24 C
Yangon

TNLA တပ်ဖွဲ့ဝင် ၁၂၀၀ ကျော် အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်းဆင်းပြီး သိမ်းပိုက်ထားသော မြို့နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်ရန် TNLA ဗိုလ်မှူးချုပ် ညွှန်ကြား

Must read

ရန်ကုန်၊ နိုဝင်ဘာ ၁၃

ရှမ်းပြည်နယ်မြောက်ပိုင်းတွင် မြို့နယ် ၁၂ ခု သိမ်းပိုက်ထားသော TNLA က တပ်ဖွဲ့ဝင် ၁၂၀၀ ကျော်ကို အထူးတိုက်ခိုက်ရေးနှင့် စစ်သင်တန်း ၃ လကျော်ကြာ သင်ကြားပေးပြီးနောက် နိုဝင်ဘာလ ၉ ရက်နေ့နှင့် နိုဝင်ဘာလ ၁၁ ရက်နေ့တွင် စစ်သင်တန်းဆင်းသွားပြီဖြစ်ကြောင်း TNLA က သတင်းထုတ် ပြန်သည်။

အမျိုးသား အထူးတိုက်ခိုက်ရေး သင်တန်းဆင်းပွဲတွင် တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်(TNLA)၏ စစ်ဦးစီးအရာရှိချုပ် ဗိုလ်မှူးချုပ် တားနော်ရိူန်းက ၁၀၂၇ စစ်ဆင်ရေးအတွင်း သိမ်းပိုက်ရရှိထားသည့် မြို့ နယ် ၁၂ ခုကို ဆက်လက်ကာကွယ်စောင့်ရှောက်သွားရန် တစ်ဦးချင်း တာဝန်ရှိကြောင်း၊ မိမိလူမျိုးနှင့် အနာဂတ်မျိုးဆက်သစ်အတွက် မျိုးချစ်စိတ်ဓာတ် ထားရှိရန် လိုအပ်ကြောင်း သင်တန်းဆင်းပွဲတွင် ပြောဆိုခဲ့ကြောင်း သိရှိရသည်။

TNLA အမျိုးသား အထူးတိုက်ခိုက်ရေးသင်တန်းတွင် အမှတ်စဥ် က နှင့် ခ ဖွင့်လှစ်ပေးနိုင်ခဲ့ပြီး သင်တန်းကာလအတွင်း စစ်ဆင်ရေးနှင့် ရှေ့တန်းတွင် တိုက်ခိုက်ရေး ကျွမ်းကျင်မှုအဆင့်ရှိစေရန် အဓိက သင်ကြားပေးကာ သင်တန်းကာလ ၃ လကျော်ကြာ သင်ကြားပေးခဲ့ပြီး သင်တန်းသား စုစုပေါင်း ဦးရေ ၁၀၀၀ ကျော် တက်ရောက်ပြီးမြောက်ခဲ့ကြောင်း သိရှိရသည်။

ထို့ပြင် အမျိုသမီး စစ်သင်တန်းအမှတ်စဥ် ၆၆ (ဂ) သင်တန်းဆင်းပွဲကိုလည်း နိုဝင်ဘာလ ၁၁ ရက်နေ့၊ နံနက်ပိုင်းအချိန်တွင် တအာင်းပြည် ထိန်းချုပ်နယ်မြေ တစ်နေရာတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း၊ အမျိုးသမီး စစ်သင်တန်းဆင်းပွဲကို သင်တန်းသူ ၂၀၀ ဦးရေ ဝန်းကျင်ရှိပြီး သင်တန်းဆင်းသည့် အမျိုးသမီးစစ်မေများကို PSLF/TNLA၏ အဓိက ဌာနဆိုင်ရာဖြစ်သည့် အုပ်ချုပ်ရေးဌာန တရားဥပဒေစိုးမိုးရေးတပ်ဖွဲ၊ အမျိုးသမီးဖွံဖြိုးတိုးတက်ရေးဌာန၊ သတင်းနှင့် ပြန်ကြားရေးဌာန၊ ဗဟိုရုံးချုပ်နှင့် စစ်ဦးစီးချုပ်ရုံးသို အသီးသီးတာဝန်ခွဲပေးအပ်ခဲ့ကြာင်း သိရှိရသည်။

၂၀၂၄ခုနှစ်၊ မေလတွင် တအာင်းအမျိုးသားလွှတ်မြောက်ရေး တပ်မတော်(TNLA)၏ အခြေခံ စစ်သင်တန်းအပတ်စဥ် ၆၅ ကို သင်တန်းသူ/သား ဦးရေ ၁၀၀၀ ကျော် မွေးထုတ်ပေးနိုင်ခဲ့ကြောင်း TNLA က ထုတ်ပြန်သည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article