Crime Archives - Khit Thit Media

မြင်းမူတွင် စစ်တပ်က ကျေးရွာ ၂ ခုမှ ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် ခိုးယူပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့၊ ကျေးရွာ ၁၀ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ
ရန်ကုန်၊ ဇွန် ၂၁

စစ်ကိုင်းတိုင်း၊ မြင်းမူမြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ကျေးရွာ ၂ ခုမှ ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် ခိုးယူပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့ကာ ကျေးရွာ ၁၀ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်နေရကြောင်း မြောင်မြို့နယ် T. G. R. သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့တွင် အင်အား ၂၀၀ ခန့်ပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် မြင်းမူမြို့နယ်၊ ဂွေးပင်တောကျေးရွာကို စတင်စစ်ကြောင်းထိုး ဝင်ရောက်ခဲ့ပြီး စည်ပင်ရွာ၊ ကံသာရွာ၊ ချောင်းကွေ့ရွာ၊ တွင်းကြီးရွာ၊ ကုန်းရွာ၊ လက်ပန်ရွာနှင့် တောချောင်းဦးကျေးရွာများကို ဆက်တိုက် စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းခဲ့ကြောင်း၊ ယနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၅ နာရီခန့်တွင် စစ်ကြောင်းသည် မြင်းမူမြို့နယ်ရှိ တောချောင်းဦးကျေးရွာနှင့် လက်ပန်ကျေးရွာမှ ပြည်သူပိုင် တန်ဖိုးကြီးပစ္စည်းများကို ကား ၁၂ စီးဖြင့် ခိုးယူလုယက်သွားကြောင်း သိရှိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်က ကံသာကျေးရွာအတွင်းသို့ စစ်ကြောင်းထိုးဝင်ရောက်စဉ် အသက် ၄၅ နှစ်အရွယ် ကိုထွန်း ဆိုသူကို ဖမ်းဆီးသတ်ဖြတ်ခဲ့ကြောင်း၊ ထို့နောက် စစ်တပ်က ရုပ်အလောင်းကိုပါ ဖျောက်ဖျက်သွားခဲ့၍ လက်ရှိအချိန်အထိ ရုပ်အလောင်းကို ရှာမတွေ့သေးကြောင်း သိရသည်။

“ဇွန် ၁၉ ရက်နေ့က မြင်းမူမြို့နယ် ဂွေးပင်တောကျေးရွာကို စစ်ကြောင်းထိုးပြီး စည်ပင်ရွာ၊ ကံသာ‌ရွာ၊ ချောင်းကွေ့ရွာ၊ တွင်းကြီးရွာ၊ ကုန်းရွာရွာ၊ လက်ပန်ရွာနဲ့ တောချောင်းဦးရွာတွေ စစ်ကြောင်းထိုးပါတယ်။ ဒီနေ့ ဇွန် ၂၁ ရက်နေ့မှာ တောချောင်းဦးကျေးရွာ နဲ့ လက်ပန်ကျေးရွာက ပြည်သူပိုင်ပစ္စည်းတွေကို ကား ၁၂ စီးနဲ့ ခိုးယူသွားတယ်။ ခွေးအင်အား ၂၀၀ လောက်ပါတယ်။ မီးရှို့တာတော့မရှိဘူး။ စစ်ခွေးတွေက ကံသာကျေးရွာသား အမျိုးသား ၁ ဦး နာမည်က ကိုထွန်း အသက်က ၄၅ နှစ့်ခန့်ကို ကံသာကျေးရွာမှာပဲ အသတ်ပြီး အလောင်းဖျောက်သွားတယ်။ ရှာမတွေ့သေဘူး သွေးကွက်တွေဘဲတွေ့ပါသေတယ်။ ဘာကြောင့် သတ်သွားတယ်ဆိုတာတော့ မသိရသေးဘူး။ ချောင်းဦးမြို့နယ် နတ်ရေကန်ကျေးရွာ ခွေးခြံထဲမှာ အင်အား ၁၅၀ လောက်နဲ့ မုံရွာ နမခ ခွေးခြံကို ကားနှစ်စီး အင်အား ၅၀ လောက်ပြန်သွားပါတယ်။ လက်ရှိမှာ စစ်ခွေးတွေ စစ်ကြောင်းထိုးသွားတဲ့ ရွာ ၁၀ ရွာက ပြည်သူ ၇၀၀၀ ခန့်လောက်က စစ်ဘေရှောင်ရပါတယ်” ဟု မြောင်မြို့နယ် T. G. R. သတင်းမှန်ပြန်ကြားရေးမှ တာဝန်ရှိသူတစ်ဦးက ပြောဆိုသည်။

လက်ရှိချိန်တွင် စစ်တပ် စစ်ကြောင်းမှ အင်အား ၁၅၀ ခန့်သည် ချောင်းဦးမြို့နယ်၊ နတ်ရေကန်ကျေးရွာအတွင်းကို ဝင်ရောက်သွားပြီး ကျန်ရှိနေသော အင်အား ၅၀ ခန့်သည့် ကား ၂ စီးဖြင့် ခိုးယူထားသော ပြည်သူပိုင်ပစ္စည်းများကို သယ်ဆောင်ကာ မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ် (နမခ) အတွင်းသို့ ပြန်လည်ဝင်ရောက်သွားကြောင်း သိရသည်။

အဆိုပါ အကြမ်းဖက် စစ်တပ်၏ စစ်ကြောင်းထိုးဝင်ရောက်မှုကြောင့် မြင်းမူမြို့နယ် စည်ပင်ကျေးရွာ၊ ကံသာ‌ကျေးရွာ၊ ချောင်းကွေ့ကျေးရွာ၊ တွင်းကြီးကျေးရွာ၊ ကုန်းကျေးရွာ၊ လက်ပန်ကျေးရွာနှင့် တောချောင်းဦးကျေးရွာ အပါအဝင် ရွာပေါင်း ၁၀ ခန့်မှ ပြည်သူ ၇၀၀၀ ခန်သည် ဘေးလွတ်ရာကို ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရှိရသည်။

ဓာတ်ပုံ – စစ်ကိုင်းတိုင်းအတွင်းရှိ ကျေးရွာတစ်ခုကို အကြမ်းဖက် စစ်တပ် စစ်ကြောင်း ညအချိန်ဝင်ရောက်လာ၍ ထွက်ပြေးတိမ်းရှောင်နေရသော ပြည်သူများ (ပုံအဟောင်းဖြစ်သည်)

The post မြင်းမူတွင် စစ်တပ်က ကျေးရွာ ၂ ခုမှ ပြည်သူပိုင်ပစ္စည်းများကို ကားများဖြင့် ခိုးယူပြီး ပြည်သူ ၁ ဦးကို သတ်ဖြတ်ခဲ့၊ ကျေးရွာ ၁၀ ခုမှ ထောင်နှင့်ချီသော ပြည်သူများ ထွက်ပြေးတိမ်းရှောင်ရ appeared first on Khit Thit Media.

