28.2 C
Yangon
- Advertisement -spot_img

TAG

news

ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ် ထွေ/အုပ်ရုံးကို ပြင်းအားမြင့် အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲမှု ထိခိုက်မှုရှိ နိုင်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်မြို့၊ မြောက်ဒဂုံမြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရုံးကို ပြင်းအားမြင့်အဝေးထိန်းမိုင်းဖြင့် ဖောက်ခွဲတိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိနိုင်ကြောင်း Yangon UG People Army – YUPA မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ယမန်နေ့ ဖေဖော်ဝါရီလ ၂၇ ရက် ညနေ့ ၇ နာရီ...

စလင်းမြို့နယ်မှ ကျေးရွာများကို စစ်တပ်က ၃ ရက်ဆက်တိုက် မီးရှို့ဖျက်ဆီးမှု နေအိမ်ရာချီ ပြာကျ၊ ပုလဲမြို့နယ်၊ တောသာရွာကိုစစ်တပ်က စက်တပ်လေထီးဖြင့် ဗုံးကျဲ မှု ပြည်သူ ၁ ဦး ဒဏ်ရာရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ မကွေးတိုင်း၊ စလင်းမြို့နယ်ရှိ ပြောင်းခင်း တောင်ရွာနှင့် မြောက်ရွာကို အကြမ်းဖက် စစ်တပ်က ၃ ရက်ဆက် မီးရှို့ဖျက်ဆီးခြင်းကြောင့် နေအိမ်အများအပြား မီးလောင်ပြာကျခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၇ ရက်၊ ၁၈ ရက်နှင့်...

ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ စစ်တပ်က စစ်ကြောင်းထိုးပြီး အရပ်သားပြည်သူ ဦးအောင်စိုးကို လည်လှီးသတ်ဖြတ်ကာ အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်ကိုလည်း မီးရှို့သတ် ၊ စစ်တပ်၏ မီးရှို့မှုကြောင့် နေအိမ် ၁၀၀ ခန့်ပြာကျ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ နှမစားရစ်ရွာသို့ အကြမ်းဖက် စစ်တပ်က စစ်ကြောင်းထိုး ဝင်ရောက်စီးနင်းပြီး အရပ်သားပြည်သူ ဦးအောင်စိုးနှင့် အသက် ၉၀ နှစ်အရွယ် အဘွားနွဲ့ကြည်တို့ကို သတ်ဖြတ်ကာ နေအိမ် ၁၀၀ ခန့်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့ကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ ဖေဖော်ဝါရီလ...

ကိုးကန့် MNDAA ၏ စစ်သုံ့ပန်းဘ၀မှ စစ်ကိုင်းတိုင်းမှူးဖြစ်လာသော ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါလာသည့် ကားတန်း မိုင်းဆွဲ တိုက်ခိုက်ခံရ

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့မှ မုံရွာမြို့သို့ အိမ်စီးကားများဖြင့် ပြန်လာသည့် စစ်ကိုင်းတိုင်းစစ်တိုင်းမှူး ဗိုလ်မှူးချုပ် မျိုးမင်းထွေး လိုက်ပါသောကားတန်းမှာ မိုင်းဆွဲတိုက်ခိုက်ခံခဲ့ရပြီး စစ်သား ၃ ဦးအပြင်းအထန် ဒဏ်ရာရရှိခဲ့ကြောင်း Royal Tiger Force ပြောက်ကျားတပ်ဖွဲ့ မှတာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြား သည်။ ဖေဖော်ဝါရီလ...

စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်မထုတ်တော့ဘဲ မြန်မာ ကြူအာ (MMQR) ငွေပေးငွေယူ စနစ်ကို စတင်လိုက်ပြီး ဘတ်ဂျက်လိုငွေပြမှုနှင့် စီမံကိန်းအသုံးစရိတ်များတွင် ဒီဂျစ်တယ်ငွေကြေး အစားထိုးသုံးမည်

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ အကြမ်းဖက်စစ်ကောင်စီက ငွေကျပ် ဘီလီယံပေါင်းများစွာ ရိုက်ထုတ်ရန် မလိုအပ်တော့သည့် ဒီဂျစ်တယ်ငွေပေးချေမှု မြန်မာ ကြူအာ (MMQR)စနစ်ကို စတင်အသုံးပြုပြီး ဘတ်ဂျက်လိုငွေပြမှု ၊စစ်ကောင်စီလက်အောက်ခံ ဝန်ထမ်းများ၏ လစာ အပါအဝင်နိုင်ငံတော်ပရောဂျက်များ၏ အသုံးစရိတ်အထိ ယင်းစနစ်ကို သုံးမည်ဖြစ်ကြောင်း သိရှိရသည်။ မြန်မာကြူအာ (MMQR)စနစ်ကို NLD အစိုးရလက်ထက်က...

