35 C
Yangon
- Advertisement -spot_img

TAG

news

ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို သွားရောက် တားမြစ်ရာမှ MNDAA က ပစ်ခတ်သဖြင့် ပြည်သူ ၆ ဦးသေဆုံး၊ တရားမျှတမှု ရရှိရေး ပြည်သူများတောင်းဆို

ရန်ကုန်၊ မတ် ၆ ရှမ်းပြည်နယ်မြောက်ပိုင်း ကွတ်ခိုင်မြို့နယ်၊ မုံးစီးကျေးရွာအုပ်စုတွင် ရွှေတူးဖော်မှုကို ဒေသပြည်သူများက သွား ရောက် တားမြစ်ရာမှ အချင်းများပြီး MNDAA က ပစ်ခတ်၍ ပြည်သူ ၆ ဦးသေဆုံးခဲ့ကြောင်း ဒေသပြည်သူများက ပြောဆိုသည်။ မတ်လ ၅ ရက်နေ့ မွန်းလွဲ ၁ နာရီ...

ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဘွဲ့နှင့် ဆမ မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်သင်ကြားခွင့် ပိတ်ပင်

ရန်ကုန်၊ မတ် ၆ မြန်မာနိုင်ငံတစ်ဝန်း ဆေးတက္ကသိုလ်များတွင် ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှ ၂၀၂၀ ခုနှစ်ဒီဇင်ဘာလအထိ ပညာသင်ယူပြီးစီးခဲ့သော ဆရာဝန် ၁၀၂၂ ဦးကို နိုင်ငံ့ဝန်ထမ်း မလုပ်၍ စစ်ကောင်စီက အမည်ပျက်စာရင်းသွင်းကာ ဆေး ပညာဘွဲ့နှင့်ဆေးကုသခွင့်လက်မှတ် (ဆမ) မပေးဘဲ ပြည်ပထွက်ခွင့်နှင့်ပညာဆက်လက်သင်ကြားကိုပါ ပိတ်ပင်လိုက်ကြောင်း ဆရာဝန်များနှင့်...

မြ၀တီမြို့နယ်၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းမည်ဖြစ်ပြီး တရုတ်က လေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ

ရန်ကုန်၊ မတ် ၆ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို BGF က ထိုင်းနိုင်ငံသို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံကလည်း ၎င်း၏ နိုင်ငံသားများကို သီးသန့်လေယာဉ်ခရီးစဉ်များဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူနေပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။ မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား...

ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းရွာအနီး စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့် အတူ အရှင်ဖမ်းမိ

ရန်ကုန်၊ မတ် ၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငှက်ပျောတိုင်းကျေးရွာအနီးတွင် စစ်ကောင်စီတပ်သား ၂ ဦးကို လက်နက်ခဲယမ်းများနှင့်အတူ အရှင်ဖမ်းမိခဲ့ကြောင်း ကန့်ဘလူခရိုင်အမှတ် ၄ တပ်ရင်းမှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ မတ် ၅ ရက်နေ့က ကန့်ဘလူမြို့နယ် ၊ ရွှေဘို -...

ရန်ကုန်၊ တနင်္သာရီနှင့် ဧရာဝတီ တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူငယ်များ ပေါ်တာဆွဲ ဖမ်းဆီးခံရပြီး ပျောက်ဆုံးနေသော လူငယ်တချို့ စစ်မှုထမ်းတပ်သားများအဖြစ် ပြန်လည်တွေ့ရှိရ

ရန်ကုန်၊ မတ် ၆ ရန်ကုန်တိုင်း၊ တနင်္သာရီတိုင်းနှင့် ဧရာဝတီတိုင်း တို့တွင် စစ်မှုထမ်း အပတ်စဉ် ၁၁ အတွက် လူမပြည့်သေး၍ အကြမ်းဖက် စစ်တပ်က ပေါ်တာဆွဲ ဖမ်းဆီးမှုများ ဆက်တိုက်ပြုလုပ်နေပြီး ပျောက်ဆုံးနေသော လူငယ် တချို့ စုဆောင်းရေးတပ်ထဲရောက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ မတ်လ...