လောင်းလုံးမြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်က ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့၊ မင်းတပ်နှင့် ကန်ပက်လက်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ
ရန်ကုန်၊ ဇွန် ၂၁

တနင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော အကြမ်းဖက် စစ်တပ်က ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

မေလပိုင်းမှ စတင်ပြီး လောင်းလုံးမြို့နယ် အတွင်း အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုးခဲ့ပြီး ကဒတ်ကြီးရွာမှ ပြည်သူပိုင် နေအိမ် ၆ လုံးနှင့် စစ်ပြဲရွာမှ ပြည်သူပိုင် နေအိမ် ၉ လုံး ​မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်း၊ ထိုသို့ မီးရှို့ဖျက်ဆီးခံရမှု နေအိမ်ပိုင်ရှင်များကို တော်လှန်ရေးတပ်ဖွဲ့နှင့် ထောက်ပံ့ရေးအဖွဲ့က ငွေကျပ် သိန်း ၅၀ ကျော် ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။

ထိုအကြမ်းဖက် စစ်တပ် စစ်ကြောင်းကိုလည်း တော်လှန်ရေးတပ်ဖွဲ့များက ဇွန်လ ၁၄ ရက်နေ့တွင် ၎င်းတို့ တပ်စွဲထားသော စစ်ပြဲရွာအတွင်း ဝင်ရောက် တိုက်ခိုက်ခဲ့သောကြောင့် စစ်တပ်ဘက်မှ အရာရှိ ၂ ဦးအပါအဝင် ၆ ဦး အပြင်းအထန် ထိခိုက် ဒဏ်ရာရရှိခဲ့ပြီး စစ်သား အလောင်း ၇ လောင်း အပါအဝင် သေနတ် ၁ လက်နှင့် ခဲယမ်းများ သိမ်းဆည်းရရှိခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးစစ်ကြောင်းက လောင်းလုံးမြို့နယ်ထဲကို မေလပိုင်းကကော ဇွန်လ ပိုင်းကကော အကြိမ်ကြိမ် စစ်ကြောင်းထိုးပြီး ပြည်သူပိုင် နေအိမ်တွေကို မီးရှို့သွားတာ တိုက်ပွဲကလည်း တောက်လျောက်ကို ဖြစ်ပွားခဲ့တယ်။ အထိနာတဲ့ စစ်ခွေးတွေက ပြည်သူပိုင် နေအိမ်တွေကို မီးရှို့သွားတာ နေအိမ် အားလုံးပေါင်း ၁၅ လုံး မီးလောင်ပျက်စီးခဲ့တယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အဆိုပါ အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့တွင် လောင်းလုံးမြို့ပေါ်သို့ တိတ်တဆိတ် ပြန်လည် ဆုတ်ခွာသွားပြီး ထိခိုက်ဒဏ်ရာရရှိသူ အများအပြားလည်း စစ်ကြောင်းထဲတွင် ပါဝင်ကြောင်း သိရသည်။

ထို့ပြင် ချင်းပြည်နယ်၊ မင်းတပ်မြို့နှင့် ကန်ပက်လက်မြို့နယ်အတွင်း ကိုလည်း အကြမ်းဖက် စစ်တပ်က Y-12 လေယာဉ်ဖြင့် ယနေ့ ညနေပိုင်းတွင် ထပ်မံ ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့ ညနေ ၆ နာရီ ၂၀ မိနစ်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ် ၁ စီးသည် မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၁၅ လုံးထပ်မံ ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ကန်ပက်လက်မြို့နယ်အတွင်းကိုလည်း အဆိုပါ Y-12 လေယာဉ်က လေကြောင်းတိုက်ခိုက်မှု ၆ ကြိမ် ထပ်မံပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

ဇွန်လ ၁၉ ရက်နေ့ကလည်း ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ (ရွာဟောင်း) ရှိ စစ်ဘေးရှောင်အရပ်သားများ နေထိုင်ရာနေရာကို စစ်ကောင်စီတပ်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အမျိုးသား ၃ ဦးနှင့် အမျိုးသမီး ၂ ဦး စုစုပေါင်း ပြည်သူ ၅ ဦး သေဆုံးခဲ့ပြီး ၁၀ ဦးကျော် ဒဏ်ရာရရှိခဲ့ကြောင်း ကန်ပက်လက်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ထုတ်ပြန်ထားသည်။

The post လောင်းလုံးမြို့နယ် အတွင်း စစ်ကြောင်းထိုးခဲ့သော စစ်တပ်က ပြည်သူပိုင် နေအိမ် ၁၅ လုံးကို မီးရှို့ဖျက်ဆီးခဲ့၊ မင်းတပ်နှင့် ကန်ပက်လက်မြို့ကိုလည်း စစ်တပ်က လေယာဉ်ဖြင့် ထပ်မံ ဗုံးကျဲ appeared first on Khit Thit Media.

ရေစကြိုမြို့ပေါ်မှ ထွက်လာသော စစ်တပ် လှည့်ကင်းက အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၅ ဦးကို ခေါ်ယူရိုက်နှက်မှု ပြင်းထန်ဒဏ်ရာများရရှိ
ရန်ကုန်၊ ဇွန် ၂၁

မကွေးတိုင်း၊ ရေစကြိုမြို့ပေါ်မှ ထွက်လာသော အကြမ်းဖက် စစ်တပ် လှည့်ကင်းက အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၅ ဦးကို ခေါ်ယူရိုက်နှက်မှု ပြင်းထန်ဒဏ်ရာများရရှိခဲ့ကြောင်း Yesagyo Township Info Committee ထုတ်ပြန်ချက်နှင့် ဒေသပြည်သူများက ပြောဆိုချက်အရ သိရသည်။

ဇွန်လ ၁ ရက်နေ့ နံနက် ၁၀ နာရီခန့်တွင် ရေစကြိုမြို့မှ မူးရူးသောက်စားပြီး ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းသည် ကျောမကြားကျေးရွာအနီး ရောက်ရှိတွင် လယ်တောထဲ၌ နွားကျောင်းနေသော အသက် ၁၃ နှစ် အရွယ် ကျောင်းသား ၅ ဦးကို ခေါ်ယူပြီး အကြောင်းမဲ့ ဝိုင်းဝန်း ရိုက်နှက်ခဲ့ကြောင်း သိရသည်။

စစ်တပ်က ခေါ်ယူရိုက်နှက်ခဲ့သော ကလေးငယ်များသည် ရေစကြိုမြို့ အထက ကျောင်းတွင် G-7နှင့် G-8 တက်ရောက်နေသော ကလေးငယ်များဖြစ်ပြီး ကျောင်းပိတ်ရက်တွင် မိဘ အလုပ်အကိုင်များကို ဝိုင်းကူလုပ်ပေးရန် နွားကျောင်းထွက်လာခြင်းဖြစ်ကြောင်း သိရှိရသည်။

ထို့ပြင် စစ်သားများက ကလေးငယ်များကို မြေပြင်တွင် မှောက်ခိုင်းပြီး ဦးခေါင်းကို ခြေဖြင့် ဖိနင်းခြင်းများပါ လုပ်ဆောင်ခဲ့ကြောင်း၊ ထိုသို့ နှိပ်စက်နေသည်ကို ကလေးငယ်များ၏ ဦးလေးဖြစ်သူက တွေ့မြင်သွားပြီး စစ်သားများကို ဒူးထောက် ရှိခိုး တောင်းပန်းသော်လည်း အချိန်အတော်ကြာ ပြန်လွှတ်ပေးခြင်းမရှိဘဲ ၎င်းတို့စိတ်ကြိုက် နှိပ်စက်ပြီးမှ ပြန်လွှတ်ပေးခဲ့ကြောင်း သိရသည်။

