25.2 C
Yangon
- Advertisement -spot_img

ARCHIVE

Monthly Archives: May, 2022

ကလေးမြို့တွင် အိမ်ခြေ ၉ဝဝ ခန့်ရှိ အရှေ့စည်းရွာကို စစ်တပ်က မီးရှို့၍ ရွာလုံးကျွတ် ပြာကျ၊ ကျေးရွာနေ ပြည်သူ ၃ဦးကိုလည်း စစ်တပ်က သတ်ဖြတ်

ရန်ကုန်၊ မေ ၄ စစ်ကိုင်းတိုင်း၊ ကလေးမြို့နယ် တောင်ပိုင်း အရှေ့စည်းရွာကို အကြမ်းဖက် စစ်တပ်က မေလ ၁ ရက်နေ့တွင် ဝင်ရောက်စီးနင်းပြီး ရွာလုံးကျွတ် မီးရှို့ဖျက်ဆီးခဲ့ကာ ကျေးရွာနေ ပြည်သူ ၃ဦးကိုလည်း စစ်တပ်က သတ်ဖြတ်ခဲ့ကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။...

ဆားလင်းကြီးရှိ ကျေးရွာတစ်ရွာတွင် ဖက်ဆစ် စစ်အာဏာရှင်ကျရှုံးရေး သပိတ်ချီတက်

ရန်ကုန်၊မေ ၄ ဆားလင်းကြီးရှိ ကျေးရွာတစ်ရွာတွင် ပြည်သူများစုပေါင်း၍ အကြမ်းဖက် ဖက်ဆစ် စစ်အာဏာရှင်စနစ်ကျရှုံးရေး လူထုသပိတ်တိုက်ပွဲ ချီတက်ဆန္ဒပြခဲ့ကြသည်။

ချောင်းဦး၊ ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် စစ်ကောင်စီတပ်ဖွဲ့ ၂ ကြိမ် မိုင်းခွဲတိုက်ခိုက်ခံရပြီး ၁၂ ဦး သေဆုံး

ရန်ကုန်၊ မေ ၄ စစ်ကိုင်းတိုင်း ၊ချောင်းဦးမြို့နယ် ကင်မွန်းတော်ရွာမှ ပျူစောထီးများနှင့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ကို ချောင်းဦး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က ဧပြီလ ၂၉ ရက်နှင့် မေလ ၁ ရက်နေ့တွင် မိုင်းခွဲတိုက်ခိုက်ခဲ့ပြီး စစ်သားနှင့် ပျူစောထီး ၁၂ ဦး သေဆုံးကြောင်း ချောင်းဦး PDF က...

Khit Thit သတင်းဌာန၏ မေ ၄ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ မေ ၄ ရက် မနက်ပိုင်း ရရှိထားတဲ့သတင်းတွေကတော့-အကြမ်းဖက်စစ်တပ်က အာဏာသိမ်းထားတာကြောင့် မြန်မာနိုင်ငံမှာ လျှပ်စစ်မီးပြတ်တောက်မှု ပိုမိုကြာရှည် နိုင်ပြီး ရင်းနှီးမြှပ်နှံသူတွေအတွက် ဆုံးရှုံးနိုင်ချေအမြင့်ဆုံးဖြစ်နေတယ်လို့ ကမ္ဘာဘဏ်က ထုတ်ပြန်တဲ့ အစီရင်ခံစာအရ သိရပါတယ်။- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ အုတ်ဖိုးကျေးရွာကို စစ်တပ်က နယ်မြေရှင်းလင်းရေးခေါင်းစဉ်နဲ့...

ယင်းမာပင်-ပုလဲ လမ်းပိုင်းတွင် တပ်စွဲထားသော စစ်တပ် စခန်းနှင့် စစ်ကြောင်းများ တိုက်ခိုက်ခံရကာ စစ်သား ၃ဦးသေဆုံး၊ ဟားခါးတွင်လည်း စစ်ကောင်စီ စစ်ကြောင်း တိုက်ခိုက်ခံရပြီး စစ်သား ၁၃ဦး သေဆုံး

ရန်ကုန်၊ မေ ၃ စစ်ကိုင်းတိုင်း ယင်းမာပင်-ပုလဲ လမ်းပိုင်းရှိ လယ်ငေါက်ကျေးရွာတွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်နှင့် ပုလဲဖက်မှ လာသည့် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များ မေလ ၃ရက်နေ့ ညနေ ၅နာရီခန့်တွင် ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား...

