30 C
Yangon

အင်းတော်မြို့နယ်တွင် စစ်ကောင်စီတပ်ဖွဲ့ကို KIA၊ PDF ပူးပေါင်းတိုက်ခိုက်လို့ စစ်သား ၃ ဦး ထက်မနည်းသေဆုံးနိုင်၊ မြင်းခြံတွင်လည်း စစ်ကောင်စီတပ်ဖွဲ့များ မိုင်းဆွဲခံရပြီး ၂ ဦးထက်မနည်းသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့နယ်၊ နဘားရွာမှတဆင့် ပင်ဝယ်ရွာဘက်သို့ မန္တလေး-မြစ်ကြီးနား ရထားလမ်းအတိုင်း စစ်ကြောင်းထွက်လာသော အင်အား ၃၀ ခန့်ရှိသည့် စစ်ကောင်စီတပ်ဖွဲ့ကို ယနေ့ ဇန်နဝါရီလ ၂၁ ရက် နေ့လယ်ပိုင်းတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် အင်းတော် PDF ပူးပေါင်းတပ်ဖွဲ့က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီဘက်မှ ၃ ဦးထက်မနည်းသေဆုံးနိုင်ကြောင်း သတင်းရရှိသည်။

တိုက်ပွဲဖြစ်နေစဉ်အတွင်း စစ်ကောင်စီဘက်မှ ပစ်ခတ်သော လက်နက်ကြီးထိမှန်ပြီး ကားသမား ၁ ဦး သေဆုံးသွားကြောင်း၊ KIA နှင့် PDF များ အထိအခိုက်မရှိ ဆုတ်ခွာနိုင်ခဲ့ကြောင်း အင်းတော်တော်လှန်ရေးအင်အားစုထံမှ သိရှိရသည်။

စစ်ကိုင်းတိုင်းအထက်ပိုင်းနှင့် ကချင်ပြည်နယ် အစပ်ရှိ မြို့နယ်များတွင် ကချင်လွတ်လပ်ရေးတပ်မတော်နှင့် ဒေသခံပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များပူးပေါင်းပြီး အကြမ်းဖက်စစ်ကောင်စီတပ်များကို ခုခံတိုက်ခိုက်နေပြီး တိုက်ပွဲများ ရက်ဆက်ဖြစ်ပွားလျှက်ရှိသည်။

အလားတူ မန္တလေးတိုင်း၊ မြင်းခြံမြို့နယ်၊ ဆီမီးခုံမြို့မှ ထွက်ခွာလာသော စစ်ကောင်စီတပ်ဖွဲ့နှင့် ဒလန်များ စီးနင်းလာသော ကားကို ဆီမီးခုံမြို့တောင်ဘက်ရှိ တောရွာကြားတွင် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့များမှ မိုင်းဆွဲတိုက်ခိုက်ခဲ့ပြီး စစ်ကောင်စီဘက်မှ သေဆုံးထိခိုက်မှုရှိနိုင်ကြောင်း သတင်းရရှိသည်။

မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆီမီးခုံမြို့မှ ထွက်လာသည့် အကြမ်းဖက်စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် ဒလန်များ စီးလာသည့် ကားကို ဆီမီးခုံမြို့နယ်တောင်ဘက်ရှိ တောရွာကြားတွင် မြောင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ Myaung Special People’s Defence Force (MSPDF) ၊27 Revolution Forces (မြင်းခြံ)၊ TGR (Myaung People’s Defence Force TGR )၊ဇာမဏီ ပြောက်ကျားတပ်ဖွဲ့၊ Young Fighters People’s Defence Force (YFPDF) နှင့် 11 brothers Revolution Force မဟာမိတ်တပ်တို့ ပူးပေါင်း၍ မိုင်းဆွဲတိုက်ခိုက်ခဲကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၂၀ ရက်တွင်လည်း မိုးတောင်ရွာနှင့် ငါန်းမြာကြီးရွာကြားတွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များစီးနင်းလာသော ဆိုင်ကယ် ၂ စီးကို မိုင်း ၅ လုံးဖြင့် ဖောက်ခွဲတိုက်ခိုက်ရာ စစ်သား ၂ ဦး သေဆုံးခဲ့ကြောင်း MSPDF က သတင်းထုတ်ပြန်ထားသည်။

ဓါတ်ပုံ – အင်းတော်မြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article