“စစ်ခွေးတွေ နှိပ်စက်နေတာကို ကလေးငယ်တွေနဲ့ ဦးလေးဖြစ်သူတွေ့သွားလို့ ရောက်လာပြီး တောင်းပန်ပါတယ်။ ကျောင်းတက်နေတဲ့ ကျောင်းသားလေးတွေပါ။ မနှိပ်စက်ပါနဲ့လို့ ဒူးထောက် ရှိခိုးပြီး တောင်းပန်တာကို စစ်ခွေးတွေက ဘာကျောင်းသားလည်း သတင်းထောက်နေတဲ့ကလေးတွေ ချကွာဆိုပြီး သူတို့ စိတ်ကြိုက် ရိုက်နှက် နှိပ်စက်ပြီးမှာ ကလေးတွေကို တော်တော်ကြာမှ လွှတ်ပေးလိုက်တယ်လို့သိရတယ်။ အခုကလေးတွေက စိတ်ပိုင်းဆိုင်ရာရော ရုပ်ပိုင်းဆိုင်ရာကို ထိခိုက်ပြီး ပြင်းထန် ဒဏ်ရာရနေတယ်” ဟု ဒေသပြည်သူတစ်ဦးက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ရေစကြိုမြို့တွင် တာဝန်ကျနေသော စစ်သားများသည် နေ့စဉ် မူးရူးသောက်စားပြီး လမ်းသွား လမ်းလာ ပြည်သူများကို အကြောင်းမဲ့ ရိုက်နှက်နှိပ်စက်ခြင်း၊ ပိုက်ဆံများတောင်းယူခြင်း၊ ဈေးဝယ်လာသော ပစ္စည်းများကို ယူဆောင်ခြင်း စသည့် ပြစ်မှုများ ကျူးလွန်နေခြင်းဖြစ်ကြောင်း Yesagyo Township Info Committee က ပြောဆိုထားသည်။

ဓာတ်ပုံ- တနင်္သာရီတိုင်းတွင် လူငယ်တချို့ကို စစ်တပ်က အကြမ်းဖက် ဖမ်းဆီးခဲ့စဉ်။ (ပုံအဟောင်းဖြစ်ပါသည်။)

The post ရေစကြိုမြို့ပေါ်မှ ထွက်လာသော စစ်တပ် လှည့်ကင်းက အသက် ၁၃ နှစ်အရွယ် ကျောင်းသား ၅ ဦးကို ခေါ်ယူရိုက်နှက်မှု ပြင်းထန်ဒဏ်ရာများရရှိ appeared first on Khit Thit Media.

မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက်တိုက် ဗုံး ၁၆၀ ကျော် ကျဲချ တိုက်ခိုက်
ရန်ကုန်၊ ဇွန် ၂၁

ချင်းပြည်နယ်၊ မင်းတပ်မြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက်တိုက် ဗုံး ၁၆၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း ဒေသပြည်သူများထံမှ သိရသည်။

ယနေ့ ဇွန်လ ၂၁ ရက်နေ့ နံနက် ၁၂ နာရီခန့်မှ စတင်ပြီး အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်က မင်းတပ်မြို့အနီးကို ဗုံး ၆၀ ကျော်ဖြင့် ၁၇ ကြိမ်ထက်မနည်း ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အလားတူ ယမန်နေ့ ဇွန်လ ၂၀ ရက်နေ့ ည ၁၁ နာရီကျော်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးက မင်းတပ်မြို့အနီးကို ဗုံး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရသည်။

အလားတူ ဇွန်လ ၂၀ ရက်နေ့ ည ၈ နာရီ ၄၀ မိနစ်ကျော်ခန့်မှ စတင်ပြီး တံတားဦးလေတပ်မှ တက်လာသော Y-12 လေယာဉ်ကလည်း မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၃၀ ကျော် ကျဲချ တိုက်ခိုက်ခဲ့ကြောင်း၊ ယင်းနေ့ မွန်းလွဲ ၃ နာရီကျော်ခန့်မှ ညနေပိုင်းထိ ကလည်း ရှမ်းတဲလေတပ်၊ မကွေးလေတပ်နှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ Y-12 ၁ စီး က မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံး ၁၅ လုံးထက်မနည်းကျဲချ တိုက်ခိုက်ခဲ့သေးကြောင်း သိရှိရသည်။

ထို့ပြင် ဇွန်လ ၁၉ ရက်နေ့ နံနက် ၇ နာရီကျော်ခန့်မှ စတင်ပြီး နေပြည်တော် အေလာ လေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး၊ တံတားဦးလေတပ်တက် ဂျက်ဖိုက်တာ ၂ စီးတို့က မင်းတပ်မြို့ အရှေ့ခြမ်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ ညနေ ၄ နာရီကျော်ခန့်မှ စတင်ပြီး မင်းတပ်မြို့ အနီးကို တံတားဦး လေတပ်မှ တက်လာသော Y-12 လေယာဉ်ဖြင့် ဗုံး ၂၆ လုံးခဲ့သေးကြောင်း သိရသည်။

မင်းတပ်မြို့ပေါ်ကိုလည်း အကြမ်းဖက် စစ်တပ်က ဇွန်လ ၁၄ ရက်၊ ဇွန်လ ၁၂ ရက်၊ ၁၀ ရက်၊ ဇွန်လ ၈ ရက်၊ ဇွန်လ ၇ ရက်နှင့် ဇွန်လ ၆ ရက်နေ့တို့တွင်လည်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက်ပြုလုပ်ခဲ့ပြီး ထိခိုက်ပျက်စီးမှု အခြေအနေများကို သိရှိနိုင်ရန် ရန်ကုန်ခေတ်သစ် သတင်းဌာနက သက်ဆိုင်ရာ တော်လှန်ရေးအင်အားစုများထံ ဆက်သွယ်မေးမြန်းထားသော်လည်း ပြန်လည်ဖြေဆိုခြင်းမရှိသေးပေ။

ဓာတ်ပုံ – မင်းတပ်မြို့ပေါ်နှင့် အနီးအနားရှိ ကျေးရွာများကို စစ်တပ် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော နေအိမ်များ။

photo credit – Hkl Mindat

The post မင်းတပ်မြို့ကို စစ်တပ်က လေယာဉ်ဖြင့် ၃ ရက်ဆက်တိုက် ဗုံး ၁၆၀ ကျော် ကျဲချ တိုက်ခိုက် appeared first on Khit Thit Media.

