25 C
Yangon

Breaking News- ဖရူဆိုရှိ စစ်​ဘေး​ရှောင်စခန်းကို နံနက် ၁ နာရီအချိန် စစ်တပ်က ​လေယာဥ်ဖြင့် ဗုံးကျဲ၊ ၇ နှစ်အရွယ် သမီးငယ် အပါအဝင် စစ်​ဘေး​ရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီး​သေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၇ 

ကရင်နီပြည်နယ်၊ ဖရူဆိုရှိ စစ်​ဘေး​ရှောင်စခန်းကို ယ​နေ့ နံနက် ၁ နာရီအချိန် စစ်တပ်က ​လေယာဥ်ဖြင့် ဗုံးကျဲသဖြင့် အသက် ၇ နှစ်အရွယ် သမီးငယ် အပါအဝင် စစ်​ဘေး​ရှောင်ပြည်သူ ၃ ဦး ပွဲချင်းပြီး​သေဆုံးသွား​ကြောင်း ပြည်သူ့ကာကွယ်​ရေးတပ်၊ ဖရူဆိုက သတင်းထုတ်ပြန်သည်။

ဇန်နဝါရီ လ ၁၇ရက်နေ့ နံနက် ၁နာရီ၁၀မိနစ်ခန့်တွင် ဖရူဆိုအနောက်ဘက်ခြမ်း  စစ်ရှောင်စခန်းတစ်ခု ကို စစ်​​ကောင်စီက လေယာဉ် ဖြင့် ဗုံးကျဲ သွားပါသဖြင့် စစ်ရှောင်သုံးဦး  ၃ ဦးကို ထိမှန်သဖြင့် ပွဲချင်းပြီးသေဆုံးသွား​ကြောင်းသိရှိရသည် ။ 

သေဆုံးသွားသောစစ်ရှောင်များမှာ မိုဆိုကျေးရွာမှ စစ်ရှောင်လာသောပြည်သူများဖြစ်ပြီး  အမျိုးသား တစ်ဦး အသက် ခန့်မှန်း ၅၀ ကျော် အမျိုးသမီး အသက်ခန့်မှန်း ၁၈နှစ် နှင့် အမျိုးသမီးငယ် အသက်ခန့်မှန်း ၇နှစ် တို့ဖြစ်​ကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article