38 C
Yangon

“အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး” လောင်းလုံးတွင် နှင်းဆီရောင် အမျိုးသမီး သမဂ္ဂ ချီတက် ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

လောင်းလုံးမြို့နယ် အတွင်း နှင်းဆီရောင် အမျိုးသမီးများသမဂ္ဂ (ထားဝယ်)မှ ဦးဆောင်ကာ “အမျိုးသမီးများ အပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး” စာတန်းကိုင်ဆောင်ပြီး ယနေ့ ဒီဇင်ဘာလ ၄ ရက်နေ့တွင် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

“ကမ္ဘာ့နေရာအနှံ့က အမျိုးသမီးတွေဟာ နည်းလမ်းမျိုးစုံနဲ့ အကြမ်းဖက်ခံရတာကို ယနေ့အချိန်ထိ ရင်ဆိုင်နေရဆဲဖြစ်ပါတယ်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ စစ်အာဏာသိမ်းမှုဖြစ်ပွားပြီးနောက်ပိုင်းမှာတော့ အမျိုးသမီးတွေအပေါ် အကြမ်းဖက်တာတွေဟာ ပိုမိုများပြားလာပါတယ်။အမျိုးသမီးတွေဟာ သူစိမ်းတွေရဲ့ အကြမ်းဖက်တာကို ရင်ဆိုင်ကြရုံတင်မက ကိုယ့်မိသားစု၊ ကိုယ့်မောင်နှမ၊ ကိုယ့်အိမ်ထောင်ဖက်တွေရဲ့ အိမ်တွင်းအကြမ်းဖက်မှုကိုပါ ရင်ဆိုင်ကြုံတွေ့နေရပါတယ်” ဟု သပိတ် စစ်ကြောင်း ဦးဆောင်သူများက ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article