ကျင်ဒွေးမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများပြား၊ ခင်ဦးနှင့် ချောင်းဦးမြို့နယ်ကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး
ရန်ကုန်၊ ဇွန် ၂၀

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်၊ ကျင်ဒွေးမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ပြင်းထန် ဒဏ်ရာရရှိသူများပြားကြောင်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ ည ၁၁ နာရီ ၃၀ မိနစ်ခန့်က တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ ကျင်ဒွေးမြို့ကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၆ ဦးသေဆုံးကာ ပြင်းထန်ဒဏ်ရာရရှိသူ ၁၁ ဦးရှိကြောင်း သိရသည်။

“အခုက အဆက်အသွယ်တွေ ခက်ခဲနေလို့ ပြင်းထန်ဒဏ်ရာရတဲ့ သူတွေရဲ့ အခြေအနေကို မသိရသေးဘူး။ ဒဏ်ရာ အခြေအနေတွေက ပြင်းထန်တယ်လို့ပဲ ကနဦးကြားထားရသေးတာပါ” ဟု ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်က ကန်ပက်လက်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုများ ဆက်တိုက် လုပ်ဆောင်နေ၍ ပြည်သူများ လေယာဉ်သံကြားပါက ဗုံးခိုကျင်းများတွင် နေထိုင်ကြရန် ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာနက အသိပေးပြောဆိုထားသည်။

ထို့ပြင် စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်ရှိ ယောက်သွားအိုင်ကျေးရွာကို အကြမ်းဖက် စစ်တပ်က အသေခံဒရုန်း၊ လက်နက်ကြီးများဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ ကျောင်းသူ ၁ ဦး သေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယမန်နေ့ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် အကြမ်းဖက် စစ်တပ်၏ ရွှေဘိုမြို့နယ်အခြေစိုက် အမှတ် ၈ လေ့ကျင့်ရေးတပ်မှ အသေခံဒရုန်း ၂ စီး၊ လက်နက်ကြီးများဖြင့် ခင်ဦးမြို့နယ်၊ ယောက်သွားအိုင်ကျေးရွာ အနီးတစ်ဝိုက်ရှိ စစ်ဘေးရှောင် ပြည်သူများ နေထိုင်ရာ တောတိုက်ထဲများကို ပစ်ခတ်တိုက်ခိုက်ခဲ့ကြောင်း၊ ထိုတိုက်ခိုက်မှု အတွင်း အလယ်ရှိုကျေးရွာမှ စစ်ဘေးရှောင် အသက် ၁၈ နှစ်အရွယ် ကျောင်းသူ ၁ ဦး သေဆုံးခဲ့ပြီး စစ်ရှောင်ပြည်သူများ နေထိုင်ရာ တဲ ၁ လုံးလည်း ပျက်စီးသွားခဲ့ကြောင်း သိရသည်။

“မနေ့ နံနက်ပိုင်းက ရွှေဘိုလေ့ကျင့်ရေး ၈ ကနေ စစ်ခွေးတွေက အသေခံဒရုန်း၊ လက်နက်ကြီးတွေနဲ့ပါ လှမ်းပစ်တာ ယောက်သွားအိုင်ရွာအပြင်ဘက်က စစ်ရှောင်တွေခိုလှုံနေတဲ့ တောတိုက်ထဲကို ကျည်ကျရောက်ပေါက်ကွဲပြီး အလယ်ရှိုရွာကနေ လာရှောင်နေတဲ့ အသက် ၁၈ နှစ်အရွယ် ကျောင်းသူကလေးမလေး ၁ ဦး သေဆုံးတယ်။ စစ်ရှောင်တဲ ၁ ခုလည်း ပျက်စီးတယ်လို့ ကြားတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်ရှိ ကျီကုန်းကျေးရွာကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် လေကြောင်းဗုံးကျဲ တိုက်ခိုက်မှု ပြုလုပ်ခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၂၀ ရက်နေ့ ညနေ ၅ နာရီ ၃၃ မိနစ်ခန့်တွင် အကြမ်းဖက် စစ်တပ်၏ တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးက ချောင်းဦးမြို့နယ်၊ ကျီကုန်းကျေးရွာအတွင်းကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ အဆိုပါ ဗုံးကျဲတိုက်ခိုက်မှုကြောင့် ဒေသပြည်သူများ ထိခိုက်ဒဏ်ရာရရှိမှုနှင့် နေအိမ်များ ပျက်စီးဆုံးရှုံးမှု အခြေအနေများကို အတည်ပြုနိုင်ခြင်းမရှိသေးကြောင်း သိရသည်။

“ဒီနေ့ညနေ ၅ နာရီခွဲကျော်လောက်မှာ တံတားဦးလေတပ်က တက်လာတဲ့ စစ်ခွေးတွေရဲ့ ဂျက်ဖိုက်တာ ၁ စီးက ချောင်းဦးမြို့နယ် ကျီကုန်းရွာကို ဗုံးကျဲတိုက်ခိုက်သွားတယ်။ ပြည်သူတွေရှိတဲ့ရွာကို အကြောင်းမဲ့သက်သက် လာချသွားတာ။ စစ်ခွေးတွေရဲ့ ဗုံးကျဲတိုက်ခိုက်တာမှာ ပြည်သူတွေ ထိခိုက်တာနဲ့ အိမ်တွေပျက်စီးတာကိုတော့ မသိရသေးဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ မေလ ၃၁ ရက်နေ့မှ စတင်ပြီး ချောင်းဦးမြို့နယ် အရှေ့ဘက်ခြမ်းနဲ့ တောင်ဘက်ခြမ်းကို စစ်ကြောင်းထိုးခဲ့သည့် အကြမ်းဖက် စစ်တပ်ကလည်း ဆင်မြေကျေးရွာ၊ ငါးလုံးတင်ကျေးရွာနှင့် မှန်ချိုကျေးရွာတို့မှ နေအိမ် ၂၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ပြီး လက်နက်ကြီး၊ အသေခံဒရုန်းများဖြင့် ပစ်ခတ်တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ထိခိုက်ဒဏ်ရာရရှိသူများလည်းရှိကြောင်း သိရှိရသည်။

ဓာတ်ပုံ – ဧပြီလပိုင်းက ကန်ပက်လက်မြို့ပေါ်ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပျက်စီးသွားသော အဆောက်အဦးများ။ (ပုံအဟောင်းဖြစ်သည်)

The post ကျင်ဒွေးမြို့ကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၆ ဦးသေဆုံးပြီး ပြင်းထန်ဒဏ်ရာရရှိသူများပြား၊ ခင်ဦးနှင့် ချောင်းဦးမြို့နယ်ကိုလည်း စစ်တပ်က လေကြောင်း တိုက်ခိုက်မှု ပြည်သူ ၁ ဦးသေဆုံး appeared first on Khit Thit Media.

မင်္ဂလာဒုံဈေးတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်း ပန်သော စျေးသည်ဒေါ်မိုးမိုးကို စစ်တပ်က လက်ထိပ်ခတ် ဖမ်းဆီးသွားပြီး ကုန်စုံဆိုင်ကိုပါ ချိတ်ပိတ်
ရန်ကုန်၊ ဇွန် ၂၀

ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ မင်္ဂလာဒုံဈေးတွင် နှင်းဆီပန်းပန်ပြီး ဈေးရောင်းသည့်‌ ဒေါ်မိုးမိုးကို အကြမ်းဖက် စစ်တပ်က လက်ထိပ်ခတ်၍ ဖမ်းဆီးသွားပြီး ဆိုင်ကိုပါ ချိတ်ပိတ်သွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၉ ရက်နေ့ တစ်နိုင်ငံအတိုင်းအတား ဆင်နွှဲသည့် နှင်းဆီလှုပ်ရှားမှုကြောင့် အကြမ်းဖက် စစ်တပ်က မြန်မာအနှံ့တွင် နှင်းဆီပန်းကိုင်ဆောင်သူများနှင့် ပန်ဆင်သူများကို လိုက်လံ ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး မင်္ဂလာဒုံဈေးတွင် နှင်းဆီပန်းပန်ပြီး ကုန်ခြောက်ရောင်းသည့် ကုန်စုံဆိုင်ပိုင်ရှင် စျေးသည် ဒေါ်မိုးမိုး ဖမ်းဆီးခံခဲ့ရခြင်းဖြစ်ကြောင်း သိရသည်။

