32 C
Yangon

ညောင်ဦးမြို့နယ်၊ ဂူတောကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လင်းဦး ပစ်ခတ်ခံရပြီးသေဆုံး၊ မလှိုင်တွင် အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါ ၁ ဦးလည်း ပစ်ခတ်ခံရပြီး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၂

မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ဂူတောကျေးရွာအုပ်ချုပ်ရေးမှူးဇော်လင်းဦး ပစ်ခတ်ခံရပြီး သေဆုံး သွားကြောင်း ဒေသနေပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၁၁ ရက် ည ၇ နာရီ ၄၅ မိနစ်အချိန်ခက ညောင်ဦးမြို့နယ်၊ ဂူတောကျေးရွာ အုပ်ချုပ်ရေးမှူး ဇော်လင်းဦးကို သေနတ်ဖြင့် ၄ ချက်ပစ်ခတ်သွားရာ နေရာမှာပင်သေဆုံးသွား ကြောင်း၊ သေဆုံးသွား သော အုပ်ချုပ်ရေးမှူးအလောင်းကို ယနေ့ နိုဝင်ဘာလ ၁၂ ရက် နံနက် ၈ နာရီအချိန်အထိ မည်သူကမှ လာရောက်ကောက်ယူခြင်းမရှိသေးကြောင်း သိရသည်။

“ညောင်ဦးမြို့နယ်၊ ဂူတောကျေးရွာအုပ်ကြီး သေနတ်နဲ့ ၄ ချက်ပစ်ခတ်ခံရပြီး သေဆုံးသွားတယ်၊ သူ့မိန်းမကတော့ ထွက်ပြေးသွားတယ်လို့ပြောတယ်၊ သူသမီးရဲ့ ကားအောက်ကို မိုင်းထောင်ပြီး မိုင်းထကွဲမှ တစ်ရွာလုံးသိရတာ၊ သူ့သမီးက ရဲမေပါ၊ ညောင်ဦးရဲစခန်းမှာ တာဝန်ကျနေတာ၊ တစ်မိ သားစုလုံးအကုန်မသေတာဝမ်းနည်းတယ်လို့ ရွာကလူတွေကတော့ ပြောနေကြတယ်၊ ဒီနေ့မနက် ၈ နာရီ အထိ အုပ်ကြီးအလောင်းကို လာမကောက်သေးဘူး” ဟု ဒေသနေပြည်သူတစ်ဦးက ရန်ကုန်ခေတ် သစ်သတင်းဌာနထံသို့‌ ပြောကြားသည်။

သေဆုံးသူ အုပ်ချုပ်ရေးမှူး၏ သမီးဖြစ်သူမှာ ညောင်ဦးရဲစခန်းတွင် တာဝန်ကျနေ ပြီး ဒေသနေပြည်သူလူထုအပေါ် မိုက်ရိုင်းစွာဆက်ဆံကာ ညှင်းပန်းနှိပ်စက်နေသူဖြစ်ကြောင်း၊ ၎င်း၏ ကားမှာလည်း မိုင်းထောင်ဖောက်ခွဲတိုက်ခိုက်ခံခဲ့ရဖူးကြောင်း သိရသည်။

အလားတူ နိုဝင်ဘာလ ၁၁ ရက်နေ့ နံနက် ၉ နာရီ ၄၀ မိနစ်အချိန် မန္တလေးတိုင်း၊ မလှိုင်မြို့နယ်၊၊ကျပ်ဆည်ကျေးရွာအုပ်စု၊ဆပ်ခင်းကြီးကျေးရွာတွင် ကျေးရွာအုပ်ချုပ်ရေးမှူး တင်ထွန်းမိုးနှင့် အပေါင်းအပါ ထွန်းမြင့်တို့ကို သေနတ်သမားတချို့က ဝင်ရောက်ပစ်ခတ်ရာ အုပ်ချုပ်ရေးမှူးနှင့် အပေါင်းအပါတို့ ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article