38 C
Yangon

မြိုင်မြို့နယ်၊ ကိုင်းတောရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

Must read

မြိုင်မြို့နယ်၊ ကိုင်းတောရွာမှ ရိက္ခာရှာရန် ထွက်လာသော စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်မှု စစ်တပ်ဘက်မှ ၃ ဦး သေဆုံး

ရန်ကုန်၊ ဧပြီ ၂၆

မကွေးတိုင်း၊ မြိုင်မြို့နယ်၊ ကိုင်းတောမရွာမှ ရိက္ခာရှာရန် ထွက်လာသော အကြမ်းဖက် စစ်တပ် စစ်ကြောင်းကို ကြားဖြတ် တိုက်ခိုက်ရာ စစ်တပ်ဘက်မှ ၃ ဦး သေဆုံးခဲ့ကြောင်း Earthquake People’s Defence Force မှ သတင်းနှင့်ပြန်ကြားရေးတာဝန်ခံ ကိုပိန်က ရန်ကုန်ခေတ်သစ်သတင်း ဌာနထံသို့ ပြောကြားသည်။

ယနေ့ ဧပြီလ ၂၆ ရက်နေ့ နံနက် ၉ နာရီခန့်တွင် မြိုင်မြို့နယ်၊ ကိုင်းတောမရဲစခန်းနှင့် စက်တွင်း၌ တပ်စွဲ ထားသော အကြမ်းဖက်စစ်သား ၂၀ ဦးခန့်သည် ကိုင်းတောမရွာ တောင်ဘက်ကို ရိက္ခာရှာရန် ထွက်လာစဉ် ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့က လက်နက်ငယ်များဖြင့် ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီ တပ်သား ၃ ဦး ပွဲချင်းပြီးသေဆုံးပြီး ကျန်စစ်သားများ ပြန်လည် ဆုတ်ခွာ ထွက်ပြေးသွားကြောင်း သိရသည်။

ထိုသို့ ဆုတ်ခွာ ထွက်ပြေးသွားသော အကြမ်းဖက် စစ်ကောင်စီတပ်သားများကို ထပ်မံမိုင်းဆွဲ တိုက်ခိုက်ခဲ့ရာ အကြမ်းဖက် စစ်သား ၇ ဦးခန့် ထိခိုက် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။

“ကိုင်းတောမရွာ အထွက်မှာပဲ တိုက်ခိုက်တာ အနီးကပ်ကင်းစောင့်ပြီး ပစ်ခဲ့တာဆိုတော့ ၃ ဦးပွဲချင်းပြီးသေတယ်။ ချက်ချင်းပြန်ဆုတ်ပြေးသွားတာ အဲဒါကို မိုင်းပွိုင့် ၁ ပွိုင့်နဲ့ ထပ်ဆွဲခဲ့တဲ့ အချိန် ထိခိုက်ဒဏ်ရာရတဲ့သူတွေကို ပွေ့သယ်ပြီး ရွာထဲကို ပြန်ဝင်သွားတယ်”ဟု Earthquake People’s Defence Force မှ သတင်းနှင့်ပြန်ကြားရေး တာဝန်ခံကိုပိန်က ပြောဆိုသည်။

အဆိုပါ တိုက်ခိုက်မှုများကို ပခုက္ကူမြို့နယ် အခြေစိုက်စုဖွဲ့မှု တပ်ရင်းတပ်ဖွဲ့များဖြစ်သော ပခုက္ကူမြို့ နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Young Force UG)၊ Pakokku People’s Defence Force၊ Earthquake People’s Defence Force၊ ပခုက္ကူမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ ၂ (Thu Rain TR)၊ Pakokku Ranger၊ Pakokku Hunter၊ မြိုင် ပကဖ တပ်ရင်း ၁ တပ်ခွဲ ၄ စကြာ်တပ်ဖွဲ့၊ မြိုင်မြို့ နယ် အခြေစိုက်စုဖွဲမှု တပ်ရင်းတပ်ဖွဲ့၊ TYK ပျောက်ကြားတပ်ဖွဲ့၊ မြိုင်ပကဖ တပ်ရင်း ၁ ခွဲ ၁၊ ခွဲ ၂ နှင့် မုန်တိုင်းပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ ပူးပေါင်းကာ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article