ယမန်နေ့ နံနက် ၈ နာရီ ၃၀ မိနစ်ခန့်အချိင်္န မင်္ဂလာဒုံဈေးရှိ ၎င်းပိုင်ဆိုင်သော ကုန်စုံဆိုင်တွင် အကြမ်းဖက် စစ်တပ်သည် ဒေါ်မိုးမိုးကို လက်ထိပ်ခတ်၍ ဝင်ရောက် ဖမ်းဆီးသွားခြင်းဖြစ်ပြီး မည်သည့် နေရာသို့ ခေါ်ဆောင်သွားသည်ကို မသိရှိရသေးဘဲ ယနေ့ အချိန်အထိ မိသားစုဝင်များနှင့် အဆက်အသွယ် ပြတ်တောက်နေကြောင်း၊ ဒေါ်မိုးမိုးသည် နေ့စဉ် နှင်းဆီပန်းပန်ခြင်း၊ ဘုရားပန်းအိုးတွင် နှင်းဆီပန်းထိုးခြင်းများ ပြုလုပ်လေ့ရှိသူဖြစ်ကြောင်း သိရှိရသည်။

“မင်္ဂလာဒုံဈေးထဲမှာ မနေ့က နံနက်က နှင်းဆီပန်းပန်တဲ့ ကုန်စုံဆိုင်ပိုင်ရှင် မမိုးမိုးကို စစ်ခွေးတွေက လာရောက်ဖမ်းဆီးပြီး ဆိုင်ကိုပါ ချိတ်ပိတ်သွားပါတယ်။ မမိုးမိုးကိုလည်း ပြစ်မှုအကြီးကြီး ကျူးလွန်ထားသလိုပဲ လက်ထိပ်ခတ်ပြီး ခေါ်သွားပါတယ်။ ဘယ်ကို ခေါ်သွားလဲဆိုတာတော့ မသိရသေးဘူး။ ဒီနေ့အထိ ပြန်မလွတ်သေးပါဘူး” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ တောင်ကြီးမြို့နယ်တွင် ယမန်နေ့ကလည်း နွယ်နွယ် အမည်ဖြင့် TikTok Account အသုံးပြုနေသည့် အမျိုးသမီးတစ်ဦးက အနီရောင်ဝတ်စုံ ဝတ်ဆင်ပြီး နှင်းဆီပန်းနီကို ကိုင်ဆောင်ကာ “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းဖြင့် ဗီဒီယိုတင်ခဲ့သောကြောင့် အသက် ၃၄ နှစ်အရွယ် မနွယ် (ခ) နွယ်နွယ် ကို စစ်တပ်က နေအိမ်တွင် လာရောက် ဖမ်းဆီးခဲ့ကြောင်း သိရသည်။

ထို့ပြင် မန္တလေးမြို့ မဟာအောင်မြေမြို့နယ် အောင် ချမ်းအေးရပ်ကွက် ၃၆(A) လမ်းနှင့် ၇၀(A) လမ်းထောင့်ရှိ ရတနာဝင်းအိမ်ဆိုင်မှ ဒေါ်ကြည်ကြည်ဝင်းနှင့် သမီးဖြစ်သူ မဇင် (ခေါ်) မိဇင် တို့သည် နှင်းဆီပန်းပန်ဆင်ကာ အောင်တော်မူဘုရားသို့ သွားရောက်စဉ် ဖမ်းဆီးခံခဲ့ရကြောင်း၊ မုံရွာမြို့တွင်လည်း ဗိုလ်တေဇလမ်းထိပ်ရှိ အသီးဆိုင်တစ်ဆိုင်၌ ဘုရားစင်ပေါ်တွင် နှင်းဆီပန်းများ ကပ်လှူထားသည်ကို တွေ့ရှိပြီးနောက် ဆိုင်ပိုင်ရှင်ကို စစ်တပ်က ဝင်ရောက် ဖမ်းဆီးသွားကြောင်း သိရှိရသည်

The post မင်္ဂလာဒုံဈေးတွင် ဒေါ်အောင်ဆန်းစုကြည်မွေးနေ့ နှင်းဆီပန်း ပန်သော စျေးသည်ဒေါ်မိုးမိုးကို စစ်တပ်က လက်ထိပ်ခတ် ဖမ်းဆီးသွားပြီး ကုန်စုံဆိုင်ကိုပါ ချိတ်ပိတ် appeared first on Khit Thit Media.

နတ်တလင်းတွင် စစ်တပ်လှည့်ကင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျေးရွာများကို ဒရုန်းဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးနေ
ရန်ကုန်၊ ဇွန် ၂၀

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်တွင် အကြမ်းဖက် စစ်တပ်လှည့်ကင်း တိုက်ခိုက်ခံရပြီးနောက် အကြမ်းဖက် စစ်တပ်က ကျေးရွာများကို ဒရုန်းဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ် သတင်းဌာနထံသို့ ပြောဆိုသည်။

ဇွန်လ ၁၆ ရက်နေ့တွင် နံနက် ၉ နာရီ ၄၅ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုရဲစခန်းနှင့် မျှော်တော်တောင်ဘုရား ကုန်းပေါ်မှ ကင်းပတ်ရန် ထွက်လာသော အကြမ်းဖက် စစ်သားများကို သာယာဝတီခရိုင် တပ်ရင်း ၁ ရဲဘော်များက အောင်ရတနာဈေးတန်းတွင် ကြားဖြတ် တိုက်ခိုက်ခဲ့ပြီး ထိတွေ့ တိုက်ပွဲ မိနစ် ၃၀ ခန့်ဖြစ်ပွားခဲ့ကာ စစ်တပ် ဘက်မှ ထိခိုက်သေဆုံးမှုရှိကြောင်း သိရသည်။

ထို့နောက် အကြမ်းဖက် စစ်တပ် စစ်ကြောင်းက ယင်းနေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ်ခန့်တွင် နတ်တလင်းမြို့နယ်၊ တောင်ညိုကွက်သစ်ရှိ ညောင်လှကျေးရွာကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၃ ဦး သေဆုံးခဲ့ပြီး ၂ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရှိရသည်။

စစ်တပ် ကျဲချသောဒရုန်းဗုံး ထိမှန်ပြီး တောင်ညိုကွက်သစ် ညောင်လှ ၅လမ်းတွင် နေထိုင်သော အသက် ၆၀ နှစ်အရွယ် ဦးအေး၊

တောင်ညိုကွက်သစ် ညောင်လှ ၈ လမ်းတွင်နေထိုင်သော အသက် ၇၅ နှစ်အရွယ် ဦးစိုးကြီး နှင့် အသက် ၅၈ နှစ်အရွယ် ဒေါ်မထွေးတို့ ပွဲချင်းပြီးသေဆုံးခဲ့ပြီး တောင်ညိုကွက်သစ် ညောင်လှ ၈ လမ်းတွင်နေထိုင်သော အသက် ၅၂ နှစ်အရွယ် ဒေါ်မြ နှင့် သမီးဖြစ်သူ အသက် ၈ နှစ်အရွယ် မစုစုစမ်းတို့ ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် အကြမ်းဖက် စစ်တပ်သည် နတ်တလင်းမြို့နယ် ကျောက်ခွက်ရွာမှ ပြည်သူ ၂ ဦး နှင့် ကျောက်စွယ်ရွာမှ ပြည်သူ ၂ ဦးကိုလည်း ဖမ်းဆီးရိုက်နှက်ပြီး စစ်ဆေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။

