30.5 C
Yangon

မြင်းခြံမြို့ပေါ်မှ စစ်တပ်အထိုင်စခန်းကို ဝင်ရောက်တိုက်ခိုက်မှု စစ်သား ၂ ဦး သေဆုံးဟုဆို

Must read

ရန်ကုန်၊ ဖေဖော်ဝါရီ ၂၇

မန္တလေးတိုင်း၊ မြင်းခြံမြို့၊ အမှတ် ၁၈ ရက်ကွက်ရှိ အကြမ်းဖက်စစ်တပ် အထိုင်စခန်းကို ဝင်ရောက် တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း Myingyan Black Tiger – MBT တပ်ဖွဲ့ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ဖေဖော်ဝါရီလ ၂၅ ရက် မွန်းလွဲ ၂ နာရီ ၄၅ မိနစ်က မြင်းခြံမြို အမှတ် ၁၈ ရပ်ကွက်ရှိ စစ်သား အင် အား ၂၀ ခန့်ဖြင့် အထိုင်ချ တပ်စွဲထားသော စခန်းကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ပူးပေါင်းပြီး ပြောက်ကျားနည်းစနစ်ဖြင့် အနီးကပ်ဝင်ရောက်ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၂ ဦး သေဆုံးခဲ့ ကြောင်း သိရသည်။

“အင်အားက ၁၅ ယောက် ၂၀ ဝန်းကျင် လောက်ပဲရှိတယ်၊ အတော်ကြီးတော့ မကြာဘူး။ ပစ်ပြီးတော့ ပြန်ဆုတ်လာတာ၊ စကစအထိုင်မြို့ထဲနဲ့ ဘယ်လောက်မှ မဝေးဘူးလေ။ မြို့ရဲ့ဝင်ပေါက်လို့လည်း ပြောလို့ရတယ်။ သူတို့အတွက် ဂယ်ပေါက်လို့လည်းပြောလို့ရတယ်။ အဓိက မိန်းကျတဲ့နေရာ ဆို‌ တော့၊ သေဆုံးတာက ၂ ယောက်ပါ၊ ၂၅ ရက်နေ့သွားတိုက်ခိုက်ခဲ့နေ့မှာ သတင်းရတာက မသေသေး ဘူး၊ ထိခိုက်ဒဏ်ရာရတာ တော်တော်လေးပြင်းတယ်လို့ပေါ့၊ ၂၆ ရက်နေ့ကျမှ သေဆုံးသွားပြီလို့ သတင်းရတာ” ဟု Myingyan Black Tiger – MBT တပ်ဖွဲ့ ခေါင်းဆောင် ဗိုလ်မိုက်ခဲက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အဆိုပါ တိုက်ခိုက်မှုကို Myingyan Black Tiger (MBT)တပ်ဖွဲ့၊ ဗိုလ်စားပြောက်ကျားတပ်ဖွဲ့ နှင့် BGF တပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article