24.4 C
Yangon
spot_img

CATEGORY

Politics

“အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး” လောင်းလုံးတွင် နှင်းဆီရောင် အမျိုးသမီး သမဂ္ဂ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄ လောင်းလုံးမြို့နယ် အတွင်း နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ဦးဆောင်ကာ "အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး" စာတန်းကိုင်ဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။ "ကမ္ဘာ့နေရာအနှံ့က အမျိုးသမီးတွေဟာ နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတာကို ယနေ့အချိန်ထိ...

သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄ ယင်းမာပင်မြို့နယ်တွင် သွေးမအေးတဲ့ ရွှေနွယ်သွေး သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

လက်ပံတောင်းတောင်ဒေသ လူထု သပိတ် စစ်ကြောင်း အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄ လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် အကြမ်းဖက် စစ်အာဏာရှင် ဖြုတ်ချရေး ချီတက် ဆန္ဒပြခဲ့ကြသည်။

တောင်ကိုရီးယားနိုင်ငံ ဆူဝမ်-မြန်မာ အသင်းမှ ဦးဆောင်ကာ အကြမ်းဖက် မြန်မာ စစ်တပ်က ကျောင်းသား ၇ ဦးအပေါ် သေဒဏ် ချမှတ်ခြင်းအား ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄ တောင်ကိုရီးယားနိုင်ငံ၊ ဆူဝမ်မြို့၊ ဆူဝမ်ဘူတာတွင် ဆူဝမ်-မြန်မာ အသင်းမှ ဦးဆောင်ကာ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ကျောင်းသား ၇ ဦးအား သေဒဏ်ချမှတ်ခြင်းအပေါ် ရှုံ့ချကြောင်းနှင့် စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒ ပြခဲ့ကြောင်း သိရသည်။

အာဏာရှင်မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ် အင်အားစုမှ စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄ အာဏာရှင် မလိုလား မြတ်ဗုဒ္ဓ သားတော်များ သပိတ်အင်အားစုမှ ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် စစ်အာဏာရှင် တော်လှန်ရေး လှုပ်ရှားမှု ပြုလုပ်ခဲ့ကြောင်း ပြုလုပ်ခဲ့ကြောင်း သိရသည်။ အဆိုပါ လှုပ်ရှားမှုကို "လူမှာအရေးအကြီးဆုံးက ကိုယ်ကျင့်တရားနဲ့ အမှန်တရားကိုမြတ်နိုးမှုပဲဖြစ်တယ်။အခြေနေအချိန်ခါမရွေး မှန်တာကိုလုပ်ရဲပြောရဲတဲ့သတ္တိရှိရမယ်။ (ဗိုလ်ချုပ်အောင်ဆန်း)" ခေါင်းစဥ်ဖြင့်...

မလေးရှားနိုင်ငံတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄ မလေးရှားနိုင်ငံ ကာဂျန်းမြို့ Tenaga National University ကွင်းတွင် ဒီဇင်ဘာလ ၄ ရက်နေ့၌ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။ ရန်ပုံငွေ ဘောလုံးပွဲ အခမ်းအနားကို "အားကစားဖြင့်တော်လှန်မည်"...

ရန်ကုန်တွင် “လုံးဝ အုပ်ချုပ်၍ မရစေရ။” စာသားများ ဘတ်စ်ကားပေါ်တွင် ချိတ်ဆွဲ၍ ပျောက်ကြားသပိတ်ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄ ရန်ကုန်တွင် လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ် Demon မှ "လုံးဝ အုပ်ချုပ်၍ မရစေရ။" စာသားပါ Banner ကို ရန်ကုန်မြို့ရှိ ပြေးဆွဲနေသည့် Bus ကားပေါ်တွင် ချိတ်ဆွဲပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ပါသည်။ မတရားအာဏာသိမ်းထားသည့်စစ်အာဏာရှင်များမှ...

ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် နွေဦးတော်လှန်ရေး ရန်ပုံငွေဘောလုံးပြိုင်ပွဲ ပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄ ထိုင်းနိုင်ငံ၊ ချွန်ဘူရီမြို့တွင် သတ္တမအကြိမ်မြောက် "စစ်အာဏာရှင်စနစ်ဆိုးကြီး အမြစ်ပြတ်ဖို့ PDF ကို ထောက်ပံ့စို့" ခေါင်းစဥ်ဖြင့် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲကို ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ပြုလုပ်ခဲ့ကြောင်း သိရ သည်။

“စုဖွဲ့မှုကို အဆင့်မြှင့် ၊ ရန် ငါ ပြတ်ပြတ် တိုက်” စာတန်းကိုင်ဆောင်ကာ ကနီပြည်သူများ ချီတက် ဆန္ဒပြ

ရန်ကုန်၊ ဒီဇင်ဘာ ၄ ကနီမြို့နယ် အတွင်းရှိ ကျေးရွာတစ်ရွာတွင် ဒေသခံ ပြည်သူများ ဦးဆောင်ကာ "စုဖွဲ့မှုကို အဆင့်မြှင့် ရန် ငါ ပြတ်ပြတ် တိုက်" စာတန်း ကိုင်ဆောင်ကာ စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်-PLAမှ နိုင်ငံရေးမှူး ရဲဘော်ကိုနှင်းအောင် ကျဆုံးခြင်း ၁ နှစ်ပြည့် လွမ်းဆွတ် သတိရခြင်း အခမ်းအနားပြုလုပ်

ရန်ကုန်၊ ဒီဇင်ဘာ ၄ ပြည်သူ့ လွတ်မြောက်ရေး တပ်မတော်-PLAမှ နိုင်ငံရေးမှူး ရဲဘော်ကိုနှင်းအောင် (ခေါ်) ရဲဘော်အောင်ဘညို ကျဆုံးခြင်း ၁နှစ်ပြည့် လွမ်းဆွတ် သတိရခြင်း အခမ်းအနား ပြုလုပ်ခဲ့ပြီး TCRF(PLA)မှ ရဲဘော်များ တက်ရောက်ခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img