“စစ်ခွေးတွေက တိုက်ပွဲဖြစ်ပွားပြီးတော့ ရွာထဲကို ဒရုန်းတွေ လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ပစ်ခတ်ပြီး ဝင်လာတာ စစ်ခွေးတွေ ကျဲချတဲ့ ဒရုန်းဗုံး ထိမှန်ပြီးတော့ ပြည်သူ ၃ ဦးသေဆုံးတယ်။ သားအမိ ၂ ဦးကတော့ ထိခိုက်ဒဏ်ရာရပါတယ်။ အခုက ပြည်သူတွေလည်း တိမ်းရှောင်နေရတယ်။ စစ်ခွေးတွေက သူတို့ မသင်္ကာတဲ့ ပြည်သူတွေကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးတာတွေ လုပ်ဆောင်နေပါတယ်” ဟု ဒေသပြည်သူတစ်ဦးက ပြောဆိုသည်။

အလားတူ ဇွန်လ ၁၀ ရက်နေ့ကလည်း နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာ အောင်သုခ စက်လှေဆိပ်တွင် တပ်စွဲထားသော အကြမ်းဖက် စစ်တပ်က အိမ်ထောင်သည် အမျိုးသမီး မတင်မာဆွေကို မုဒိမ်းကျင့် သတ်ဖြတ်ပြီး ကျွန်းခင်းထဲတွင် ရုပ်အလောင်းကို စွန့်ပစ်ခဲ့‌ကြောင်း သိရသည်။

ဓာတ်ပုံ – နတ်တလင်းမြို့နယ်၊ ဖလံပင်ရွာကို အကြမ်းဖက် စစ်တပ်က မီးရှို့ ဖျက်ဆီးနေစဉ် (ပုံအဟောင်းဖြစ်သည်)

The post နတ်တလင်းတွင် စစ်တပ်လှည့်ကင်း တိုက်ခိုက်ခံရပြီးနောက် စစ်တပ်က ကျေးရွာများကို ဒရုန်းဗုံးကျဲမှု ပြည်သူ ၃ ဦးသေဆုံးပြီး ပြည်သူ ၄ ဦးကိုလည်း ဖမ်းဆီးရိုက်နှက် စစ်ဆေးနေ appeared first on Khit Thit Media.

ကျောက်တော်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ စုစုပေါင်း ၉ ဦးအထိ ရှိလာ
ရန်ကုန်၊ ဇွန် ၂၀

အာရက္ခဒေသ၊ ကျောက်တော်မြို့ပေါ်ကို အကြမ်းဖက်စစ်ကောင်စီတပ်က ဂျက်လေယာဉ်များဖြင့် ဗုံးကြဲတိုက် ခိုက်ခဲ့မှုကြောင့် ပြင်းထန်စွာ ဒဏ်ရာရရှိထားသည့် အသက် ၆၂ နှစ်အရွယ် ပိုက်သည်ရပ်ကွက်မှ အမျိုးသမီးကြီး ဒေါ်မအေးလှသည် ဇွန်လ ၁၉ ရက်နေ့တွင် ထပ်မံသေဆုံးသွားခဲ့ကြောင်း ရခိုင်ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

ဇွန်လ ၁၇ ရက်နေ့ စစ်တပ်က ကျောက်တော်မြို့ပေါ်သို့ စစ်လေယာဉ်ဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့သဖြင့် နေရာတင် အပြစ်မဲ့အရပ်သားပြည်သူ ၈ ဦး သေဆုံးခဲ့ပြီး၊ ယခုအခါ ဆေးကုသမှုခံယူနေသည့် ဒေါ်မအေးလှ ထပ်မံသေဆုံးသွားခြင်းကြောင့် ယခုလေကြောင်းတိုက်ခိုက်မှုအတွင်း ကလေးငယ်တစ်ဦးနှင့် သက်ကြီးရွယ်အိုတစ်ဦးအပါအဝင် သေဆုံးသူ စုစုပေါင်း ၉ ဦးအထိ ရှိလာပြီဖြစ်သည်။

စစ်တပ်၏ လေကြောင်းဖြင့် ဗုံးကြဲခံရမှုအတွင်း အသက် ၉ လအရွယ် ကလေးငယ် ၁ ဦးအပါအဝင် အပြစ်မဲ့ပြည်သူ ၁၉ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့သည်။

စစ်တပ်က ဇွန်လ ၁၇ ရက်နေ့ ညနေ ၃ နာရီခန့်အချိန် ဂျက်ဖိုက်တာ ၄ စီးဖြင့် တစ်နာရီနီးပါးကြာအောင် ကျောက်တော်မြို့ပေါ် ရပ်ကွက်များနှင့် လမ်းမတော်ကျေးရွာရှိ ဈေးဆိုင်တန်းများကို ၂ ကြိမ်ခွဲ၍ အပြင်းအထန် တိုက်ခိုက်ခဲ့ခြင်းဖြစ်သည်။

စစ်တပ်၏ ပထမအကြိမ်တိုက်ခိုက်မှုအတွင်း ဂျက်ဖိုက်တာ ၂ စီးက ကျောက်တော်မြို့၊ ပိုက်သည်ရပ်ကွက်၊ ရွာမရပ်ကွက်၊ ကတ-၃ လမ်းမ အပါအဝင် ပြည်သူများနေထိုင်ရာ နေရာ ၅ ခုသို့ ပေါင် ၅၀၀ ဗုံး ၃ လုံးနှင့် ရော့ကတ် ၁၃ လုံး ပစ်ခတ်ခဲ့သည်။

ဒုတိယအကြိမ်တိုက်ခိုက်မှုတွင်မူ ဂျက်ဖိုက်တာ ၂ စီးဖြင့် လမ်းမတော်ကျေးရွာ ဈေးဆိုင်တန်း ကျောက်ကွင်းအနီးတစ်ဝိုက်သို့ ပေါင် ၅၀၀ ဗုံး ၄ လုံး၊ ပေါင် ၃၀၀ ဗုံး ၁ လုံးနှင့် ရော့ကတ် ၂ လုံး ထပ်မံကြဲချတိုက်ခိုက်ခဲ့သည်။

ယင်းတိုက်ခိုက်မှုများကြောင့် လူနေအိမ်များနှင့် ယာယီဈေးဆိုင်တန်းများအပါအဝင် အဆောက်အအုံ ၃၀ ခန့် မီးလောင်ပျက်စီးခဲ့ရပြီး စုစုပေါင်း ဆုံးရှုံးမှုတန်ဖိုးမှာ ကျပ်သိန်းပေါင်း နှစ်သောင်းခွဲကျော်ရှိကြောင်း သိရသည်။

စစ်တပ်က ကျောက်တော်မြို့အပြင် အခြားသောမြို့နယ်များကိုလည်း လေကြောင်း၊ ရေကြောင်းနှင့် ဒရုန်းများအသုံးပြုကာ တိုက်ခိုက်မှုများ ဆက်တိုက်လုပ်ဆောင်ခဲ့သည်။