ကော့ကရိတ်နှင့် ကလေး မြို့နယ်တွင် ကျေးရွာများကို စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်မှု ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီး

ရန်ကုန်၊ မတ် ၆ ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်ရှိ ကျေးရွာများကို အကြမ်းဖက် စစ်တပ်က လေယာဉ်ဖြင့် ဗုံးကျဲ တိုက်ခိုက်ခဲ့ခြင်းကြောင့် ပြည်သူ ၄ ဦး ထိခိုက်ဒဏ်ရာရပြီး စာသင်ကျောင်းနှင့် နေအိမ်များ ပျက်စီးခဲ့ကြောင်း KNU ဒူးပလာယာခရိုင်က သတင်းထုတ် ပြန်သည်။ မတ်လ ၅ ရက်နေ့ နံနက်...

AA နှင့် PDF များ၏ ထိုးစစ်ကို စိုးရိမ်၍ ပြည်မြို့ရှိ ရဲစခန်း၊ ကင်းစခန်းနှင့် စစ်တပ်အထိုင်စခန်းများကို ဘန်ကာများ၊ ဝါးချွန်များဖြင့် လုံခြုံရေးတိုးမြှင့်၊ မြို့စောင့်တပ်အဖြစ် ပျူစောထီးများကို လက်နက်တပ်ဆင်မည်

ရန်ကုန်၊ မတ် ၆ ပဲခူးတိုင်း၊ ပြည်မြို့နယ်တွင် AA နှင့် PDF များ ထိုးစစ်ဆင်လာနိုင်သည်ဟုဆိုကာ ရဲစခန်း၊ ကင်းစခန်းနှင့် စစ်တပ်အထိုင်စခန်းများကို ဘန်ကာများ၊ ဝါးချွန်များ၊ ကွန်ကရစ်ဘန်ကာများဖြင့် လုံခြုံရေးတိုးမြှင့်လျက်ရှိကြောင်း တပ်သတင်းရင်းမြစ်နှင့်​ဒေသသတင်းရင်းမြစ်များက ပြောဆိုသည်။ ယခုမတ်လပိုင်းမှ စတင်၍ ပဲခူးတိုင်း၊ ပြည်မြို့နယ်အတွင်း အကြမ်းဖက် စစ်ကောင်စီ တပ်သားများ...

ရုရှား ပူတင်နှင့်တွေ့ဆုံခဲ့ရမှု အလွန်အောင်မြင်အကျိုးဖြစ်ထွန်းဟု မင်းအောင်လှိုင်က စိုးဝင်းနှင့်နေပြည်တော်မှ ဗိုလ်ချုပ်များကို ဝမ်းသာအားရ အကြောင်းကြား၊ မတ်လ ၉ ရက်နေ့ အိမ်ပြန်ခရီး ခမ်းခမ်းနားနားကြိုကြမည်

ရန်ကုန်၊ မတ် ၆ ရုရှား ခေါင်းဆောင် ပူတင်နှင့်တွေ့ဆုံခဲ့ရမှုမှာ အလွန်အောင်မြင်အကျိုးဖြစ်ထွန်းသည်ဟု အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင်က နေပြည်တော်တွင် ကျန်ရစ်ခဲ့သည့် စိုးဝင်းနှင့် ဗိုလ်ချုပ်များကို ဝမ်းသာအားရ အသိပေးအကြောင်းကြားလာကြောင်း နေပြည်တော်စစ်တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၄ ရက်နေ့ ရုရှား ခေါင်းဆောင် ပူတင်နှင့် တွေ့ဆုံခဲ့ရမှုမှာ...

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး

ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၁ ဦးသေဆုံး ရန်ကုန်၊ မတ် ၅ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ ပလိုင်းရွာမှ ထွက်လာသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ၂ ရက်ဆက် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၁...

ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသည့် စစ်တပ်က ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ပြီး မြေစွန်းတော်ရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီး၊ ဇရပ်နီရွာနှင့် သာဂေါင်လေးရွာ ဆက်လက် မီးရှို့ ဖျက်ဆီးနေ

ရန်ကုန်၊ မတ် ၅ မကွေးတိုင်း၊ ရေစကြိုမြို့နယ်၊ ရေလယ်ကျွန်းဒေသကို စစ်ကြောင်းထိုးနေသည့် အကြမ်းဖက် စစ်တပ်က ပြည်သူ ၅ ဦးခန့်ကို သတ်ဖြတ်ပြီး မြေစွန်းတော်ရွာကို ရွာလုံးကျွတ် နီးပါး မီးရှို့ဖျက်ဆီးကာ ဇရပ်နီရွာကိုလည်း ဆက်လက် မီးရှို့ဖျက်ဆီးနေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ မတ်လ ၂ ရက်နေ့မှ...

Latest news

- Advertisement -spot_img