25.4 C
Yangon
spot_img

CATEGORY

Politics

ကျေးစာကျ သပိတ်စစ်ကြောင်း ဦးဆောင်ကာ အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညနေဆည်းဆာသပိတ် ပြုလုပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ ယင်းမာပင်မြို့နယ် ကျေးစာကျ ရွာ သပိတ်စစ်ကြောင်း ဦးဆောင်ကာ ယနေ့ ဇန်နဝါရီ ၂၁ ရက်နေ့တွင် အကြမ်းဖက် စစ်ကောင်စီ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ညနေဆည်းဆာသပိတ်ပြုလုပ်ခဲ့သည်။

စစ်တပ်ပိုင် Mytel တာဝါတိုင်များဖောက်ခွဲဖျက်ဆီးမှု အားမပေး၊ အသာအယာလှဲချပြီး  အသုံးချရန် ထုတ်ပြန်

ရန်ကုန်၊ ဇန်နဝါရီ ၂၁ အကြမ်းဖက်စစ်တပ်ပိုင် Mytel တာဝါတိုင်များ ဖောက်ခွဲဖျက်ဆီးမှုကို အားမပေးဘဲ အသာအယာ လှဲချပြီး တပ်ရင်းများအတွက် သုံးချရန် ရိုးမဖိုက်တာယင်းမာပင်က တိုက်တွန်းလိုက်သည်။  "မိုင်တဲ မိုက်တယ်မိုက်တယ်ဆိုတာ တကယ်မှန်သွားပါပြီ။ ဖောက်ခွဲပြီး ဖျက်ဆီးပစ်တာကို ရိုးမဖိုက်တာအားမပေးပါဘူး။အသာအယာလှဲချပြီး လိုသလို တပ်ရင်းများအတွက် အသုံးချနိုင်ဖို့စမ်းသပ်နေပါတယ်" ဟု ရိုးမဖိုက်တာ ယင်းမာပင်က...

စစ်ကောင်စီ ခလရ ၂၅၆ မှ တပ်သား ၂ ဦး ရေစကြို PDF ထံ လက်နက်နှင့်တကွ လာရောက်ပူးပေါင်း

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မကွေးတိုင်း၊ ရေစကြိုအခြေစိုက် ခလရ ၂၅၆ တပ်ရင်းမှ တပ်သား စောကလဲဘွဲထူးနှင့် တပ်သား ကိုသက်တို့ ၂ ဦးသည် သေနတ် ၁ လက်နှင့်အတူ လာရောက်ပူးပေါင်း အလင်းဝင်လာခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့-ရေစကြိုက သတင်းထုတ်ပြန်သည်။ အဆိုပါ တပ်သား ၂ ဦးကို လွတ်မြောက်နယ်မြေသို့...

စစ်အာဏာသိမ်းမှုကြောင့် ဒေါ်လာ ဘီလီယံချီ နှစ်စဉ် အခွန်ပေးဆောင်နေသည့် ပြင်သစ် TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၂၁  စစ်အာဏာသိမ်းပြီး ပြည်သူများ သတ်ဖြတ်လျက်ရှိသော အကြမ်းဖက်စစ်ကောင်စီကြောင့် TOTAL ရေနံနှင့်သဘာ၀ဓာတ်ငွေ့ကုမ္ပဏီက မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ပြီး ယင်းသို့ ထွက်ခွာမည်ဆိုသော ဆုံးဖြတ်ချက်ကို ကြိုဆိုကြောင်း Burma Campaign UK က ကြိုဆိုကြောင်း ယနေ့တွင် တရားဝင်သတင်းထုတ်ပြန်သည်။   မြန်မာနိုင်ငံမှ နုတ်ထွက်ရန်  Total Energies...

တီးတိန်၊ Hiang Zing ယန်ဇင် ကျေးရွာရှိ စစ်ကောင်စီတပ်ဖွဲ့ တိုက်ခိုက်ခံရပြီး စစ်သား ၁၅ ဦးခန့်သေဆုံး

ရန်ကုန်၊ ဇန်နဝါရီ ၁၉ ချင်းပြည်နယ်၊ တီးတိန်မြို့နယ်၊ တီးတိန်-ကလေး ကားလမ်းပေါ်ရှိ Hiang Zing ယန်ဇင်ကျေးရွာတွင် တပ်စွဲထားသော စစ်ကောင်စီတပ်ဖွဲ့ကို ဒေသကာကွယ်ရေးပူးပေါင်းအဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၁ ရက် နံနက်အစောပိုင်း ၁ နာရီ ၄၅ မိနစ်တွင် ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး စစ်သား ၁၅...

