25 C
Yangon

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် မင်းအောင်လှိုင် နှင့်စစ် အာဏာ ရှင်ဆန့်ကျင်ရေး မြန်မာနိုင်ငံသားများ ဆန္ဒပြ၊ မလေးရှားရဲက မြန်မာ ၃၀ ကျော်ကို ဖမ်းဆီး

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၃

မလေးရှားနိုင်ငံ၊ ကွာလာလမ်ပူရှိ မြန်မာသံရုံးရှေ့တွင် မင်းအောင်လှိုင်နှင့် စစ် အာဏာရှင် ဆန့်ကျင်ရေး ၁ နှစ်ပြည့်အဖြစ် မြန်မာနိုင်ငံသားများက ယနေ့ ဆန္ဒပြကြပြီး ဆန္ဒပြပွဲအပြီးတွင် မလေးရှားရဲက မြန်မာ ၃၀ ကျော်ကို ဖမ်း ဆီး သွားကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ မလေးရှား) သတင်းပြန်ကြားရေး ကော်မတီက သတင်းထုတ်ပြန်သည်။

ဖေဖော်ဝါရီလ ၃ ရက်နေ့တွင် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (မလေး ရှား လွတ်မြောက်နယ်မြေ)နှင့် တိုင်း ရင်းသား အသင်းအဖွဲ့များ၊ မလေး ရှား ရောက် မြန်မာ လုပ်သားများ စုပေါင်း၍ မြန်မာနိုင်ငံ စစ်အာ ဏာ သိမ်း ခံရခြင်း တစ်နှစ်ပြည့် ဝမ်းနည်းဖွယ် အထိမ်းအမှတ် ဆန္ဒ ထုတ်ဖော်ပွဲ တစ် ရပ်ကို မလေးရှားနိုင်ငံ မြန်မာ သံရုံးရှေ့တွင် ပြုလုပ်ကြကြောင်း၊ ထိုဆန္ဒ ဖော် ထုတ်မှုကြောင့် မလေးရား ရဲများသည် ဆန္ဒ ဖော်ထုတ်သူများအား ဆန္ဒ ပြပွဲ အပြီးတွင် ကားပေါ် တင်၍ ရဲစခန်းသို့ ဖမ်းဆီး ခေါ်ဆောင်သွားကြောင်း၊ ဖမ်း ဆီးခံရသူ ၃၀ ဦးကျော်ရှိပြီး လက်ရှိတွင် ဖုန်းအဆက်အသွယ် မရ ဖြစ် နေ ကြောင်း သိရှိရသည်။

“ဘာကြောင့်မှန်း ဆက်သွယ်လို့မရသေးဘူးခင်ဗျ။ ဆန္ဒပြမှုကို သံရုံးက ဖိ အား ပေးလို့ မလေးရဲက ဖမ်းတာလို့ အကြမ်းဖျင်း သုံးသပ်လို့ရပါတယ်” ဟု အမျိုး သား ဒီမိုကရေစီအဖွဲ့ချုပ် (လွတ်မြောက် နယ်မြေ မလေးရှား) သတင်း ပြန် ကြားရေး ကော်မတီမှ အဖွဲ့ဝင်တစ်ဦးက ပြောသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article