30.5 C
Yangon

မြ၀တီမြို့နယ်၊ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို ထိုင်းနိုင်ငံသို့ လွှဲပြောင်းမည်ဖြစ်ပြီး တရုတ်က လေယာဉ်ဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူ

Must read

ရန်ကုန်၊ မတ် ၆

ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို BGF က ထိုင်းနိုင်ငံသို့ လွှဲပြောင်းသွားမည်ဖြစ်ပြီး တရုတ်နိုင်ငံကလည်း ၎င်း၏ နိုင်ငံသားများကို သီးသန့်လေယာဉ်ခရီးစဉ်များဖြင့် ဒုတိယအကြိမ် ပြန်လည်ခေါ်ယူနေပြီဖြစ်ကြောင်း ထိုင်း-မြန်မာနယ်စပ်သတင်းရင်းမြစ်များထံမှ သိရှိရသည်။

မြဝတီမြို့နယ်အတွင်းရှိ ကျားဖြန့်ငွေလိမ်ဂိုဏ်းများတွင် ရောက်ရှိနေသော တရုတ်နိုင်ငံသား ၁၄၃၉ ဦးကို ထိုင်းနိုင်ငံ ဘက်အခြမ်းသို့ လွှဲပြောင်းပြီးနောက် ၄ ရက်အတွင်း တရုတ်နိုင်ငံက လေယာဉ်ခရီးစဉ် ၁၉ ခေါက်ဖြင့် ပြန်လည်ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

ယနေ့မတ်လ ၆ ရက်နေ့မှ မတ်လ ၉ ရက်နေ့အတွင်း မဲဆောက်-မြဝတီချစ်ကြည်ရေးတံတား -၂ မှ မဲဆောက်လေဆိပ်သို့ တရုတ်နိုင်ငံသားများကို အသုတ်လိုက် မော်တော်ယာဉ်များဖြင့်လွှဲပြောင်းမည်ဖြစ်ကြောင်း၊ ယင်းနောက် မတ်လ ၆ ရက်နေ့၊ မတ်လ ၇ ရက်နေ့၊ မတ်လ ၈ ရက်နေ့တို့ တစ်နေ့လျှင် သီးသန့် လေယာဉ်ခရီးစဉ် ၆ ကြိမ်နှုန်းဖြင့်လည်းကောင်း၊ မတ်လ ၉ ရက်နေ့တွင်မူ လေယာဉ်ခရီးစဉ် တစ်ကြိမ်ဖြင့် စုစုပေါင်း လေယာဉ်ခရီးစဉ် ၁၉ ကြိမ်ဖြင့် နိုင်ငံသား ၁၄၃၉ ဦးကို ပြန်လည် ခေါ်ယူမည်ဖြစ်ကြောင်း သိရှိရသည်။

တရုတ်နိုင်ငံက ပထမအကြိမ်အဖြစ် တရုတ်နိုင်ငံသားများကို ပြန်လည် ခေါ်ယူခဲ့ပြီးနောက် ယခု မတ်လ ၆ ရက်နေ့မှစတင်၍ ၎င်း၏ နိုင်ငံသားများကို ဒုတိယအကြိမ်အဖြစ် ထပ်မံ ခေါ်ယူခြင်းဖြစ်ကြောင်း သိရှိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article