32 C
Yangon

မန္တလေး စစ်ကြောရေးတွင် စစ်တပ်က  နိုင်ငံရေး ခေါင်းဆောင်တစ်ဦးကို စအိုတံကျဉ်လျှို၍ နှိပ်စက်၊  BEGSC ကော်မတီဝင် ၄ ဦး  စစ်တပ်က ဖမ်းသွားပြီးနောက် သတင်းအစအနမရဘဲ ပျောက်ဆုံးနေ 

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

မန္တလေး နန်းတွင်း စစ်ကြောရေးတွင် အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက မတရား ဖမ်းဆီးထားသည့် နိုင်ငံရေး ခေါင်းဆောင်တစ်ဦးကို တံကျဉ်လျှို၍ ညှင်း ပန်းနှိပ်စက်နေကြောင်း  အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေ ထွေသပိတ်ကော်မတီ(BEGSC)က သတင်းထုတ်ပြန်သည်။ 

 အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များသည် BEGSC၏ ဗဟိုကော်မတီ ဝင်များဖြစ်သော ဆရာ ဦးနောင်ထက်အောင်၊ ဆရာမ ဒေါ်သက်ဆုလှိုင်၊ ဆရာဦးနိုင်းသီဟကျော်နှင့် မန္တလေး တက္ကသိုလ်ကျောင်းသားများသမဂ္ဂမှ ကိုရန်ပိုင်စိုးတို့ကို ၂၀၂၁ခုနှစ် အောက်တိုဘာလ ၃၁ ရက်နေ့ ည(၁၀) နာရီခန့်တွင် မတရားဖမ်းဆီးခဲ့ပြီး မန္တလေး နန်းတွင်း စစ်ကြောရေးတွင် စစ်ဆေးနေသည်ဟု နောက်ဆုံးကြားသိရပြီး ယနေ့အချိန်ထိ အဆက်အသွယ်မရ ၊ သတင်း မကြားရသည်မှာ ရက်ပေါင်း (၇၇)ရက် ရှိနေပြီးဟု BEGSCထံမှ သိရသည်။

BEGSC ဗဟိုကော်မတီဝင် ၄ဦးသည်လည်း စစ်တပ်က ဖမ်းဆီးပြီးနောက် ၇၇ရက်ကြာသည်အထိ အဆက်အသွယ်မရဘဲ ပျောက်ဆုံးနေကြောင်း BEGSCက ဇန်နဝါရီလ ၁၇ရက်နေ့ ရက်စွဲဖြင့် အရေးပေါ် ထုတ်ပြန်ချက်တစ်စောင် ထုတ်ပြန်ခဲ့သည်။

“ယခုအခါတွင် နန်းတွင်းစစ်ကြောရေးတွင် မတရားဖမ်းဆီးခံ ခေါင်းဆောင်တစ်ဦး၏ စအိုကို တံကျဉ်လျှို၍ ညှင်းပန်းနှိပ်စက်နေသည်ဟု သတင်းများ ထွက်ပေါ်လျက်ရှိပြီး ကျွန်ုပ်တို့ အခြေခံပညာ ပညာရေးဝန်ထမ်းများ အထွေထွေသပိတ်ကော်မတီနှင့် အခြေခံပညာ ပညာရေးလုပ်သားသမဂ္ဂများ တိုက်ပွဲဦး ဆောင်ကော်မတီအနေဖြင့် ရဲဘော်များ၏ အသက်အန္တရာယ်အတွက် လွန်စွာစိုးရိမ်ပူပန်လျက်ရှိပါသည်”ဟု ထုတ်ပြန်ချက်တွင်ဖော်ပြထားသည်။

 စစ်တပ်သည် လူ့အခွင့်အရေးချိုးဖောက်မှုများကို မြန်မာနိုင်ငံတဝန်းလုံးတွင် ပြောင်ပြောင် တင်းတင်း ကျူးလွန်လုပ်ဆောင်လျက်ရှိပြီး အဆိုပါလုပ်ရပ်များနှင့် အကျဉ်းထောင် ၊ စစ်ကြောရေးများတွင် လူမဆန်သော လူ့အခွင့်အရေး ချိုးဖောက်စစ်ဆေးမှုများကို ကျွန်ုပ်တို့အနေဖြင့် ပြင်းပြင်းထန်ထန် ကန့်ကွက် ရှုတ်ချကြောင်းနှင့် လူ့အခွင့်အရေးဆိုင်ရာ အစုအဖွဲ့များ ၊ နိုင်ငံတကာအဖွဲ့အစည်းများအနေဖြင့် စစ်ကြောရေးနှင့် အကျဉ်းထောင်တွင်း လူ့အခွင့်အရေးချိုးဖောက်ခံရမှုများအတွက် ထိရောက်သော တုန့်ပြန်ဆောင်ရွက်မှုများ အမြန်ဆုံး လုပ်ဆောင်ပေးပါရန် တိုက်တွန်းအပ်ကြောင်း BEGSC ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဓာတ်ပုံ- အင်းစိန်အကျဉ်းထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ မြင်ကွင်း။  Photo – AAPP

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article