28 C
Yangon

မန္တလေး KBZ စက်မှုဘဏ်ခွဲ ဗုံးပစ်ခံရပြီး ၁ ဦးထိခိုက်၊ ဆက်သွယ်ရေးရုံးကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၁ဦး ဒဏ်ရာရ၊ ရန်ကုန်ကမာရွတ်တွင် ကင်း စောင့်စစ်အုပ်စုကို ဗုံးဖြင့် တိုက်ခိုက်ရန်ပြင်ဆင်ချိန် ဖြတ်သန်းသွားသည့် ပြည်သူကြောင့် အစီအမံ ရွှေ့လိုက်ရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၈

မန္တလေးမြို့၊ စက်မှုစျေးထိပ်ရှိ ကမ္ဘောဇဘဏ်ခွဲ ၄၀ ကို ယနေ့ နံနက်ပိုင်းတွင် ဗုံးပစ်တိုက်ခိုက်လိုက်ပြီး ဗုံးကွဲမှုကြောင့် မှန်များကွဲကာ လူ ၁ ဦး ထိခိုက်သွားကြောင်း မန္တလေးမြေပြင်ကင်းထောက်အဖွဲ့ VOMDY က ပြောသည်။

မန္တလေး၊ ၆၂ လမ်း၊ ၁၃၃ လမ်း၊ ၁၃၄ လမ်း စက်မှုစျေးထိပ်ရှိ ကမ္ဘောဇဘဏ် ဘဏ်ခွဲ၄၀ကို သတိပေးသည့်အနေဖြင့် ဗုံးပစ်ခတ် သတိပေးခြင်းဖြစ်ကြောင်း၊ ဗုံးကွဲမှုကြောင့် မှန်များကွဲပြီး KBZ ဝန်ထမ်းတစ်ဦး ထိခိုက်ဒဏ်ရာရရှိကြောင်း သိရှိရသည်။

အလားတူ ဇန်နဝါရီ ၂၇ ရက်နေ့ MDY PDFလက်အောက်ခံ YNO MANDALAY PDF နှင့် Eagle Brothers မြို့ပြပျောက်ကြားတပ်ဖွဲ့တို့ပူးပေါင်း၍ ၆၂လမ်း ၊ ၆၀လမ်း၊ ၁၂၀လမ်းအင်ခရုဘုရားအနီးဆက်သွယ်ရေးရုံးကိုဗုံးဖောက်ခွဲခဲ့ကြောင်း၊ဗုံးပေါက်ကွဲမှုကြောင့် စစ်သားတစ်ဦးထိခိုက်ဒဏ်ရာရရှိသွားကြောင်း သိရှိရသည်။

အလားတူ ရန်ကုန်တိုင်း၊ ကမာရွတ်မြို့နယ်၊ လှည်းတန်းကုန်းကျော်တံတားအောက်တွင် ယနေ့နံနက် ၅နာရီ ၂၀မိနစ် အချိန်တွင်အုပ်စုဖွဲ့ ကင်းစောင့်နေသော စစ်အုပ်စုကို (YGN)Dark Shadowက မြို့ပြပျောက်ကျားတပ်ဖွဲ့မှ ပြင်းအားရှိအဝေးထိန်းမိုင်းဖြင့် အဓိကပစ်မှတ်ထား တိုက်ခိုက်ရန် ဆောင်ရွက်နေစဉ် အနီးဖြတ်သန်းသွားသော ပြည်သူများ၏ အိမ်စီးကား သုံးစီးကြောင့် တိုက်ခိုက်မှုကို ဖျက်သိမ်းပြီး ဆုတ်ခွာလိုက်ကြောင်း အဆိုပါအဖွဲ့က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ပြောဆိုသည်။

“ပြည်သူတွေအနေနဲ့ စစ်ခွေး၊ ရဲခွေးတွေနဲ့ ဝေးဝေးနေပါ” ဟု (YGN)Dark Shadowက ပြောသည်။

ဓာတ်ပုံ- KBZ ဘဏ် 

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article