30 C
Yangon

အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့သတ်ဖြတ်ခဲ့သော မတူပီမှ ပြည်သူ ၁၀ ဦး၏ အလောင်းများ တောထဲ ပြန်တွေ့၊ အချို့မှာ မျက်လုံးများ ပိတ်စည်းခံထားရပြီး၊ အချို့မှာ လက်ပြန်ကြိုးတုပ်လျက်သား သတ်ဖြတ်ခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၄

ချင်းပြည်နယ်၊ မတူပီမြို့နယ်တွင်းမှ သတင်းသမား ၁ ဦး၊ ၁၃ နှစ်အရွယ်ကလေးငယ် ၁ ဦး အပါအဝင် ဒေသခံရွာသား ၁၁ ဦးကို အကြမ်းဖက်စစ်ကောင်စီက အကြောင်းမဲ့ ဖမ်းဆီးသတ်ဖြတ်ခဲ့ပီး ၎င်းတို့၏ အလောင်းများကို တောတောင်ထဲတွင် ပြန်တွေ့ရကြောင်း ဒေသသတင်းရင်းမြစ်များထံမှ သိရှိရသည်။

အကြမ်းဖက် သတ်ဖြတ်ခြင်းခံခဲ့ရသောပြည်သူ ၁၀ ဦးထဲမှ အချို့သည် မျက်လုံးများကို အဝတ်ဖြင့် ပိတ်စည်းခံထားရပြီး အချို့မှာ လက်နောက်ပြန်ကြိုးတုပ်ခံထားရကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၆ ရက်နေ့မှစတင်ကာ မတူပီ-ဟားခါးလမ်း ကီလွန်းရွာနှင့်လုံလှောရွာကြားတွင် စစ်ကောင်စီတပ်နှင့် CDF တပ်များ အကြား တိုက်ပွဲများ ပြင်းထန်ခဲ့ကြောင်း၊ စစ်ကောင်စီတပ်များသည် ကီလွန်းရွာနှင့်လုံလှော်ရွာသို့ ခရီးသွားနေသော ပြည်သူ ၈ ဦးနှင့် ဇန်နဝါရီလ ၇ ရက်နေ့တွင် ဘွေထီးယားရွာမှ ကစဲရွာသို့ ခရီးသွားနေသော ပြည်သူ ၂ ဦးကိုလည်းကောင်း ဖမ်းဆီးခေါ်ဆောင်သွားပြီး တောတောင်ထဲတွင် သတ်ဖြတ်ခဲ့ခြင်းဖြစ်သည်။

အသတ်ခံရသူများတွင် Khonumthug သတင်းဌာန၏ တည်ထောင်သူလည်းဖြစ်၊ အယ်ဒီတာချုပ်အဖြစ်လည်း တာဝန်ထမ်းဆောင်သူ Pu Tuidim ပါဝင်သွားကြောင်း Khonumthung သတင်းဌာနက တရားဝင် ကြေညာချက် ထုတ်ပြန်သည်။ 

Photo Credit – Matupi Revolution News

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article