25 C
Yangon
- Advertisement -spot_img

TAG

NUG

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် နေ့လယ်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ မြန်မာနိုင်ငံတစ်ဝန်းက ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို အကြမ်းဖက် စစ်ကောင်စီနဲ့ ပူးပေါင်းအဖွဲ့တွေက ဖမ်းဆီးစစ်ဆေး သိမ်းယူတာတွေ လုပ်နေပြီး လက်ဝယ်ထားရှိတဲ့သူတွေကို ထောင်ဒဏ် ၃ နှစ်အထိပါ ချမှတ်နိုင်တဲ့ ပို့ကုန်သွင်းကုန်ဥပဒေနဲ့ အမှုဖွင့်တရားစွဲတာတွေ...

စစ်ကောင်စီက “ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဟုဆိုကာပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲနေမှုအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ ကူညီနေဟု သံအမတ်ကြီး ဦးကျော်မိုးထွန်း ပြစ်တင်

ရန်ကုန်၊ အောက်တိုဘာ ၁၇ အကြမ်းဖက်စစ်ကောင်စီ "ငါတို့အုပ်ချုပ်မှု ပြန်မရမချင်း ယင်းဒေသတွင် လုံးဝ ငြိမ်းချမ်းမှု မရှိစေရ” ဟူ၍ ပြည်သူများကို လေယာဉ်ဖြင့် ဗုံးကျဲနေမှုအပေါ် ကုလသမဂ္ဂအဖွဲ့ဝင်နိုင်ငံတချို့ ကူညီနေကြောင်း ကုလသမဂ္ဂဆိုင်ရာ မြန်မာအမြဲတမ်းကိုယ်စားလှယ် သံအမတ်ကြီး ဦးကျော်မိုးထွန်းက ပြစ်တင်ပြောဆိုလိုက်သည်။ အောက်တိုဘာလ ၁၄ ရက်နေ့က အမေရိကန်နိုင်ငံ၊ နယူးဖောက်မြို့၊...

ဘုတလင်မြို့နယ်၊ စီပါရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက် လာပြီး ရွာလုံးကျွတ် မီးတင်ရှို့နေ

ရန်ကုန်၊ အောက်တိုဘာ ၁၇ စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ စီပါရွာကို စစ်ကောင်စီတပ်က စစ်ကြောင်းထိုး ဝင်ရောက်လာပြီး ရွာလုံးကျွတ် မီးတင်ရှို့နေကြောင်း ဒေသသတင်းရင်းမြစ်က ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၉ နာရီအချိန်မှစတင်၍ ဘုတလင်မြို့နယ်၊ စီပါကျေးရွာကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ပြီး အဆိုပါ စစ်ကြောင်းမှာ...

ပခုက္ကူမြို့တွင် စစ်တပ်က ပုဂ္ဂလိကခရီးသည်တင်ယာဉ် ၁၀၀ စီးကျော်ကို ချောဆွဲကာ ပေါက်မြို့နယ်ရှိ ပျူစောထီးနှင့်စစ်စခန်းများထံသို့ ရိက္ခာပို့ရန် ပြင်ဆင်နေ

ရန်ကုန်၊ အောက်တိုဘာ ၁၇ မကွေးတိုင်း ပခုက္ကူမြို့တွင် အကြမ်းဖက်စစ်တပ်က ပုဂ္ဂလိကခရီးသွားကားစီးရေ ၁၀၀ ကျော်ကို ချောဆွဲကာ ပေါက်မြို့နယ်ရှိ ပျူစောထီးကျေးရွာများနှင့် စစ်စခန်းများသို့ ရိက္ခာပို့ရန်ပြင်ဆင်နေကြောင်း ချောဆွဲခံထားရသည့် ကားပိုင်ရှင်များက ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောကြားသည်။ ယခုအောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီတပ်များက စစ်ဆေးရေးဂိတ်များ၊ မြို့အဝင်များတွင် ပုဂ္ဂလိကခရီးသည်တင်ကားများကို ပေါက်မြို့နယ်သို့ ရိက္ခာပို့ရန် အတွက်...

မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ ခမရ ၁၀၆ တပ်ရင်းကို ဗုံးခွဲတိုက်ခိုက်

ရန်ကုန်၊ အောက်တိုဘာ ၁၇ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံမြို့နယ်၊ ထောက်ကြံ့မြို့ရှိ စစ်ကောင်စီ၏ ခမရ ၁၀၆ တပ်ရင်းကို အ၀းထိန်းမိုင်းဖြင့် ဗုံးခွဲတိုက်ခိုက်ခဲ့ကြောင်း Dark Shadow တပ်ဖွဲ့မှ ရဲဘော်ပန်ဒါက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယမန်နေ့ အောက်တိုဘာလ ၁၆ ရက်နေ့ ညနေ ၆ နာရီ ၃၀...

