31 C
Yangon

ရန်ကုန်တွင် “လုံးဝ အုပ်ချုပ်၍ မရစေရ။” စာသားများ ဘတ်စ်ကားပေါ်တွင် ချိတ်ဆွဲ၍ ပျောက်ကြားသပိတ်ပြုလုပ်

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

ရန်ကုန်တွင် လုံခြုံရေး တင်းကြပ်ထားသည့်ကြားမှ တော်လှန်လူငယ် Demon မှ “လုံးဝ အုပ်ချုပ်၍ မရစေရ။” စာသားပါ Banner ကို ရန်ကုန်မြို့ရှိ ပြေးဆွဲနေသည့် Bus ကားပေါ်တွင် ချိတ်ဆွဲပြီး အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ပျောက်ကြားသပိတ်ပြုလုပ်ခဲ့ပါသည်။

မတရားအာဏာသိမ်းထားသည့်စစ်အာဏာရှင်များမှ မြန်မာနိုင်ငံအနှံ့ အုပ်ချုပ်ရေး ယန္တရားကို အပြည့်အဝ လည်ပတ်နိုင်ခြင်း မရှိခြင်း၊ တရားဥပဒေစိုးမိုးမူမှာ ကောက်ရိုးပုံထဲ အပ်ပျောက်သကဲ့သို့ ရှာမရခြင်း၊ ယခုအချိန်အထိ CDM ပြုလုပ်မူအင်အား ကောင်းနေခြင်းကြောင့် အပြည့်အဝ အုပ်ချုပ်လို့ မရနိုင်သေးကြောင်း၊ စစ်ကောင်စီနှင့် အပေါင်းပါများက မြန်မာပြည်အထက်ပိုင်း၊ အညာဒေသ၊ အောက်ပိုင်းဒေသများကို ထိုးစစ်ဆင်ခြင်း၊ ရွာများကို မီးရှို့ခြင်း၊ မြို့ကြီးများတွင် ယခုနှစ်ပတ်အတွင်း ကျူးကျော်ဟုသတ်မှတ်ကာ အိမ်များကိုဖြိုခြင်း၊ UG နှင့် သပိတ်အဖွဲ့အစည်းများ၊ လူငယ်များကို ဖမ်းဆီးအကြမ်းဖက်ခြင်းများဖြင့် အုပ်ချုပ်လို့ရစေရန် အတင်းအကြပ် ဖော်ဆောင်နေကြောင်းနှင့် ထိုဖြစ်စဥ်များကို ပြည်သူများမှ မျက်ကွယ်ပြုမထားဘဲ တော်လှန်ရေးအင်အား ဆက်လက်ကောင်းမွန်စေရန်၊ ထောက်ပို့နှင့် မြေပြင်သတင်းများကို မိမိနိုင်သလောက် ပါဝင်တော်လှန်ရန်လိုကြောင်း တော်လှန်လူငယ် Demon ပြောကြားသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article