30 C
Yangon

မင်းအောင်လှိုင်နှင့်စစ်အုပ်စု၏ ပြည်သူကို ညှဉ်းပန်းနှိပ်စက်သတ်ဖြတ်နေမှုများကြောင့် အာဏာသိမ်းပြီး တစ်နှစ်အကြာ မြန်မာနိုင်ငံမှ ထွက်ခွာသွားသည့် နိုင်ငံခြားကုမ္ပဏီများ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈


အကြမ်းဖက်စစ်ခေါင်းဆောင် မင်းအောင်လှိုင်နှင့်အကြမ်းဖက်စစ်တပ်၏ ပြည်သူကို သတ်ဖြတ်နေမှုများကြောင့် မြန်မာနိုင်ငံတွင် ရင်းနှီးမြှုပ်နှံထားသော နိုင်ငံခြားကုမ္ပဏီကြီးများ ဆက်တိုက်ထွက်ခွာလျက်ရှိနေပြီဖြစ်သည်။ဇန်နဝါရီလ ၂၇ ရက်နေ့တွင် Woodside Petroleum သည် Chevron နှင့် TotalEnergies တို့နှင့်ပူးပေါင်းကာ စစ်တပ်အာဏာသိမ်းမှုအပြီး တစ်နှစ်နီးပါးအကြာတွင် မြန်မာနိုင်ငံမှ ထွက်ခွာမည်ဖြစ်ကြောင်း ကြေညာလိုက်သည်။ မြန်မာနိုင်ငံမှာ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့ အကြမ်းဖက် စစ်ခေါင်းဆောင် မင်းအောင်လှိုင် အာဏာသိမ်းပြီး ပြည်သူများကို စတင်သတ်ဖြတ်ပြီးနောက် ဖြစ်ပေါ်လာသော နိုင်ငံခြားရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများ ထွက်ခွာသည့် အခြေအနေများကို ဖော်ပြလိုက်ပါသည်။မတ်လ၊ ၂၀၂၁==============ဖေဖော်ဝါရီ အာဏာသိမ်းပြီး ရက်ပေါင်း ၆၀ နီးပါးအကြာတွင် ပြင်သစ်ပြန်လည်ပြည့်ဖြိုးမြဲ ဓာတ်အားပေးထုတ်လုပ်သူ Voltalia က မြန်မာနိုင်ငံမှ လုပ်ငန်းရပ်ဆိုင်း နုတ်ထွက်ကြောင်း ကြေညာသည်။ ဧပြီလ၊ ၂၀၂၁ =============တောင်ကိုရီးယား သံမဏိထုတ်လုပ်သူ Posco က စစ်တပ်ပိုင် ဦးပိုင်ကုမဏီ Myanmar Economic Holdings (MEHL) နှင့် ဖက်စပ်လုပ်ငန်းများ အဆုံးသတ်မည်ဟု ကြေညာသည်။ သို့ရာတွင် မြန်မာနိုင်ငံရှိ POSCO International ၏ သဘာဝဓာတ်ငွေ့ ပရောဂျက်များသည် စစ်တပ်နှင့် တိုက်ရိုက်ချိတ်ဆက်မှု မရှိကြောင်း ပြောဆိုထားပြီး ဓာတ်ငွေ့လုပ်ငန်းများကို ရပ်ဆိုင်းခြင်းမရှိပေ။ မေလ၊ ၂၀၂၁ ============ပြင်သစ်နိုင်ငံမှ Total Energies နှင့် အမေရိကန် စွမ်းအင်ကုမ္ပဏီ Chevron တို့က မြန်မာစစ်အစိုးရထံ ၎င်းတို့၏ ရတနာဓာတ်ငွေ့ ဖက်စပ်လုပ်ငန်းမှ ပေးဆောင်ရမည့် ငွေပေးချေမှုအချို့ကို ဆိုင်းငံ့ခဲ့သည်။McKinsey နှင့် Coca-Cola အပါအဝင် နိုင်ငံတကာ ကုမ္ပဏီအများအပြားက မြန်မာနိုင်ငံမှ ထွက်ခွာရန် (သို့မဟုတ်) စစ်တပ်ပိုင်မြေများတွင် ရုံးခန်းနေရာ ငှားရမ်းခြင်းများကို ပြန်လည်သုံးသပ်နေကြောင်း ထုတ်ပြန်ကြေညာသည်။ဇွန်လ ၂၀၂၁==========နော်ဝေပင်စင်ရန်ပုံငွေ KLP က စစ်တပ်နှင့်ဆိပ်ကမ်းစီမံကိန်းဆောင်ရွက်နေသော Adani Ports and Special Economic Zone Limited မှ ရှယ်ယာပါဝင်မှုကို နုတ်ထွက်ကြောင်း ကြေညာသည်။ အိန္ဒိယ၏ အကြီးဆုံး ဆိပ်ကမ်းတည်ဆောက်ရေး Adani Ports သည် မြန်မာစစ်တပ်နှင့်ပူးတွဲ၍ ဆိပ်ကမ်းစီမံကိန်းတည်ဆောက်နေခြင်းဖြစ်သည်။ဇူလိုင်လ၊၂၀၂၁=============မြန်မာနိုင်ငံ၏ အကြီးမားဆုံး နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများထဲမှ တစ်ခုဖြစ်သည့် နော်ဝေ ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနောက အဆိုပါ လုပ်ငန်းများကို လက်ဘနွန်နိုင်ငံမှ M1 Group သို့ ရောင်းချမည်ဖြစ်ကြောင်း ထုတ်ပြန်သည်။ကမ္ဘာ့ဒုတိယအကြီးဆုံး ကားတာယာထုတ်လုပ်ရေးကုမ္ပဏီကြီးဖြစ်သော BRIDGESTONE က မြန်မာနိုင်ငံတွင်း ရင်းနှီးမြှုပ်နှံမှုများအားလုံးကို ယခု ဇူလိုင်လကုန်မှစတင်၍ ရပ်ဆိုင်းမည်ဖြစ်ကြောင်း တရားဝင် ထုတ်ပြန်ကြေညာသည်။မြန်မာနိုင်ငံတွင် ၇ နှစ်ကျော်ကြာ ရင်းနှီးမြှုပ်နှံမှုများ လုပ်ဆောင်ခဲ့သော BRIDGESTONE တာယာလုပ်ငန်းကို ရပ်ဆိုင်းမည်ဖြစ်ကြောင်း ကုမ္ပဏီက ဇူလိုင်လ ၆ ရက်နေ့တွင် တရားဝင် ထုတ်ပြန်ကြေညာခဲ့ခြင်းဖြစ်သည်။ BRIDGESTONE တာယာကို ဂျပန် First Japan Tire Service ကုမ္ပဏီက ထုတ်လုပ်နေခြင်းဖြစ်ပြီး ၁၉၃၁ စတင်တည်ထောင်ခဲ့သော ကုမ္ပဏီဖြစ်ကာ ကမ္ဘာ့ဒုတိယအကြီးဆုံး တာယာထုတ်လုပ်ရေး ကုမ္ပဏီကြီးဖြစ်သည်။ ရှမ်းပြည်နယ်မြောက်ပိုင်း၊ နမ္မတူမြို့နယ် ဘော်တွင်းသတ္တုတူးဖော်ရေးစီမံကိန်းတွင် ပါဝင်ရင်းနှီးမြှုပ်နှံထားသည့် ဩစတြေးလျအခြေစိုက် Myanmar Metals ကုမ္ပဏီက ၎င်း၏ရင်းနှီးမြှုပ်နှံထားသည့် ၅၁ ရာခိုင်နှုန်းကို ပြန်လည်ရောင်းချကာ မြန်မာနိုင်ငံမှ ထွက်ခွာမည်ဟု ဇူလိုင်လ ၂၁ ရက်နေ့တွင် ကြေညာသည်။ အောက်တိုဘာလ၊ ၂၀၂၁===================Lucky Strike စီးကရက်ထုတ်လုပ်သူ British American Tobacco သည် မြန်မာနိုင်ငံတွင် ၂၀၂၁ ခုနှစ် နှစ်ကုန်ပိုင်းတွင် လုပ်ငန်းလည်ပတ်မှုအားလုံးကို ရပ်ဆိုင်းမည်ဟု ကြေညာသည်။မြန်မာစစ်တပ်နှင့်ဆိပ်ကမ်းပူးတွဲတည်ဆောက်ဆောင်ရွက်နေသော အိန္ဒိယဆိပ်ကမ်းAdani Portsက ရန်ကုန်တွင် တည်ဆောက်နေသော ဆိပ်ကမ်းစီမံကိန်းကို ရပ်ဆိုင်းကြောင်း ကြေညာသည်။ ဂျာမန်အခြေစိုက် အစားအစာနှင့်ကုန်စုံလက်လီရောင်းချသူ METRO Wholesale Myanmar က မြန်မာနိုင်ငံမှ ရင်းနှီးမြှုပ်နှံမှုများကို ၂၀၂၁ ခုနှစ် အောက်တိုဘာလတွင် လုံး၀ ရပ်ဆိုင်းတော့မည်ဖြစ်ကြောင်း တရားဝင် သတင်းထုတ်ပြန်သည်။ ဇန်နဝါရီ ၂၀၂၂===========ဆက်သွယ်ရေးကုမ္ပဏီ တယ်လီနော၏စီးပွားရေးလုပ်ငန်းကို M1 Group နှင့် ပူးပေါင်းကာ အစုရှယ်ယာအများစုအဖြစ် လွှဲပြောင်းရယူတော့မည်ဖြစ်ကြောင်း သတင်းရင်းမြစ်များက ရိုက်တာသတင်းကို ရိုက်တာသတင်းဌာနအား ပြောကြားခဲ့ပါသည်။တယ်လီနောသည် မြန်မာငွေပေးချေမှုဝန်ဆောင်မှု Wave Money တွင် ၎င်း၏ရှယ်ယာအများစုကို စင်ကာပူကုမ္ပဏီတစ်ခုထံ ရောင်းချရန် သဘောတူညီခဲ့သည်။Total Energies နှင့် Chevron တို့က မြန်မာနိုင်ငံမှ နုတ်ထွက်မည်ဟု ကြေ ညာသည်။Royal Dutch Shell Plc က မြန်မာနိုင်ငံတွင် စွမ်းအင်ရှာဖွေရေးလိုင်စင်များကို သက်တမ်းမတိုးတော့ဟု ကြေညသည်။ Woodside Petroleum က မြန်မာနိုင်ငံမှ တရားဝင် ထွက်ပေါက် စတင်တော့မည် ဖြစ် ကြောင်း ပြောကြားခဲ့ပါသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article