မြန်မာနိုင်ငံတစ်ဝန်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံး

ရန်ကုန်၊ မေ ၃ မြန်မာနိုင်ငံတစ်ဝန်း မေလ ၃ ရက်နေ့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၅၅ ဦးသေဆုံးကြောင်း ဒေသကာကွယ်ရေးတပ်ဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

လောင်းလုံး မြောင်းပေါက်ရွာသား ကိုသားကြီးကို စစ်တပ်က ဖမ်းဆီးပြီး စွန်ရဲအဖွဲ့က သတ်ဖြတ်၊ စွန်ရဲအဖွဲ့ လည်ဆွဲဖြင့် ရုပ်အလောင်းကို စွန့်ပစ်၊ လောင်းလုံးသပိတ် ကော်မတီ အဖွဲ့ဝင်များနှင့် ဆန္ဒပြ လူငယ်များ ကိုလည်း စွန်ရဲအဖွဲ့က သတ်ဖြတ်မည်ဟု ခြိမ်းခြောက်

ရန်ကုန်၊ မေ ၃ တနင်္သာရီတိုင်း လောင်းလုံးမြို့နယ် ပန်းဒလဲကျေးရွာအုပ်စု မြောင်းပေါက်ရွာနေ ပြည်သူ ကိုသားကြီးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသွားပြီးနောက် တစ်လကျော်အကြာ ယနေ့ မေလ ၃ ရက်နေ့တွင် ကျေးရွာအနီးအနား၌ စွန်ရဲအဖွဲ့ လည်ဆွဲဖြင့်...

မြင်းမူတွင် ကျေးရွာ ၃ရွာကို မီးရှို့ ဖျက်ဆီးခဲ့သော စစ်တပ် စစ်ကြောင်းကို PDF အဖွဲ့များ ဝင်တိုက်ရာစစ်သား ၂၁ ဦးသေဆုံး၊ ကော့မှူး ငှက်အော်စမ်းရွာတွင်လည်း စစ်ယာဉ်တန်း မိုင်း ဆွဲခံရပြီး စစ်ဗိုလ် ၁ဦး အပါအဝင် ၂ ဦးသေဆုံး

ရန်ကုန်၊ မေ ၃ စစ်ကိုင်းတိုင်း မြင်းမူမြို့နယ်တွင် ဝက်ကျ၊ ကန်ရင်းနှင့် မလဲသာ ကျေးရွာများကို ဝင်ရောက် စီးနင်း မီးရှို့ခဲ့သော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ဒေသခံ ကာကွယ်ရေး တပ်ဖွဲ့များက ဝင်ရောက် ပစ်ခတ် တိုက်ခိုက်ခဲ့ပြီး စစ်သား ၂၁ ဦးသေဆုံးခဲ့ကြောင်း People's...

မုံရွာတွင် လက်ပံတောင်းတောင်ဒေသ လူထုသပိတ်စစ်ကြောင်း စစ်အာဏာရှင် တော်လှန်ရေး ချီတက် ဆန္ဒပြ

ရန်ကုန်၊ မေ ၃ မုံရွာတွင် လက်ပံတောင်းတောင် ဒေသ လူထု သပိတ် စစ်ကြောင်း ဦးဆောင်ကာ ယနေ့ မေလ ၃ ရက်နေ့တွင် "❝ တောင်တန်းမြေပြန့် အတူချီတက် ဖက်ဆစ်ဝါဒ အမြစ်ဖြတ် ❞" စာတန်း ကိုင်ဆောင်ကာ ချီတက် ဆန္ဒပြခဲ့ကြောင်း သိရသည်။

သရက်ချောင်းတွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ဖက်ဆစ် စစ်တပ် တော်လှန်ရေး ဆန္ဒပြ

ရန်ကုန်၊ မေ ၃ သရက်ချောင်းတွင် တော်လှန် လူငယ်များ ဦးဆောင်ကာ ယနေ့ မေလ ၃ရက်နေ့တွင် ဖက်ဆစ် စစ်တပ် တော်လှန်ရေး "မင်းတို့ကြောက်တဲ့ ကြွေးကြော်သံတွေ နေရာတိုင်းမှ ကြားစေရမည်" စာတန်းကိုင်ဆောင်ကာ ဆန္ဒပြခဲ့ကြောင်း သိရသည်။

Latest news

- Advertisement -spot_img