33 C
Yangon

ချောင်းဦးမြို့အဝင်နှင့် မြင်းမူမြို့နယ်တို့တွင် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်မှု စစ်သား ၃ ဦး သေဆုံး

Must read

ရန်ကုန်၊ နိုဝင်ဘာ ၂၁

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့အဝင်နှင့်မြင်းမူမြို့နယ်၊ မုံရွာ -မန္တလေးလမ်းမပေါ်တွင် စစ်ယာဉ်တန်းနှင့် ခြေလျင်စစ်ကြောင်းကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ စစ်သား ၃ ဦး သေဆုံးခဲ့ကြောင်း BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူတစ်ဦးက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

ယမန်နေ့ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၀ နာရီ ၃၀ မိနစ်အချိန် မုံရွာမြို့မှ ချောင်းဦးမြို့ဘက်သို့ လာရောက် သည့်အကြမ်းဖက် စစ်ကား ၄ စီးကို ချောင်းဦးမြို့အဝင်နေရာ အရောက် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အ ကြမ်း ဖက်စစ်သား ၂ ဦး ပေါင် ဒဏ်ရာရရှိပြီး စစ်ကားတစ်စီးထိမှန်ခဲ့ကြောင်း၊ အဆိုပါ စစ်ယာဉ်တန်းမှာ ချောင်း ဦးမြို့အထွေထွေအုပ်ချုပ်ရေးမှူးရုံးအတွင်းသို့ ဝင်ရောက်သွားကြောင်း သိရသည်။

“မနားတမ်းပြန်လည် ပစ်ခတ်မှုတော့ရှိပါတယ်။ ပြီးတော့ ဆဲသေးတယ်။ အလ္လကပ္ပမိုင်းဆွဲမှုက ၃ ဦး သေတယ်၊ ဒဏ်ရာရတဲ့သူတွေလည်းများတယ်၊ ချောင်းဦးမြို့အဝင်မိုင်းဆွဲတာက စခ ၂ ဦး ပေါင် ထိမှန်ဒဏ်ရာရတယ်၊ ကားတစ်စီးလည်း ထိတယ်၊ ထွေအုပ်ရုံးထဲဝင်ပြီး ဒဏ်ရာရသူတွေကို ဆေးကု သနေတယ်လို့ သတင်းရပါတယ်” ဟု BLDF အညာမိုင်းတပ်ခွဲမှ တာဝန်ရှိသူက ရန်ကုန်ခေတ်သစ်သတင်းဌာနထံသို့ ပြောကြားသည်။

အလားတူ နိုဝင်ဘာလ ၂၀ ရက်နေ့ နံနက် ၁၁ နာရီခန့်အချိန် မြင်းမူမြို့နယ်၊ အလ္လကပ္ပကျေးရွာ အရှေ့ ဘက် ဒို့မြန်မာဆီဆိုင်တွင် တပ်စွဲထားသော အကြမ်းဖက်စစ်သား ၁၂ ဦးက မုံရွာမှ ထွက်လာသော စစ်ကားများကို လုံခြုံရေးယူရန် အလ္လကပ္ပကျေးရွာ အနောက်ဘက်သို့ ထွက်လာစဉ် မိုင်းကွင်းပေါ်အရောက် မိုင်းဆွဲ တိုက်ခိုက်ခဲ့ကြောင်း၊ မိုင်းဆွဲမှုကြောင့် စစ်သား ၃ ဦးသေဆုံးပြီး ထိခိုက်ဒဏ်ရာရှိသူများပြား ကြောင်း သိရသည်။

အဆိုပါတိုက်ခိုက်မှုများကို ချောင်းဦးမြို့ခြေစိုက် BLDF တပ်ခွဲအညာမိုင်း တပ်ဖွဲ့ဝင်များ၊ ဇာမဏီ တပ်ဖွဲ့နှင့် ဒေါင်ဘုရင် တပ်ဖွဲ့တို့ ပူးပေါင်းကာ လုပ်ဆောင်ခဲ့ခြင်းဖြစ်ပြီး ပြည်သူ့ကာကွယ်ရေး တပ် ဖွဲ့ဝင်များ အထိအခိုက်မရှိ ပြန်လည် ဆုတ်ခွာနိုင်ခဲ့ ကြောင်း သိရသည်။

#မြန်မာ့နွေဦးတော်လှန်ရေး #ykt #yktnews #khitthitmedia #myanmar #media #burmese #foryou #foryoupage #NUG #springrevolution #KhitThitMedia #springrevolutionmyanmar2021 #PDF #againstmyanmarmilitarycoup #rejectmilitarycoupmyanmar

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article