27.9 C
Yangon
spot_img

CATEGORY

Politics

မုံရွာတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၃ မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၃ ရက်နေ့တွင် "❝ တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ် ❞" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သရက်ချောင်းတွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ မေ ၃ သရက်ချောင်းတွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၃ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး "မင်းတို့ကြောက်တဲ့ ကြွေးကြော်သံတွေ နေရာတိုင်းမှ ကြားစေရမည်" စာတန်းကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

မြလိပ်တောင်အမြင့်ဆုံးထိပ်နေရာတွင် အာဏာရှင်ဆန့်ကျင်ရေးစာတမ်းကို မန္တလေးသပိတ်အင်အားစုအဖွဲ့ဝင်များမှတက်ရောက်ချိတ်ဆွဲ

မိုးသည်းထန်စွာရွာသွန်းနေသည့်ကြားမှ ခက်ခဲကြမ်းတမ်းတဲ့လမ်းအသွယ်သွယ် ကျောက်ဆောင်ကြီးများကို ဖြတ်သန်းပြီးအမြင့်ဆုံးတောင်ထိပ်နေရာအထိတက်ရောက်ကာ အာဏာရှင်ဆန့်ကျင်ရေးနဖူစည်းစာတမ်းကို မန္တလေးသပိတ်အင်အားစုမှချိတ်ဆွဲခဲ့ပါတယ်။ ပေ(၃၀)ကျော်အရှည်ရှိတဲ့ အဝတ်စအနီရဲရဲပေါ်မှာ စာလုံးအဖြူများဖြင့်ရေးသားခဲ့တာဖြစ်ပါတယ်။ မြလိပ်တောင်ဟာ မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ ဒုဌဝတီမြစ်ကမ်းဘေးမှာရှိပြီး အမြင့်ပေ(၃၀၀၀)ကျော်ရှိတဲ့ကျောက်ဆောင်ကျောက်ချွန်ကျောက်ကြမ်းများနှင့်ခက်ခက်ခဲခဲ ဇွဲကောင်းကောင်းနဲ့တက်ရောက်မှရနိုင်တဲ့တောင်ဖြစ်ကြောင်းတောင်တက်သမားတိုင်းအသိဖြစ်ပါတယ်။ ယခင်နှစ် ၂၀၂၁ ခုနှစ်ဧပြီ ၁၈ရက်မှာလည်းမြလိပ်တောင်ထိပ်မှာ ကျွန်တော်တို့"မန္တလေးမှလူငယ်တစ်စု" အမည်နဲ့ အာဏာရှင်ဆန့်ကျင်ရေးစာတန်းချိတ်ဆွဲခဲ့ဖူးပါတယ်။ ယခုလှုပ်ရှားမှုက...

ရန်ကုန် မြောက်ဥက္ကလာတွင် ဗကသ ကျောင်းသားများ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် ချေမှုန်းရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၃ ရန်ကုန် မြောက်ဥက္ကလာ မြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ သင်္ဃန်းကျွန်းမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများ အဖွဲ့ချုပ်) နှင့် တိုးတက်သော မွတ်စ်လင်မ် လူငယ်အစည်းအရုံး (PMYA) တို့ ပူးပေါင်းကာ "စစ်သုံးစစ်ကို...

ကျောက်တန်းမြို့နယ်ကျောင်းသားများသမဂ္ဂ(ဗကသများအဖွဲ့ချုပ်)မှ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေးလှုပ်ရှားမှု ပြုလုပ်

ရန်ကုန်၊ မေ ၃ ကျောက်တန်းမြို့နယ်ကျောင်းသားများသမဂ္ဂဂ (ဗကသများအဖွဲ့ချုပ်) မှ မေလ ၂ ရက်နေ့တွင် ကျောက်တန်းမြို့နယ်ရှိ ရွှေမှော်ဝန်းတံတားတွင် ❝ တောင်တန်း/ပြည်မ ညီညွတ်ကြ ၊ စစ်သုံးစစ်ကို တိုက်ဖျက်ကြ ❞ စာသားပါဘန်နာအား ချိတ်ဆွဲခြင်းနှင့် ကျောက်တန်းမြို့နယ်ရှိ ကျေးရွာများတွင် ❝...

ပြင်ဦးလွင်တွင် “စစ်ကျွန်မခံ တို့တော်လှန်” စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ်

ရန်ကုန်၊ မေ ၂ မန္တလေး ပြင်ဦးလွင်တွင် ဒေသခံပြည်သူများ ဦးဆောင်ကာ ယနေ့ မေလ ၂ရက်နေ့တွင် "စစ်ကျွန်မခံ တို့တော်လှန်" စာတန်း ကိုင်ဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ တော်လှန်ရေး ညသပိတ် ပြုလုပ်ခဲ့ကြောင်း သိရသည်။

ဆားလင်းကြီးတွင် ကျောင်းသား ပြည်သူများ ဦးဆောင်ကာ အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၂ ဆားလင်းကြီး မြို့နယ်တွင် မုံရွာတက္ကသိုလ် ကျောင်းသားများ သမဂ္ဂအဖွဲ့ ၊ မုံရွာပင်မ သပိတ်စစ်ကြောင်းနှင့် လက်ပံတောင်းတောင်ပင်မသပိတ်စစ်ကြောင်းတို့ပူးပေါင်းကာ ယနေ့ မေလ ၂ ရက်နေ့တွင် အကြမ်းဖက် စစ်တပ် အမြစ်ပြတ် ချေမှုန်းရေး ဆိုင်ကယ်များဖြင့် ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

မုံရွာတွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေးကျေးရွာ သပိတ် ချီတက်

ရန်ကုန်၊ မေ ၂ မုံရွာမြို့နယ် အနောက်မြောက်လွင်ပြင်ဒေသတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ကျေးရွာသပိတ်ကိုလမိုးရွာထဲတွင် ချီတက်ဆန္ဒပြခဲ့ကြသည်။

မြိုင်မြို့နယ်တောင်ပိုင်းတွင် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၂ မြိုင်မြို့နယ်တောင်ပိုင်းတွင် ပြည်သူများ စုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ဆန့်ကျင်ရေး သပိတ်စစ်ကြောင်း ချီတက်ခဲ့ကြသည်။

မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း အကြမ်းဖက် စစ်တပ် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၂ မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထုသပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၂ ရက်နေ့တွင် "အဖိနှိပ်ခံ အလုပ်သမားဘဝမှ လွတ်မြောက်ဖို့ အာဏာရှင်ကို အမြစ်ဖြတ်စို့" စာတန်းကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။Photo - Black Ko

Latest news

- Advertisement -spot_img