ဒေါပုံတွင် စစ်မှုထမ်းစာရင်း လိုက်လံကောက်ယူစဉ် မီးရှို့ခံရသည့် ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေး မီးလောင်ဒဏ်ရာဖြင့် ဆေးကုသနေစဉ် သေဆုံးသွားခဲ့

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၈ ရန်ကုန်တိုင်း၊ ဒေါပုံမြို့နယ်၊ ကြည်စုရပ်ကွက်တွင် စစ်မှုထမ်းစာရင်း ပြုစုရေး သန်းခေါင်စာရင်း မိတ္တူများ လိုက်လံတောင်းခံနေသည့် ရပ်ကွက်အုပ်ချုပ်ရေးမှူး အဖွဲ့ကို ဓာတ်ဆီလောင်း၍ မီးရှို့ တိုက်ခိုက်ခဲ့သော ဖြစ်စဉ်အတွင်း မီးလောင်ဒဏ်ရာရရှိခဲ့သော ရာအိမ်မှူး ကိုနှုတ်ခမ်းမွှေးမှာ ဆေးကုသမှု ခံယူနေစဉ် သေဆုံးသွားကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

တောင်တွင်းကြီးတွင် တော်လှန်ရေးတပ်များ၏ သတင်းကို စစ်တပ်အတွက် စုံစမ်းပေးနေသော​ ဒေါက်တိုင် လင်မယား ပစ်ခတ်ခံရပြီး သေဆုံး

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ မကွေးတိုင်း၊ တောင်တွင်းကြီးမြို့နယ်တွင် တော်လှန်ရေး တပ်ဖွဲ့များနှင့် ထောက်ပို့ပြည်သူများ၏ သတင်းကို လိုက်လံစုံစမ်းနေသော အကြမ်းဖက် စစ်တပ် ဒေါက်တိုင် လင်မယားကို ပစ်ခတ် တိုက်ခိုက်ရာ ၂ ဦးလုံးသေဆုံးခဲ့ကြောင်း မကွေးပြောက် ကျားတပ်မှ တာ၀န်ခံ ကံကြီးမောင်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၂၇...

မြင်းခြံမြို့ပေါ်မှ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးဟုဆို

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရက်ကွက်ရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ ဖေဖော်ဝါရီလ...

ထိုင်း-မြန်မာ နယ်စပ်ရှိ ခလရ ၃၁ ပူလူတူစစ်တပ်စခန်း ကို KNLA က တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းသို့ ထွက်ပြေး၊ စစ်တပ်က နယ်စပ်ကို လေယာဉ်ဖြင့် ဗုံးကျဲ၍ ထိုင်းစစ်လေယာဉ်များ ပျံတက်ကင်းလှည့်

ရန်ကုန် ၊ ဖေဖော်ဝါရီ ၂၇ ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ်ရှိ ခလရ ၃၁ တပ်ရင်း၏ ပူလူတူစစ်စခန်း ကို KNLA ဦးဆောင်သော ပူးပေါင်းတပ်များက တိုက်ခိုက်သဖြင့် တိုက်ပွဲဖြစ်ပွားပြီး ပြည်သူ ၁၀၀ ခန့် ထိုင်းသို့ ထွက်ပြေးလာကြောင်း ထိုင်း-မြန်မာနယ်စပ် စစ်ရေးသတင်းရင်းမြစ်များက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့...

စလင်းမြို့ပေါ်အထိ တော်လှန်ရေးရဲဘော်များက ဝင်ရောက် လုံခြုံရေး စစ်ဆေး ကင်းလှည့်ပြီး ပြည်သူများကို အားပေးစကား ပြော

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇ မကွေးတိုင်း၊ စလင်းမြို့ပေါ်အထိ ပကဖ ရဲဘော်များက ဝင်ရောက် လုံခြုံရေး စစ်ဆေးပြီး ရပ်ကွက်များကို ကင်းလှည့်ခြင်းများ လုပ်ဆောင်ကာ မြို့ပေါ်နေ ပြည်သူများကိုလည်း အားပေး စကားများ ပြောဆိုခဲ့ကြောင်း စလင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ဖေဖော်ဝါရီလ ၁၈...

Latest news

- Advertisement -spot_img