30.5 C
Yangon

KNU တပ်မဟာ ၅ နယ်မြေ၊ မဲပလိကျေးရွာရှိ BGF စခန်းကို KNLA ဝင်ရောက်တိုက်ခိုက်ပြီး မီးရှို့ဖျက်ဆီး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇

ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၅ နယ်မြေ၊ မူတြော် (ဖာပွန်) ခရိုင်၊ မဲပလိကျေးရွာရှိ စစ်ကောင်စီလက်အောက်ခံ BGF စခန်းကို KNLA တပ်မဟာ ၅၊ တပ်ရင်း ၁၀၂ တပ်ဖွဲ့များက ဇန်နဝါရီလ ၁၆ ရက်တွင် ဝင်ရောက်တိုက်ခိုက်ပြီး စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း သတင်းရရှိသည်။

အဆိုပါစခန်းသည် နယ်ခြားစောင့်တပ် BGF အမှတ် ၁၀၁၄ တပ်ရင်း စခန်းတစ်ခုဖြစ်ကြောင်း၊ ဝင်ရောက်တိုက်ခိုက်ပြီးနောက် စခန်းကို မီးရှို့ဖျက်ဆီးလိုက်ကြောင်း KNLA တပ်မဟာ ၅ သတင်းရင်းမြစ်က ပြောသည်။

အဆိုပါ စခန်းသိမ်းတိုက်ပွဲတွင် KNLA ဘက်မှ ၂ ဦး ဒဏ်ရာရရှိပြီး BGF သေဆုံးဒဏ်ရာရမှုစာရင်းကိုမူ ကနဦး မသိရှိနိုင်သေးပေ။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article