25 C
Yangon
spot_img

CATEGORY

News

ပွင့်ဖြူမြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် ကျွဲခြံလယ်မရွာဘက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်

ပွင့်ဖြူမြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် ကျွဲခြံလယ်မရွာဘက်ကို စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက် ရန်ကုန်၊ နိုဝင်ဘာ ၁၂ မကွေးတိုင်း၊ ပွင့်ဖြူမြို့နယ်ရှိ ပုသိမ်-မုံရွာ လမ်းပိုင်းနှင့် ကျွဲခြံလယ်မရွာဘက်ကို အကြမ်းဖက် စစ်တပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းဖြင့် ပစ်ခတ် တိုက်ခိုက်ခဲ့ကြောင်း မင်းဘူးခရိုင် အမှတ် -၇...

မိုးကုတ်မြို့ရှိ အထက်လယ်ဦးနှင့် မြို့ဦးလွင် ရပ်ကွက်တို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရ

မိုးကုတ်မြို့ရှိ အထက်လယ်ဦးနှင့် မြို့ဦးလွင် ရပ်ကွက်တို့ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၉ ဦး သေဆုံးပြီး ကလေးငယ် ၁ ဦး အပါအဝင် ၁၃ ဦး ဒဏ်ရာရ ရန်ကုန်၊ နိုဝင်ဘာ ၁၂ မန္တလေးတိုင်း၊ မိုးကုတ်မြို့ရှိ အထက်လယ်ဦးနှင့် မြို့ဦးလွင်...

နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြား

ရန်ကုန်၊ နိုဝင်ဘာ ၁၂ ရှမ်းပြည်နယ်၊ နောင်ချိုမြို့၊ ဈေးရပ်ကွက်ရှိ လန်းဆန်း လက်ဖက်ရည်ဆိုင်ကို အကြမ်းဖက် စစ်တပ်က လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၁၁ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရရှိသူ များပြားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။ ယနေ့ နိုဝင်ဘာလ ၁၂ ရက်နေ့ မွန်းလွဲ...

ညောင်ဦးမြို့နယ်၊ ဂူတောကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လင်းဦး ပစ်ခတ်ခံရပြီးသေဆုံး၊ မလှိုင်တွင် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၁ ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၂ မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂူတောကျေးရွာအုပ်ချုပ်ရေးမှူးဇော်လင်းဦး ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်ခက ညောင်ဦးမြို့နယ်၊ ဂူတောကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လင်းဦးကို သေနတ်ဖြင့်...

ရွှေဘိုတွင် ၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် စစ်တပ်က အိုးဘိုရွာအနီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ နိုဝင်ဘာ ၁၂ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်အတွင်း ၉ ရက်ကြာ စစ်ကြောင်းထိုးခဲ့သည့် အကြမ်းဖက် စစ်တပ်က အိုးဘိုရွာအနီး ပြည်သူ ၅ ဦးကို သတ်ဖြတ်ခဲ့ပြီး ကျေးရွာများကို လက်နက်ကြီးဖြင့် ပစ်ခတ်ခြင်းကြောင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။ အောက်တိုဘာလ ၃၀...

တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို ဝင်ရောက် တိုက်ခိုက်မှု ရဲ ၂ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၂ မန္တလေးတိုင်း၊ တောင်သာ-မိတ္ထီလာ လမ်းပိုင်းရှိ ရုံးစည်ကြီး တိုက်နယ်ရဲစခန်းကို တော်လှန်ရေး တပ်ဖွဲ့များက ဝင်ရောက် တိုက်ခိုက်ခဲ့ရာ ရဲ ၂ ဦးသေဆုံးခဲ့ကြောင်း တောင်သာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကိုပြောဆိုသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၅ နာရီခန့်တွင် မြင်းခြံခရိုင်...

စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော သမ္မတထရမ့်နှင့် အမေရိကန်ပြည်သူများက ထောက်ခံ အားပေးရန် NUG တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၂ မြန်မာနိုင်ငံတွင် စစ်အာဏာရှင်စနစ်ကို အမြစ်ဖြတ်တိုက်ထုတ်နေသော မြန်မာပြည်သူများကို အမေရိကန်သမ္မတအဖြစ် ပြန်လည်ရွေးကောက်ခံရသော သမ္မတလောင်း ထရမ့်နှင့် အမေရိကန်ပြည်သူများက ထောက်ခံ အားပေးရန် ယုံကြည် မျှော်လင့်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ-NUG ပြည် ထောင်စုဝန်ကြီးချုပ်ရုံး ပြောရေးဆိုခွင့်ရှိသူ ဦးနေဘုန်းလတ်က ပြောဆိုသည်။ ယနေ့နိုဝင်ဘာလ ၁၂ ရက်နေ့တွင် “ပြည်သူလူထုနှင့်နိုင်ငံတကာသို့...

မိတ္ထီလာ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်မှု Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦး အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရ

ရန်ကုန်၊ နိုဝင်ဘာ ၁၂ မန္တလေးတိုင်း၊ မိတ္ထီလာမြို့နယ်၊ ရှမ်းတဲ လေတပ်စခန်းကို ဒရုန်း ၂၄ စီးဖြင့် တိုက်ခိုက်ရာ Y-12 လေယာဉ် ၂ စီး ထိခိုက်ပျက်စီးပြီး အရာရှိ ၂ ဦ.အပါအဝင် စစ်ကောင်စီ တပ်သား ၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ပကဖ...

တောင်သာမြို့နယ်၊ ဇဂျမ်းအုပ်စု ကျောင်းအိုရွာရှိ စစ်တပ်စခန်းကို တော်လှန်ရေးတပ်များက ဝင်ရောက်တိုက်ခိုက်သဖြင့် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲချ

ရန်ကုန်၊ နိုဝင်ဘာ ၁၂ မန္တလေးတိုင်း တောင်သာမြို့နယ် ဇဂျမ်းအုပ်စု ကျောင်းအိုရွာကို အကြမ်းဖက်စစ်တပ်က လေယာဉ်နှင့် ဗုံးကျဲချ၍ ပြည်သူ့ နေအိမ် ၂ လုံးထိခိုက်ပျက်စီးသွားပြီး ထိခိုက်မှုကို စုံစမ်းဆဲဖြစ်ကြောင်း လူထုလှုပ်ရှားမှုကော်မတီ တောင်သာမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ နိုဝင်ဘာ ၁၂ ရက်နေ့ နံနက် ၈...

AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် အမ်း နပခ လက်နက် သိုလှောင်ရုံ မီးလောင်ပေါက်ကွဲမှု စစ်သား ၁၁ ဦးသေဆုံးဟုဆို၊ အမ်းမြို့တွင် အရပ်သား ပြည်သူ ၃၀၀၀ ကျော် တိုက်ပွဲအကြား ပိတ်မိနေ

ရန်ကုန်| နိုဝင်ဘာ ၁၂ ရခိုင်ပြည်၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ်တည်ရှိရာ အမ်းမြို့ နပခ ဌာနချုပ်၏ လက်နက်သိုလှောင်ရုံကို AA က ရှော့တိုက်ဒုံးဖြင့် ပစ်ခတ်မှုကြောင့် မီးလောင်ပျက်စီးသွားပြီး စစ်ကောင်စီတပ်သား ၁၁ ဦး သေဆုံးသွားကြောင်း စစ်ကောင်စီ စစ်ရေး သတင်းရင်းမြစ်က ပြောသည်။ နိုဝင်ဘာ ၁၀ ရက်...

Latest news

- Advertisement -spot_img