စစ်ကိုင်းတွင် စစ်တပ်က မိဿာရွာနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ၊ ပြည်သူတချို့လည်း အဖမ်းခံရ

ရန်ကုန်၊ ဇန်နဝါရီ ၂၁  စစ်ကိုင်းအတွင်းရှိ ရေဦးမြို့နယ် မိဿာရွာနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၁ရက်နေ့ နံနက်ပိုင်းက စတင်ကာ မီးရှို့နေပြီး ပြည်သူတချိည့လည်း ဖမ်းဆီးထာကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။ ရေးဦးမြို့နယ်...

ရန်ကုန်တိုက်ကြီးတွင် မိုင်း ၃ လုံးကွဲပြီး စစ်သား ၂ ဦးသေဆုံးဟုဆို၊ မြောက်ဥက္ကလာအပါအဝင် ရန်ကုန်တွင် လုံခြုံရေးတင်းကျပ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁  ရန်ကုန်တိုင်းတိုင်း၊ တိုက်ကြီးမြို့နယ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်တွင် မိုင်း ၃ လုံးပေါက်ကွဲပြီး စစ်သား ၂ ဦးထိခိုက်သေဆုံးမှုရှိကြောင်း ဒေသခံများက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။  တိုက်ကြီးမြို့ပေါ်၊ ချမ်းမြသာစည်လမ်း အနီး လုံခြုံရေးဂိတ်တွင် ယနေ့ နံနက် ၆ နာရီဝန်းကျင်အချိန်...

ရန်ကုန်၊ သင်္ဃန်းကျွန်း Asia Smile ဟိုတယ်ရှေ့တွင် လူငယ်နှစ်ဦးကို စစ်တပ်က ပစ်ခတ်၊ တစ်ဦးမှာ ကျည်ထိဒဏ်ရာရစဉ် ရိုက်နှက်ခံရ ၊ ရွှေပြည်သာတွင် ဆိုင်ကယ်စီး လူငယ်တစ်ဦးကို စစ်တပ်က ပစ်သတ်

ရန်ကုန်၊ ဇန်နဝါရီ ၂၁  ရန်ကုန်၊ သင်္ဃန်းကျွန်းမြို့နယ်၊ သံသုမာလမ်း၊ စုပေါင်းမှတ်တိုင်အနီး Asia Smile Hotel ရှေ့တွင် လူငယ် နှစ်ဦးကို စစ်တပ်က ပစ်ခတ်ရာ လူငယ် ၁ ဦး ကျည်ထိမှန်ဒဏ်ရာရရှိပြီး အဆိုပါ ဒဏ်ရာရ လူငယ်ကို စစ်တပ်က ၀ိုင်းဝန်းရိုက်နှက်ကြကြောင်း‌ ဒေသခံများက...

အကြမ်းဖက်စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်ခရိုင် ၃၁၇ ရက်မြောက် ရွာပေါင်းစုံသပိတ်စစ်ကြောင်း ချီတက်ဆန္ဒပြ 

ရန်ကုန်၊ ဇန်နဝါရီ ၂၁ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင် ချေမှုန်းရေး ယင်းမာပင်အရှေ့ခြမ်းနှင့် ဆားလင်းကြီးမြောက်ခြမ်း ကျေးရွာပေါင်းစုံက လူထုအင်အား ပိုမိုအားကောင်းစွာဖြင့်  ၃၁၇ ရက်မြောက် သပိတ်စစ်ကြောင်း ယနေ့ ဇန်နဝါရီလ ၂၁ ရက်တွင် လှည့်လည်ကြွေးကြော်ဆန္ဒပြကြသည်။

မြိုင်မြို့နယ်တွင် အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်ဖြုတ်ချရေး  ချီတက်ဆန္ဒပြ

ရန်ကုန်၊ ဇန်နဝါရီ ၂၁ မကွေးတိုင်း၊ မြိုင်မြို့နယ် အခြေခံပညာအထွေထွေသပိတ်ကော်မတီနှင့် ပြည်သူများပူးပေါင်းကာ ဇန်နဝါရီလ ၂၀ ရက်နေ့တွင် ညနေဆည်းဆာသပိတ်အဖြစ် အကြမ်းဖက်စစ်အာဏာရှင်ဖြုတ်ချရေး ကြွေးကြော်ချီတက်ဆန္ဒပြကြသည်။ Photo BEGSC

Latest news

- Advertisement -spot_img