33 C
Yangon

မလေးရှားနိုင်ငံတွင် နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြ

Must read

ရန်ကုန်၊ ဒီဇင်ဘာ ၄

မလေးရှားနိုင်ငံ ကာဂျန်းမြို့ Tenaga National University ကွင်းတွင် ဒီဇင်ဘာလ ၄ ရက်နေ့၌ နွေဦးတော်လှန်ရေး ရန်ပုံငွေ ဘောလုံးပြိုင်ပွဲနှင့် စစ်ကောင်စီ ပြုလုပ်မည့် ရွေးကောက်ပွဲကို လက်မခံကြောင်း ဆန္ဒပြပွဲ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ရန်ပုံငွေ ဘောလုံးပွဲ အခမ်းအနားကို “အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် ကျင်းပခဲ့ပြီး အဆိုပါ ဘောလုံးပွဲတွင် အသင်း ဆယ်သင်း ပါဝင် ယှဉ်ပြိုင်ကြခြင်းဖြစ်ပြီး တစ်သင်းလျှင် ဝင်ကြေး မလေးငွေ ၁၅၀၀ ပါဝင်ထည့် ဝင်ထားကြောင်း၊ အနိုင်ရ အသင်းအနေဖြင့် ဆုကြေး မလေးငွေ ၂၅၀၀ ရရှိမည်ဖြစ်ပြီး ကျန် ထည့်ဝင်ငွေများအား မြေပြင်တော်လှန်ရေးအဖွဲ့များထံသို့ လှူဒါန်းပေးအပ် သွားမည် ဖြစ်ကြောင်း၊ ကွာလမ်လမ်ပူ မြို့ အနီးတဝိုက်ရှိ တော်လှန်ရေး အသင်းအဖွဲ့များမှ ပူးပေါင်း ပါဝင် ခဲ့ကြောင်း သိရသည်။

“အားကစားဖြင့်တော်လှန်မည်” ခေါင်းစဉ်ဖြင့် တော်လှန်ရေး အထောက်အကူပြု ရံပုံငွေ ရှာဖွေပွဲ ကျင်းပခြင်းနှင့် ၂၀၂၃ ခုနှစ်တွင် ကျင်းပမည့် စစ်တပ်၏ တရားရွေးကောက်ပွဲ အား လက်မခံကြောင်း ဆန္ဒထုတ်ဖော်ခဲ့ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article