အလားတူ ဇွန်လ ၁၄ ရက် ည ၁၂ နာရီခန့်တွင် ဂွမြို့နယ်၊ အမှတ် (၁၁) တိုက်နယ်၊ ကျောက်ချွန်ကျေးရွာရှိ ဘုန်းကြီး ကျောင်းနှင့် စာသင်ကျောင်းများကို ဗုံးကြဲတိုက်ခိုက်ခဲ့သဖြင့် ပြည်သူ ၁ ဦး ဒဏ်ရာရရှိခဲ့ပြီး စာသင် ကျောင်းဆောင်များနှင့် နေအိမ်အချို့ ပျက်စီးကာ နွား ၁ ကောင် သေဆုံးခဲ့သည်။

ဇွန်လ ၁၅ ရက် ည ၇:၁၅ နာရီခန့်တွင်လည်း ကျိန္တလီမြို့၊ ရမ္မာကျွန်းကျေးရွာကို လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ အပြစ်မဲ့ပြည်သူ ၂ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာရရှိခဲ့သည်။

ထို့ပြင် ဇွန်လ ၄ ရက် ညနေပိုင်း ရမ်းဗြဲမြို့နယ်၊ လေးတောင်မြို့၊ အမှတ် (၄) ရပ်ကွက်ရှိ ရေနံတူးရာအနီးသို့ အသေခံဒရုန်း ၂ စီးဖြင့် တိုက်ခိုက်ခဲ့သဖြင့် နွား ၂ ကောင် သေဆုံးခဲ့သည်။ အလားတူ ဇွန်လ ၆ ရက် ည ၁၁:၃၀ နာရီခန့်တွင် ကျောက်ဖြူမြို့နယ်၊ အမှတ် (၄) တိုက်နယ်၊ ကုလားတွင်းကျေးရွာနှင့် ဘယာကျေးရွာတို့ကို Y12 လေယာဉ်ဖြင့် ဗုံးကြဲခဲ့သဖြင့် ဘုန်းကြီးကျောင်းနှင့် နေအိမ်များ ပျက်စီးကာ နွား ၃ ကောင် သေဆုံးခဲ့သည်။

အခြားတစ်ဖက်တွင်လည်း ဇွန်လ ၇ ရက်နေ့ ကျောက်ဖြူမြို့နယ်၊ သံဇစ်မြစ်အတွင်း သွားလာနေသည့် ခရီးသွားပြည်သူများကို စစ်သင်္ဘောပေါ်မှ စက်သေနတ်များဖြင့် လှမ်းပစ်ခဲ့သဖြင့် ပြည်သူအချို့ ပြင်းထန်စွာ ဒဏ်ရာရရှိခဲ့သည်။

ယင်းအပြင် ယင်းနေ့ ညနေ ၅ နာရီခန့်တွင် မင်းပြားမြို့မှ ရမ်းဗြဲမြို့သို့ ပြန်လာသည့် ကုန်ပစ္စည်းတင် မော် တော်ဘုတ်တစ်စီးကို စစ်သင်္ဘောက ဖမ်းဆီးခဲ့ပြီး မော်တော်ပေါ်တွင် လိုက်ပါလာသည့် ကုန်သည်နှင့် လုပ်သား စုစုပေါင်း ၁၄ ဦးကို အကြောင်းမဲ့ ဖမ်းဆီးခေါ်ဆောင်သွားခဲ့ကြောင်း သိရသည်

The post ကျောက်တော်တွင် စစ်တပ်၏ လေကြောင်းတိုက်ခိုက်မှုတွင် သက်ကြီးရွယ်အို အမျိုးသမီး ၁ ဦး ထပ်မံသေဆုံးသဖြင့် သေဆုံးသူ စုစုပေါင်း ၉ ဦးအထိ ရှိလာ appeared first on Khit Thit Media.

ပေါက်နှင့် မင်းတပ်မြို့နယ်တို့ကို စစ်တပ်က ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပျက်စီး
ရန်ကုန်၊ ဇွန် ၁၉

မကွေးတိုင်း၊ ပေါက်မြို့နယ်တွင် အကြမ်းဖက် စစ်တပ်က ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ရာ ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၅ နာရီ ၄၇ မိနစ်ခန့်တွင် ပေါက်မြို့နယ်အတွင်းရှိ ပျမရွာမှ တက်လာသည့် အကြမ်းဖက် စစ်တပ်၏ ဒရုန်း ၁ စီးသည် စသိန်းကျေးရွာ တောင်ဘက်ကို ဗုံးကျဲ တိုက်ခိုက်ခဲ့ကြောင်း၊ ထိုဗုံးကျဲတိုက်ခိုက်မှုအတွင်း ပြည်သူ အမျိုးသား ၁ ဦး ဗုံးစထိမှန်ကာ နေရာတင်ပွဲချင်းပြီး သေဆုံးခဲ့ပြီး ပြည်သူ ၁ ဦးလည်း ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ဒီနေ့ ညနေပိုင်းလောက်မှာ ပေါက်မြို့နယ်ထဲက ပျမရွာက တက်လာတဲ့ စစ်ခွေးတွေရဲ့ ဒရုန်း ၁ စီးက စသိန်းရွာတောင်ဘက်ကို ဗုံးချသွားတာ။ ပြည်သူ အမျိုသား ၁ ဦး သေဆုံးတယ်။ နောက်ထပ် ၁ ဦးလည်း ဒဏ်ရာရတယ်” ဟု နယ်မြေခံသတင်းရင်းမြစ်တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

အကြမ်းဖက် စစ်တပ်သည် ပေါက်မြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်း၊ ၎င်းတို့အထိုင်ချထားသည့် နယ်မြေများနှင့် ပျူစောထီးကျေးရွာများမှ ပြည်သူများ နေထိုင်ရာ ကျေးရွာများကို လေကြောင်း၊ လက်နက်ကြီး အသုံးပြုကာ ပစ်မှတ်ထားတိုက်ခိုက်မှုများ ပြုလုပ်နေ၍ ပြည်သူများအနေဖြင့် စစ်ရေးသတိ၊ လေကြောာင်းသတိဖြင့် နေထိုင်ကြရန် ဒေသတော်လှန်ရေးအင်အားစုများက သတိပေးနှိုးဆော်ထားသည်။

အလားတူ ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်များဖြင့် ဆက်လက် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် နေအိမ်များ မီးလောင်ပျက်စီးခဲ့ကြောင်း ဒေသသတင်းရင်းမြစ်ထံမှ သိရှိရသည်။

ယနေ့ ဇွန်လ ၁၉ ရက်နေ့ ညနေ ၄ နာရီ ၃၃ မိနစ်ခန့်မှ ၅ နာရီ ၃၀ မိနစ်အထိ တံတားဦးလေတပ်မှ တက်လာသော Y-12 ဗုံးကျဲလေယာဉ်က မင်းတပ်မြို့အနီးဝန်းကျင်ကို ၁၁ ကြိမ်တိုင် ဗုံး ၂၆ လုံးအထိ ကျဲချတိုက်ခိုက်ခဲ့ကြောင်း၊ ထို့ပြင် ယနေ့ နံနက် ၇ နာရီ ၃၀ မိနစ်အချိန်မှ နံနက် ၈ နာရီ ၆ မိနစ်အချိန်အထိ နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီးနှင့် တံတားဦးလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၂ စီး တို့ဖြင့် မင်းတပ်မြို့အရှေ့ခြမ်းတစ်နေရာကို ၈ ကြိမ်တိုင် ဗုံး ၁၆ လုံးကျဲချ တိုက်ခိုက်ခဲ့ကြောင်း သိရသည်။

