23.7 C
Yangon
- Advertisement -spot_img

TAG

news

ပြည်ပရောက် မြန်မာအလုပ်သမားများ မြန်မာပြည်ပြန်လာ၍ စစ်မှုပြန်ထမ်းရန် အေဂျင်စီများက တာ၀န်ယူခေါ်ဆောင်ပေးရမည်ဖြစ်ပြီး မခေါ်ဆောင်နိုင်လျှင် စစ်ကောင်စီက အေဂျင်စီများကို အမည်ပျက်စာရင်းသွင်းကာ လိုင်စင်ပိတ်သိမ်းအရေးယူမည်

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ပြည်ပနိုင်ငံများသို့ သွားရောက် မြန်မာအလုပ်သမားများ ၃ နှစ်ပြည့်လျှင် မြန်မာပြည် ပြန် စစ်မှုထမ်းရန် အေဂျင်စီများက တာဝန်ယူ ခေါ်ဆောင်ပေးရမည်ဖြစ်ပြီး မခေါ်ဆောင်နိုင်လျှင် အေဂျင်စီကို စစ်ကောင်စီက အရေးယူမည်ဖြစ်ကြောင်း မြန်မာနိုင်ငံပြည်ပအလုပ်အကိုင်အေဂျင်စီအသင်းထံမှ သိရှိရသည်။ ပြည်ပရောက် မြန်မာအလုပ်သမားများအားလုံး ပြည်တွင်းသို့ ပြန်လာ စစ်မှုထမ်းရေးအတွက် ပြည်ပသို့...

စစ်တွေမြို့တွင် စစ်တပ်က ဟိန္ဒူဘာသာဝင် လူငယ် ၁ ဦးကို အကြောင်းမဲ့ ပစ်ခတ်သတ်ဖြတ်

ရန်ကုန်| နိုဝင်ဘာ ၁၄ ရခိုင်ပြည် စစ်တွေမြို့တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက သေနတ်ဖြင့်ပစ်ခတ်မှုကြောင့် လူငယ်တစ်ဦးသေဆုံးမှုရှိကြောင်း ဒေသပြည်သူများက ပြောသည်။ နိုဝင်ဘာ ၁၂ ရက် ည ၈ နာရီခန့်အချိန် စစ်တွေမြို့နယ်၊ ကယ်ဆယ်ရေးတံတားဘက်တွင် လူငယ်များစု၍ ဂိမ်းကစားနေရာမှ ပစ်ခတ်ခံရခြင်းဖြစ်သည်ဟု ဆတ်ရိုးကျရက်ကွက်မှ ဒေသခံတစ်ဦးက ပြောသည်။ "မနေ့က ည ၈...

ရွှေပြည်သာ၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်မှု ရဲများ ထိခိုက်မှုရှိ

ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရန်ကုန်မြို့၊ ရွှေပြည်သာမြို့နယ်၊ လှော်ကားနယ်မြေရဲစခန်းမှ ရဲများ အရက်ဝိုင်းဖွဲ့သောက်နေစဉ် လက်ပစ်ဗုံး ၂ လုံး ပစ်သွင်းတိုက်ခိုက်ရာ ရဲများ ထိခိုက်မှုရှိကြောင်း Operation Flame (OF) အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။ ယမန်နေ့ နိုဝင်ဘာလ ၁၃ ရက်နေ့...

ရခိုင်ပြည်တွင် “စစ်ကောင်စီတပ်ဖွဲ့ဝင်များ အားလုံး အလုံးစုံချုပ်ငြိမ်းစေရေး” AA က ဆက်လက်ဆောင်ရွက်မည်ဟု ကြေညာ

၁ နှစ်အတွင်း မြို့နယ် ၁၂ ခုသိမ်းပိုက်ထားပြီး အမ်း၊ တောင်ကုတ်၊ ဂွ နှင့် မောင်တောတို့ကို သိမ်း ပိုက်ရန် လက်တစ်ကမ်းအလိုရောက်ရှိ ရန်ကုန်၊ နိုဝင်ဘာ ၁၄ ရခိုင်ပြည်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များအားလုံး အလုံးစုံချုပ်ငြိမ်းစေရေး AA က ဆက်လက် အကောင်အထည်ဖော်နေကြောင်း တရားဝင် ကြေညာလိုက်သည်။ ရခိုင်ဒေသတွင်...

ပုလဲမြို့တွင် စစ်တပ်က Non CDM ဝန်ထမ်း အိမ်ယာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၃ ဦးသေဆုံး၊ မြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကို PDF တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့

ရန်ကုန်၊ နိုဝင်ဘာ ၁၃ စစ်ကိုင်းတိုင်း၊ ပုလဲမြို့တွင် စစ်တပ်က Non CDM ဝန်ထမ်း အိမ်ယာများကို လေကြောင်းဖြင့် ဗုံးကျဲ တိုက်ခိုက်ခြင်းကြောင့် ၃ ဦးသေဆုံးပြီး မြို့ပေါ်တွင် ပိတ်မိနေသော ပြည်သူ ၁၀၀၀ ခန့်ကို PDF တပ်ဖွဲ့က ကယ်ထုတ်နိုင်ခဲ့ကြောင်း ကျားသစ်နက်တပ်မတော်မှ တာဝန်ရှိသူ...

