26.2 C
Yangon
- Advertisement -spot_img

TAG

news

NUG ဝန်ကြီးချုပ်နှင့် အာဆီယံဥက္ကဋ္ဌ မလေးရှား ဝန်ကြီးချုပ်တို့ တွေ့ဆုံပြီး အာဆီယံ နိုင်ငံများနှင့် ဆက်ဆံရေးတိုးမြှင့်ရေး၊ မြန်မာပြည်သူများထံသို့ လူသားချင်းစာနာမှု အကူအညီများပေးရေး ဆွေးနွေး

ရန်ကုန်၊ ဧပြီ ၁၈ အမျိုးသားညီညွတ်ရေးအစိုးရ- NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် မလေးရှားဝန်ကြီးချုပ် အန်နဝါတို့ ယနေ့ အွန်လိုင်းမှတစ်ဆင့် တွေ့ဆုံကြောင်း NUG က တရားဝင်သတင်းထုတ်ပြန်သည်။ အမျိုးသားညီညွတ်ရေးအစိုးရ ပြည်ထောင်စုဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းနှင့် အာဆီယံ အလှည့်ကျ ဥက္ကဋ္ဌ၊ မလေးရှားဝန်ကြီးချုပ် အန်ဝါအီဘရာဟင်မ် တို့က ယနေ့ ဧပြီလ...

မကွေးအကျဉ်းထောင် တိုက်ခိုက်ခံရပြီးနောက် နိုင်ငံရေးအကျဉ်းသား ကိုအောင်ခန့်ဦး(ခ)ပါလေးနှင့် ဦးဝင်းမြင့်လှိုင်(ခ) ကိုကိုလှိုင်တို့ကို စစ်ကောင်စီက အသက်အန္တရာယ် စိုးရိမ်ရသည်အထိ နှိပ်စက် ညှဉ်းပန်းနေ

ရန်ကုန်၊ ဧပြီ ၁၈ မကွေးတိုင်း၊ မကွေးမြို့ ဗဟိုအကျဉ်းထောင်(ခ)ဒေါင်းနေအကျဉ်းကို တော်လှန်ရေးအင်အားစုများက ဝင်ရောက်တိုက်ခိုက်ပြီးနောက် နိုင်ငံရေးအကျဉ်းသား ကိုအောင်ခန့်ဦး (ခ)ပါလေးနှင့် ဦးဝင်းမြင့်လှိုင် (ခေါ်) ကိုကိုလှိုင်တို့ကိုစစ်ကောင်စီက အသက် အန္တရာယ်စိုးရိမ်ရသည်အထိ ဒဏ်ရာအပြင်းအထန် ရရှိထားကြောင်း အကျဉ်းထောင်နှင့်နီးစပ်သူများ က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဧပြီလ ၁၃ ရက်နေ့ ညပိုင်း...

“အယုတ် ပြုတ်ချိန်”

ကာတွန်း - ဝေယံ(တောင်ကြီး) #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီပြောင်းရွှေ့၊ ၆ လအတွင်းရုံးများ ပြန်ဆောက်မည်ဟုဆို

ရန်ကုန်၊ ဧပြီ ၁၈ နေပြည်တော်တွင် ငလျင်ကြောင့် ပြိုပျက်သွားသော ဟိုတယ်ခရီး၊ နိုင်ငံခြားရေးနှင့် လ၀ကဝန်ကြီးဌာနရုံးများမှ အရာရှိနှင့် ဝန်ထမ်းတချို့ ရန်ကုန် ရုံးများသို့ ယာယီ ပြောင်းရွှေ့လာပြီဖြစ်ကြောင်း ဝန်ထမ်းအသိုင်းအ၀ိုင်း အတည်ပြုပြောဆိုသည်။ မတ်လ ၂၈ ရက်နေ့ ငလျင်ကြောင့် လုံး၀ ပြိုကျပျက်စီးသွားသော ဝန်ကြီးဌာနရုံးများအနက်မှ ဟိုတယ်ခရီး၊ နိုင်ငံ...

ရန်ကုန်တွင် KBZဘဏ်ဝန်ထမ်း သက်သက်ဇော်နှင့် ခင်ပွန်း စစ်ဗိုလ် အောင်ပြည့်စုံတို့က လူပေါင်း ၃၀ ကျော်ထံမှ ၁၀ ရာခိုင်နှုန်း အမြတ်ပေးသည့် ပုံစံဖြင့် ငွေကြေးစုဆောင်း လိမ်လည်၊ ငွေကျပ် သိန်းထောင်သောင်းချီပါသွား

ရန်ကုန်၊ ဧပြီ ၁၈ ရန်ကုန်တွင် KBZဘဏ်ဝန်ထမ်း သက်သက်ဇော်နှင့် ခင်ပွန်း စစ်ဗိုလ် အောင်ပြည့်စုံတို့က လူပေါင်း ၃၀ ကျော်ထံမှ ၁၀ ရာခိုင်နှုန်းအမြတ်ပေးသည့်ပုံစံဖြင့် ငွေကျပ် သိန်းထောင်သောင်းချီ လိမ်လည်သွားကြောင်း လိမ်လည်ခံရသူတချို့က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ စစ်အာဏာသိမ်းပြီးနောက် KBZ ဘဏ်က ဘဏ်အကောင့်အဟောင်းများ(Old Account) ထံမှ...

ရေနံချောင်းမြို့နယ်တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်က လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် ဝင်ရောက်ဖမ်းဆီး

ရန်ကုန်၊ ဧပြီ ၁၈ မကွေးတိုင်း၊ ရေနံချောင်းမြို့နယ်တွင် လက်မှတ်ကုန်းနယ်မြေရဲစခန်းမှ ရဲစခန်းမှူး ရဲအုပ်ချမ်းမြေ့အောင်က လူငယ် ၂ ဦးကို စစ်မှုထမ်းခိုင်းရန် အတင်းအကျပ် ဝင်ရောက်ဖမ်းဆီးသွားကြောင်း ဖမ်းဆီးခံရသော လူငယ်များ၏ မိတ်ဆွေများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၃ ရက်နေ့ ညနေ ၅ နာရီအချိန် ရေနံချောင်းမြို့နယ်၊သုံးဆယ့်ခြောက်ကျေးရွာမှ...

အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ နံနက်ပိုင်း တွေ့ဆုံမည်

ရန်ကုန်၊ ဧပြီ ၁၈ အာဆီယံဥက္ကဋ္ဌ မလေးရှားဝန်ကြီးချုပ် အန်နဝါနှင့် NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းတို့ ယနေ့ နံနက်ပိုင်း တွေ့ဆုံမည်ဖြစ်ကြောင်း မလေးရှားဝန်ကြီးချုပ်နှင့် ထိုင်းလွှတ်တော်အမတ် Kannavee Suebsangတို့၏ လူမှုကွန်ရက်မှ တစ် ဆင့် သတင်းထုတ်ပြန်ချက်အရ သိရှိရသည်။ မလေးရှားဝန်ကြီးချုပ် အန်နဝါက အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်...

ကျောက်တံခါးမြို့နယ်၊ ပဲနွယ်ကုန်း- နတ်သံကွင်းလမ်းရှိ စစ်တပ်စခန်းမှ စစ်မှုထမ်း အပတ်စဉ် ၇ မှ သင်တန်းဆင်း တပ်သားသစ် ၁ ဦး သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်

ရန်ကုန်၊ဧပြီ ၁၇ ပဲခူးတိုင်း၊ ကျောက်တံခါးမြို့နယ် ပဲနွယ်ကုန်း- နတ်သံကွင်း လမ်းပေါရှိ အကြမ်း ဖက် စစ်ကောင်၏ စစ်တပ် စခန်းမှ စစ်မှုထမ်း တပ်သားသစ် ၁ ဦးက သေနတ် ၁ လက်နှင့် ခဲယမ်းများ ယူဆောင်လာပြီး အလင်းဝင်ခဲ့ကြောင်း ပဲခူးခရိုင် ၊ အမှတ်...

ကလေးမြို့တွင် နှစ်ဆန်းတစ်ရက်နေ့ လူထုဆုတောင်းသပိတ် ပြုလုပ်

ရန်ကုန်၊ ဧပြီ ၁၇ ကလေးမြို့တွင် ကလေးမြို့လူထုတိုက်ပွဲဦးဆောင်ကော်မတီက မြန်မာ့ရိုးရာမဟာသင်္ကြန်၊ အတာနှစ်ကူး နှစ်ဆန်းတစ်ရက်နေ့ လူထုဆုတောင်းသပိတ် ကို ဒေသပြည်သူများနှင့်အတူ ယနေ့ ဧပြီလ ၁၇ ရက်နေ့တွင် ပြုလုပ်ခဲ့ကြသည်။ #မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution...

ကန့်ဘလူတွင် နာရေးအိမ်မှ ပြန်လာသည့် ပြည်သူ ၂ ဦးကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို စွန့်ပစ်ခဲ့

ရန်ကုန်၊ ဧပြီ ၁၇ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်တွင် နာရေးအိမ်မှ ပြန်လာသည့် ပြည်သူ ၂ ဦးကို အကြမ်းဖက် စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ပြီး ရုပ်အလောင်းများကို လမ်းဘေးတွင် စွန့်ပစ်ခဲ့ကြောင်း ကန့်ဘလူခရိုင် -တပ်ရင်း ၄ မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဧပြီလ ၁၃...

Latest news

- Advertisement -spot_img