ထို့ပြင် ဇွန်လ ၁၇ ရက်နေ့ ညနေ ၆ နာရီ ၇ မိနစ်ခန့်ကလည်း နေပြည်တော် အေလာလေတပ်မှ တက်လာသော ဂျက်ဖိုက်တာ ၁ စီးကလည်း မင်းတပ်မြို့အရှေ့ဘက်ခြမ်းရှိ ကျေးရွာများကို ဗုံး ၂ လုံး ကျဲချတိုက်ခိုက်ခဲ့ရာ ပြည်သူ့ နေအိမ် ၂ လုံး မီးလောင်ပြာကျခဲ့ပြီး အခြားနေအိမ်တချို့လည်း ထိခိုက်ပျက်စီးခဲ့ကြောင်း၊ ထို့ပြင် ယင်းနေ့ နံနက် ၇ နာရီအချိန်မှ ၈ နာရီ ၁၂ မိနစ်တွင်လည်း တံတားဦးလေတပ်မှ တက်လာသော Y-12 ဗုံးကျဲလေယာဉ် ၁ စီးသည် မင်းတပ်မြို့အရှေ့ဘက်ခြမ်း တစ်နေရာသို့ ၁၇ ကြိမ်တိုင် ဗုံးအလုံးရေ ၇၀ ကျော်အထိ ကျဲချတိုက်ခိုက်ခဲ့ကြောင်း သိရှိရသည်။

Photo Credit – ပန်းတိုင် ဌာနေ

The post ပေါက်နှင့် မင်းတပ်မြို့နယ်တို့ကို စစ်တပ်က ဒရုန်း၊ လေယာဉ်များဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၁ ဦး သေဆုံးပြီး ၁ ဦး ထိခိုက်ဒဏ်ရာရကာ နေအိမ်များ မီးလောင်ပျက်စီး appeared first on Khit Thit Media.

ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းကိုင်၍ TikTok တွင် ဗီဒီယိုတင်ခဲ့သည့် အေးသာယာမြို့မှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးအမှုဖွင့်
ရန်ကုန်၊ ဇွန် ၁၉

ရှမ်းပြည်နယ်၊ တောင်ကြီးမြို့နယ် အေးသာယာမြို့တွင် နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့် မွေးနေ့အထိမ်းအမှတ် နှင်းဆီသပိတ်လှုပ်ရှားမှုနှင့် ဆက်စပ်သည့် ဗီဒီယိုဖိုင်ကို TikTok လူမှုကွန်ရက်ပေါ် တင်ခဲ့သည့် အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးအမှုဖွင့်ထားကြောင်း ရဲသတင်းရင်းမြစ်များနှင့် ဒေသခံများထံမှ သိရသည်။

သတင်းရင်းမြစ်များ၏ အဆိုအရ ဇွန်လ ၁၉ ရက်နေ့ နံနက်ပိုင်းတွင် “နွယ်နွယ်” အမည်ဖြင့် TikTok Account အသုံးပြုနေသည့် အမျိုးသမီးတစ်ဦးက အနီရောင်ဝတ်စုံ ဝတ်ဆင်ပြီး နှင်းဆီပန်းနီကို ကိုင်ဆောင်ကာ “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းဖြင့် ဗီဒီယိုတင်ခဲ့ကြောင်း၊ ယင်းဗီဒီယိုနှင့် ပတ်သက်၍ စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးနှင့် ရဲတပ်ဖွဲ့ဝင်များက ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

ထို့နောက် အေးသာယာမြို့ အုပ်ချုပ်ရေးအဖွဲ့နှင့် နယ်မြေခံရဲတပ်ဖွဲ့တို့ ပါဝင်သည့် ပူးပေါင်းအဖွဲ့က လူမှုကွန်ရက်များကို စောင့်ကြည့်စစ်ဆေးခြင်း၊ လမ်းဆုံလမ်းခွများတွင် အသွင်ယူစောင့်ဆိုင်းခြင်းများ ပြုလုပ်ပြီးနောက် အဆိုပါအမျိုးသမီး၏ နေအိမ်သို့ သွားရောက်ဖမ်း ဆီးခဲ့ကြောင်း သိရသည်။

ဖမ်းဆီးခံရသူမှာ အေးသာယာမြို့ ရပ်ကွက် (၂)၊ နယ်မြေ (၁) တွင် နေထိုင်သူ မနွယ် (ခ) နွယ်နွယ် အသက် ၃၄ နှစ်ဖြစ်ကြောင်း သိရသည်။ ၎င်းထံမှ REDMI အမျိုးအစား လက်ကိုင်ဖုန်းကို သိမ်းဆည်းစစ်ဆေးရာ ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ်အဖြစ် နှင်းဆီသပိတ်လှုပ်ရှားမှုကို ရည်ရွယ်၍ AI နည်းပညာ အသုံးပြု ပြင်ဆင်ထားသည့် ဗီဒီယိုကို “နွယ်နွယ်” TikTok Account မှတစ်ဆင့် “GZ တို့၏ တိုက်ပွဲခေါ်သံ” သီချင်းနှင့်အတူ တင်ထားသည်ကို တွေ့ရှိခဲ့ကြောင်း ရဲသတင်းရင်းမြစ်က ပြောဆိုသည်။

“အေးသာယာမြို့မှာ KTV နဲ့ မာဆတ်လုပ်ငန်းတွေ အများအပြား ဖွင့်လှစ်ထားပြီး ပြည်သူတွေ သွား လာနေထိုင်ရတာ အဆင်မပြေတဲ့ အခြေအနေတွေ ရှိနေပေမယ့် အဲဒီကိစ္စတွေကို အရေးမယူဘဲ လူမှုကွန်ရက်ပေါ်က လှုပ်ရှားမှုတွေကိုပဲ လိုက်လံဖမ်းဆီးနေတယ်” ဟု တောင်ကြီးမြို့မှ တော်လှန်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။

လက်ရှိတွင် မနွယ် (ခ) နွယ်နွယ်ကို စစ်ကောင်စီက နိုင်ငံတော်အကြည်ညိုပျက်စေမှုဆိုင်ရာ ပုဒ်မ ၅၀၅(က) ဖြင့် အမှုဖွင့်ထားပြီး ဆက်လက်စစ်ဆေးအရေးယူမှုများ ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

The post ဒေါ်အောင်ဆန်းစုကြည်၏ ၈၁ နှစ်ပြည့်မွေးနေ့အထိမ်းအမှတ် နှင်းဆီပန်းကိုင်၍ TikTok တွင် ဗီဒီယိုတင်ခဲ့သည့် အေးသာယာမြို့မှ အမျိုးသမီးတစ်ဦးကို စစ်ကောင်စီက ပုဒ်မ ၅၀၅(က) ဖြင့် ဖမ်းဆီးအမှုဖွင့် appeared first on Khit Thit Media.