သံဖြူဇရပ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ပူးပေါင်းတော်လှန် ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိ၊ စခန်းအလုံးစုံ သိမ်းနိုင်ရေး ထိုးစစ်ဆင်နေဆဲ

ရန်ကုန်၊ အောက်တိုဘာ ၁၇ မွန်ပြည်နယ်၊ သံဖြူဇရပ်မြို့နယ်ရှိ စစ်ကောင်စီ၏ အနန်းကွင်းဗျူဟာစခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များက တိုက်ခိုက်နေမှု စစ်တပ်ဘက်မှ သေဆုံးမှုများပြားပြီး လက်နက်ချအညံ့ခံသူများရှိနေကာ စခန်းအလုံးစုံ သိမ်းပိုက်နိုင်ရေး ဆက်လက် ထိုးစစ်ဆင်နေဆဲဖြစ်ကြောင်း KNLA သတင်းရင်းမြစ်က ပြောဆိုသည်။ ဩဂုတ်လဆန်းပိုင်းမှစတင်ပြီး မွန်ပြည်နယ် သံဖြူဇရပ်မြို့နယ်၊ ဘုရားသုံးဆူ လမ်းပိုင်းရှိ...

Khit Thit သတင်းဌာန၏ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း ရုပ်သံသတင်းအစီအစဉ်

By ရန်ကုန်ခေတ်သစ် ဒီကနေ့ အောက်တိုဘာ ၁၇ ရက် မနက်ပိုင်း တင်ဆက်ပေးမယ့် သတင်းတွေကတော့ တနင်္သာရီတိုင်း၊ ထားဝယ်မြို့မှာ အကြမ်းဖက်စစ်တပ်က ကျင်းပဖို့ ပြင်ဆင်နေတဲ့ သပိတ်မျှောပွဲကို SGDF အဖွဲ့က ၂ ရက်ဆက် ဖောက်ခွဲတိုက်ခိုက်ခဲ့ပြီး ပြည်သူတွေ ပွဲတော်ကို လာရောက်ခြင်းမပြုလုပ်ဖို့ အသိပေး ထားတယ်လို့...

Breaking News- လေ့ကေ့ကော်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA၊ PDF ပူးပေါင်း တော်လှန်ရေးတပ်များက တိုက်ခိုက်သိမ်းပိုက်၊ တပ်မ ၄၄ ဗျူဟာမှူးနှင့် စစ်ကောင်စီတပ်သားများ ထွက်ပြေး

ရန်ကုန်၊ အောက်တိုဘာ ၁၇ ကရင်ပြည်နယ်၊ မြ၀တီမြို့နယ်၊ လေ့ကေ့ကော်မြို့သစ်အနီးရှိ စစ်ကောင်စီတပ်၏ စွယ်တော်ကုန်း လက်နက်ကြီး ဗျူဟာစစ်စခန်းကို KNLA ဦးဆောင်သော တော်လှန်ရေးတပ်များ ယနေ့ နံနက်ပိုင်း တိုက်ခိုက်သိမ်းပိုက်ရရှိကြောင်း KNLAနှင့်PDF သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောဆိုသည်။ ယနေ့ အောက်တိုဘာလ ၁၇ ရက်နေ့ နံနက် ၅...

မြန်မာနိုင်ငံတစ်ဝန်းရှိ ပြည်ပထုတ်ကုန် ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေး သိမ်းယူပြီး လက်ဝယ်ထားရှိသူများကို ထောင်ဒဏ် ၃ နှစ်အထိချနိုင်သည့် ပို့ကုန်သွင်းကုန်ဥပဒေဖြင့် အမှုဖွင့်တရားစွဲ

ရန်ကုန်၊ အောက်တိုဘာ ၁၇ မြန်မာနိုင်ငံတစ်ဝန်းလမ်းမများပေါ်တွင် သွားလာနေသော ကုန်ကားများနှင့် အိမ်စီးကားများတွင် တင်ဆောင်ထားသော ပြည်ပကုန်ပစ္စည်းမှန်သမျှကို စစ်ကောင်စီက ပူးပေါင်းအဖွဲ့များဖြင့် ဖမ်းဆီးစစ်ဆေးနေကြောင်း စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေး သတင်းရင်းမြစ်က ပြောဆိုသည်။ အောက်တိုဘာလဆန်းပိုင်းမှစတင်ပြီး စစ်ကောင်စီက ထွေ/အုပ်၊ ရဲ၊ စစ်တပ်နှင့် စားသုံးသူရေးရာ ဦးစီးဌာန၊ အကောက်ခွန်၊ စီးပွား/ကူးသန်း အပါအဝင် ဌာနပေါင်းစုံ...

ကန့်ဘလူမြို့နယ်၊ ငါတို့ပျူစောထီးရွာရှိ ပျူစောထီး ကင်းပုန်းစခန်းကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်မှု ပျူစောထီး ၃ ဦး သေဆုံး

ရန်ကုန်၊ အောက်တိုဘာ ၁၆ စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ်၊ ငါတို့ပျူရွာစခန်းမှ ပျူစောထီးများ ကင်ပုန်းဝပ်နေသည့် အထိုင် စခန်းတစ်ခုကို ဒရုန်းဖြင့် ဗုံးကျဲတိုက်ခိုက်ခဲ့ရာ ပျူစောထီး ၃ ဦးသေဆုံးခဲ့ကြောင်း ကန့်ဘလူမြို့နယ် ပြည်သူ့ကာကွယ်ရေး - ပကဖ လှုပ်ရှား ဒရုန်းတပ်ဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။ အောက်တိုဘာလ ၁၄...

Latest news

- Advertisement -spot_img