဆောင်းခြင်းမပြုလုပ်ရန် အကြိမ်ကြိမ်သတိပေးထားသော်လည်း လိုက်နာဆောင်ရွက်ခြင်းမရှိသဖြင့် သွားရောက်ဖမ်းဆီးရခြင်းဖြစ်ပြီး ဖမ်းဆီးချိန်တွင် ပြန်လည်ခုခံတိုက်ခိုက်သဖြင့် ပစ်ခတ်ခဲ့ရခြင်း ဖြစ်ကြောင်း ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ပြောဆိုထားသည်။
အဆိုပါ တိုက်ခိုက်မှုကို ကျွန်းစုမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ ရဲဘော်များက လုပ်ဆောင်ခဲ့ခြင်း ဖြစ်ပြီး ကျေးရွာနေပြည်သူများနှင့် လုံးဝသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးထုတ်ပြန်ထားသည်။
ထို့အပြင် မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ်ဘုန်းကြီးကျောင်းအနီး၌ ယယီခေတ္တနား နေသော အကြမ်းဖက်စစ်ကြောင်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း တောင်ညိုစစ်ကြောင်းထံမှ သိရသည်။
ဩဂုတ်လ ၁၈ ရက်နံနက် ၉ နာရီအချိန်က သံဖြူဇရပ်မြို့နယ်၊ ရဲတံခွန်ရွာသစ် ဘုန်းကြီးကျောင်း အနီး၌ ခေတ္တနားနေသော အကြမ်းဖက်စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးပူးပေါင်း တပ်ဖွဲ့မှ ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၇ ဦးသေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါ တိုက်ခိုက်မှုကို ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ တောင်ပိုင်းစစ် ဒေသ၊ စစ်ဒေသခွဲ အမှတ် ၃ ရှိ တောင်ညိုစစ်ကြောင်း(P29906) နှင့် KNLA တပ်ရင်း ၂၇တို့ ပူးပေါင်း ကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး အကြမ်းဖက်စစ်သားများက လက်နက်ကြီးများဖြင့် ရမ်သမ်းပစ်ခတ်ခဲ့ သော်လည်း တော်လှန်ရေးတပ်ဖွဲ့ဝင်များ အထိခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။
#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar