34 C
Yangon
- Advertisement -spot_img

TAG

news

ကျောက်ကြီး၊ ကျိုက်ထိုနှင့် ကလေးမြို့နယ်တို့တွင် စစ်တပ်၏ အကြမ်းဖက်တိုက်ခိုက်မှုများကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရရှိပြီး နေအိမ်များ ပျက်စီး

ရန်ကုန်၊ မတ် ၂၁ ပဲခူးတိုင်း၊ကျောက်ကြီးမြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လက်နက်ကြီးဖြင့် ပစ်ခတ် တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ဒဏ်ရာရပြီး နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဗဟိုက သတင်းထုတ်ပြန်သည်။ မတ်လ ၁၇ ရက်နေ့ အကြမ်းဖက် စစ်ကောင်စီတပ်က ကျောက်ကြီးမြို့နယ်၊ နတ်သံကွင်းစခန်းမှ...

ပုဇွန်တောင်တွင် ရဲမှူး မင်းဟန်က ပြည်သူ ၁ ဦးကို ချဲရောင်းသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၃၂၀ ခြိမ်း ခြောက်တောင်း၊ မြစ်ကြီးနားတွင်လည်း ပြည်သူ ၁ ဦးထံမှ ရွှေ ၂ ကျပ်သား ရဲက လုယက်

ရန်ကုန်၊ မတ် ၂၁ ရန်ကုန်မြို့၊ ပုဇွန်တောင်မြို့နယ်တွင် ရဲနှင့် အုပ်ချုပ်ရေးမှူးက ပြည်သူ ၁ ဦးကို ချဲရောင်းသည်ဟု စွပ်စွဲ ဖမ်းဆီးပြီး ငွေကျပ် သိန်း ၃၂၀ တောင်းခံခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ပုဇွန်တောင်မြို့နယ်၊ အမှတ် ၈...

အင်းတော်သို့ စစ်ကူလာသော အင်အား ၁၅၀ ပါ စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်မှု စစ်ကောင်စီဘက်မှ အရာရှိနှင့်စစ်သား ၃၃ ဦးသေဆုံးပြီး ၃၁ ဦး အရှင်ဖမ်းမိ၊ လက်နက် ၅၄ လက် သိမ်းဆည်းရရှိ

ရန်ကုန်၊ မတ် ၂၁ စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်သို့ စစ်ကူလာသော စစ်တပ်ပူးပေါင်းစစ်ကြောင်းကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ အရာရှိနှင့်စစ်သား ၃၃ ဦးသေဆုံးပြီး ၃၁ ဦး အရှင်ဖမ်းမိကာ လက်နက် ၅၄ လက် သိမ်းဆည်းရရှိကြောင်း အမှတ် ၁ စစ်ဒေသ က သတင်းထုတ်ပြန်သည်။ မတ်လ ၁၅...

ဖလမ်းမြို့သိမ်း တိုက်ပွဲတွင် ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံး ၊ မိသားစုက အလောင်းပြန်မရဘဲ နာရေးလုပ်ရ

ရန်ကုန်၊ မတ် ၂၀ ချင်းပြည်နယ်၊ ဖလမ်းမြို့ တိုက်ပွဲအတွင်း အကြမ်းဖက် စစ်တပ်၏ ခလရ ၂၆၈ တပ်ရင်းမှ တပ်ရင်းမှူး ဒုတိယဗိုလ်မှူးကြီး ဝေလင်းထွန်းနှင့် ဒုတပ်ရင်းမှူး အောင်သီဟ တို့သေဆုံးခဲ့ကြောင်း တပ်သတင်းရင်းမြစ်နှင့် CDM ဗိုလ်ကြီး ဇင်ယော်က ရန်ကုန်ခတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ မတ်လ ၁၇ ရက်နေ့တွင်...

ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးတွင် AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေပြီး မြို့ပေါ်မှ စစ်တပ်က လက်နက်ကြီးများဖြင့် ပစ်ကူပေးနေ

ရန်ကုန်၊ မတ်၂၁ ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ဥသျှစ်ပင်မြို့အနီးတွင် AA နှင့် စစ်ကောင်စီတပ်များ တိုက်ပွဲ အကြီးအကျယ်ဖြစ်နေကြောင်း ဥသျှစ်ပင်မြို့မှ ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဇန်နဝါရီလမှစတင်ပြီး ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ညောင်ကျိုးတပ်စခန်းတွင် AA နှင့် စစ်ကောင်စီတပ်များအကြား တိုက်ပွဲများဖြစ်ပွားခဲ့ပြီးနောက် စစ်ကောင်စီတပ်များမှာ ညောင်ခြေထောက်နှင့် ဥသျှစ်ပင်မြို့များသို့ ဆုတ်ခွာလာကြောင်း၊...

စေတုတ္တရာတွင် စစ်မှုထမ်းခိုင်းရန် လူငယ်များ စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် စစ်တပ် ဒေါက်တိုင် ၂ ဦး ပစ်ခတ်ခံရပြီး ၃ ဦးသေဆုံး

ရန်ကုန်၊ မတ် ၂၁ မကွေးတိုင်း၊ စေတုတ္တရာမြို့နယ်တွင် အကြမ်းဖက် စစ်တပ်အတွက် စစ်မှုထမ်းခိုင်းရန် လူငယ်များ စုဆောင်းပေးနေသော အုပ်ချုပ်ရေးမှူး ၁ ဦး နှင့် စစ်တပ် ဒေါက်တိုင် ၂ ဦးကို ပစ်ခတ် တိုက်ခိုက်ရာ ၃ ဦးသေဆုံးခဲ့ကြောင်း စေတုတ္တရာမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ...

မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ရှယ်ယာများပါဝင်သော YHI Aung (Myanmar) ကုမ္ပဏီကို လူယုံ မောင်မောင်နိုင်က ဦးဆောင်ပြီး ဂျပန်နှင့်ဥရောပ အမှတ်တံဆိပ်ကားတာယာနှင့် အင်ဂျင်၀ိုင်ဆီများ တင်သွင်းခွင့်ရ

ရန်ကုန်၊ မတ် ၂၁ အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင် သား အောင်ပြည့်စုံ၏ ရှယ်ယာများ ပါဝင်သော YHI Aung (Myanmar) ကုမ္ပဏီကို စီးပွားရေး လူယုံ မောင်မောင်နိုင်က ဦးဆောင်နေပြီး ဂျပန်နှင့်ဥရောပ နာမည်ကျော်အမှတ်တံဆိပ် ကားတာယာနှင့် စက်သုံးဆီများကို တင်သွင်းဖြန့်ဖြူးခွင့်ရနေကြောင်း ရန်ကုန်အခြေစိုက် စီးပွားရေးသတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

စစ်ကောင်စီ၏ အကြမ်းဖက်မှုများကို တားဆီးပေးရန် အာဆီယံ ဥက္ကဌ မလေးရှားဝန်ကြီးချုပ်ကို NUG တိုက်တွန်း

ရန်ကုန် ၊ မတ် ၂၀ စစ်အုပ်စုရဲ့ အကြမ်းဖက်မှုတွေကို ကိုင်တွယ်ဖြေရှင်းနိုင်ဖို့ အာဆီယံ ဥက္ကဌ မလေးရှားဝန်ကြီးချုပ် ကို အမျိုးသားညီညွတ်ရေးအစိုးရ NUG က တိုက်တွန်းကြောင်းမနေ့ကထုတ်ပြန်ခဲ့ပါတယ်။ နိုင်ငံတကာက ယူကရိန်းအရေးအပေါ်မှာသာအာရုံစိုက်မှု ဆက်ရှိနေတာကြောင့် အာဆီယံအနေနဲ့ မြန်မာနိုင်ငံမှာ ပိုမိုဆိုးရွားလာတဲ့ အကျပ်အတည်းကို ဦးဆောင် ကိုင်တွယ်ဖြေရှင်းပေးနိုင်မယ့် အခွင့်အလှမ်းတစ်ခုဖြစ်တယ်လို့ NUG...

စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော စစ်တပ်က အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်မှု စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ကား ၁ စီးပျက်စီး

ရန်ကုန်၊ မတ် ၂၀ မကွေးတိုင်း။ စလင်းမြို့နယ်အတွင်း စစ်ကြောင်းထိုးလာသော အကြမ်းဖက် စစ်တပ်က အကြိမ်ကြိမ် မိုင်းဆွဲ တိုက်ခိုက်ခြင်းကြောင့် စစ်သား ၁၀ ဦးထက်မနည်းသေဆုံးပြီး ကား ၁ စီးပျက်စီးခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၆ ရက်နေ့မှ...

ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာ ဘုရားဝင်းကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းဆောင်များ ပျက်စီး

ရန်ကုန်၊ မတ် ၂၀ စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ စဉ့်ကိုင်ရွာ ဘုရားဝင်းကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ပြည်သူ ၂ ဦး ထိခိုက်ဒဏ်ရာရပြီး ဘုရားကျောင်းဆောင်များ ပျက်စီးခဲ့ကြောင်း Voice Of Mandalay (Vomdy) မှ တာဝန်ရှိသူ တစ်ဦးက...

Latest news

- Advertisement -spot_img