25 C
Yangon

စစ်အာဏာသိမ်းပြီး ပြည်သူကို သတ်ဖြတ်နေသော မင်းအောင်လှိုင်နှင့်စစ်တပ်ကို မြန်မာ ၁၀၀၀ ဝန်းကျင်၊ ဗြိတိန်လွှတ်တော်အမတ်များနှင့် နိုင်ငံတကာကျန်းမာရေးအဖွဲ့များက ဆန္ဒပြ၊ မြန်မာသံရုံး၊ ဗြိတိန်ဝန်ကြီးချုပ်အိမ်ရှေ့နှင့် နိုင်ငံခြားရေးဝန်ကြီးဌာနရှေ့သို့ ချီတက်ကြ

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂

ယူကေရှိမြန်မာနိုင်ငံသား(၁၀၀၀)ခန့်နှင့်ယူကေနိုင်ငံရှိတော်ဝင်ကျန်းမာရေးကော်လိပ်မှ ကျန်းမာရေးအဖွဲ့အစည်းများမှ ပညာရှင်များစုပေါင်း၍ အာဏာသိမ်းတစ်နှစ်ပြည့်လှုပ်ရှားမှုအဖြစ် မင်းအောင်လှိုင်နှင့်ဖက်ဆစ်စစ်တပ်ကို ဖေဖော်ဝါရီလ (၁)ရက်နေ့တွင် ဆန္ဒပြကြသည်။

ထိုလှုပ်ရှားမှုသို့ ယူကေပါလီမန်မှအမတ်များဖြစ်ကြသော Lord Crips၊Lord Alton နှင့် Barones Cox တို့မှမိန့်ခွန်းများပြောကြားပေးခဲ့ပြီး ယူကေရောက်မြန်မာမွတ်ဆလင်များအဖွဲ့ ကလည်း မိန့်ခွန်းပြောကြားပေးခဲ့ပါသည်။

မြန်မာပြည်ရှိ အဖိအနှိပ်ခံကျန်းမာရေးဝန်ထမ်းများ နှင့်အတူရပ်တည်ကြောင်းကိုလည်းနိုင်ငံတကာကျန်းမာရေးအဖွဲ့အစည်းတစ်ခု မှ Mr Ben က စကားပြောဆိုပြီး ယူကေနိုင်ငံခြားရေးဝင်ကြီးရုံး၊ နံပါတ် ၁၀ ဒေါင်းနင်းလမ်းရှိဝန်ကြီးချုပ်ရုံး နှင့်လန်ဒန်ရှိမြန်မာသံရုံးရှေ့များတွင်ဆန္ဒဖော်ထုတ်ခဲ့ကြပါသည်။

စစ်အာဏာရှင်မြန်မာသံရုံးရှေ့တွင်လည်း နွေဦးတော်လှန်ရေးတွင်ကျဆုံးခဲ့သော သူများအားရည်စူး၍ ကျဆုံးသွားသူများ၏နံမည်များပါသော ကြယ်များချိတ်ဆွဲ၍အောက်မေ့ကြောင်းဂုဏ်ပြုခဲ့ပါသည်။

ဖေဖော်ဝါရီ ၁ ရက်နေ့ညပိုင်းတွင်လည်း ယူကေရှိ တော်ဝင်ကျန်းမာရေးကော်လိပ်များက မီးအနီရောင်များထွန်းကာမြန်မာနိုင်ငံရှိကျန်းမာရေးဝန်ထမ်းများနှင့်မြန်မာနိုင်ငံသားများအားဂုဏ်ပြုခဲ့ကြပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article