TNLA တပ်ဖွဲ့ဝင် ၁၂၀၀ ကျော် အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်းဆင်းပြီး သိမ်းပိုက်ထားသော မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန် TNLA ဗိုလ်မှူးချုပ် ညွှန်ကြား

ရန်ကုန်၊ နိုဝင်ဘာ ၁၃ ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၁၂ ခု သိမ်းပိုက်ထားသော TNLA က တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်ကို အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်း ၃ လကျော်ကြာ သင်ကြားပေးပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း...

ရွှေဘိုမြို့ရှိ ရန်မျိုးအောင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၅ ဦးသေဆုံး

ရန်ကုန်၊ နိုဝင်ဘာ ၁၃ စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့ရှိ ရန်မျိုးအောင် ဘုန်းကြီးကျောင်းတွင် တပ်စွဲထားသော အကြမ်းဖက် စစ်ကောင်စီ တပ်သားများကို ဒရုန်းဖြင့် ဗုံးကျဲ တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၅ ဦးသေဆုံးခဲ့ကြောင်း နယ်စည်းမခြားရွှေဘိုသား LPDF အဖွဲ့မှ တာဝန်ရှိသူ တစ်ဦးက ရန်ကုန်ခေတ်သစ်မီဒီယာကို ပြောဆိုသည်။ နိုဝင်ဘာလ ၁၂...

ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ CDM ကျောင်းဆရာ ဦးဝင်းဌေးနှင့် မိသားစုဝင်များ အသတ်ခံရမှု တရားခံ ပေါ်ပေါက်ခြင်းမရှိသေး၍ အမြန်ဆုံးအရေးယူပေးရန် တောင်းဆို

ရန်ကုန်၊ နိုဝင်ဘာ ၁၃ စစ်ကိုင်းတိုင်း၊ ပြည်သူ့တော်လှန်ရေးစိုးမိုးနယ်မြေဖြစ်သော ကနီမြို့နယ်၊ တပုန်းကျေးရွာ တွင် ကနီမြို့နယ်ပညာရေးဘုတ်အဖွဲ့ တာဝန်ခံ ဆရာဦးဝင်းဌေး၊ ဇနီး ဒေါ်ခြိမ့်ခြိမ့်သဲနှင့် သမီး မရွှေဝတ်ရည်လွှာတို့ကို နိုဝင်ဘာလ ၄ ရက်နေ့တွင် လူမဆန်စွာ ရက်ရက်စက်စက် မတရားသတ် ဖြတ်သွားမှုအပေါ် အမြန်ဆုံးဖော်ထုတ် အရေးယူပေးရန် နှင့်...

ပုလဲမြို့ပေါ် တိုက်ပွဲတွင် စစ်ကောင်စီတပ်များ သေဆုံးမှုများပြားနေ၍ စစ်တပ်က လေယာဉ်များဖြင့် အပြင်းအထန် ဗုံးကျဲနေကာ တိုက်ခိုက်ရေးနှင့်ဗုံးကျဲ လေယာဉ်ပေါင်းစုံ ဆက်တိုက်လာနေ

ရန်ကုန်၊ နိုဝင်ဘာ ၁၃ စစ်ကိုင်းတိုင်း၊ ပုလဲမြို့ပေါ် တိုက်ပွဲတွင် စစ်တပ်က အထိနာနေသဖြင့် ယနေ့ နံနက် အစောပိုင်းမှ စတင်၍ စစ်လေယာဉ်များဖြင့် အပြင်း အထန် ဗုံးကျဲနေပြီး တိုက်ခိုက်ရေးနှင့်ဗုံးကျဲ လေယာဉ်များ ဆက်တိုက် ပျံဝဲနေကြောင်း ရေဦးအခြေပြု People's Defense Comrade ပြန်ကြား...

မြင်းခြံမြို့နယ်၊ ကူကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်များကို ဖောက်ထွင်းလုယက်နေကာ ကားများဖြင့် ပစ္စည်းများ ယူဆောင်

ရန်ကုန်၊ နိုဝင်ဘာ ၁၃ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ကူကျေးရွာကို စစ်တပ်က စစ်ကြောင်းထိုးလာပြီး နေအိမ်များကို ဖောက်ထွင်းလုယက်နေကြောင်း ဒေသပြည်သူများက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ နိုဝင်ဘာလ ၁၁ ရက်နေ့ ည ၇ နာရီ ၄၅ မိနစ်အချိန် မိထ္တီလာမြို့နယ်၊ ရှမ်းတဲလေတပ်မှ စစ်လေယာဉ်ဖြင့် တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲ လာရောက်...

Latest news

- Advertisement -spot_img