32 C
Yangon

တပ်ကုန်းမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ကြီး သိန်းမြင့် ပစ်သတ်ခံရ၊ နေပြည်တော် တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း နာရေးလာမေးချိန် ဗုံးထပ်ကွဲ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈

နေပြည်တော်တပ်ကုန်းမြို့နယ်မှ စစ်မှုထမ်း‌ဟောင်း ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ကြီးသိန်းမြင့်သည် ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၃ နာရီခွဲတွင် နေအိမ်အတွင်းတွင် ပစ်သတ်ခံလိုက်ရကြောင်း တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။ 

တပ်ကုန်မြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်ကြီးသိန်းမြင့်သည် ဇန်နဝါရီလ ၁၇ ရက်နေ့၊ မွန်းလွဲ ၃ နာရီခွဲတွင်  သေနတ်သမားတချို့က နေအိမ်သို့ဝင်ရောက်ပြီး သေနတ်ဖြင့် ၄ချက်ပစ်ခတ်ရာ အငြိမ်းစား ဗိုလ်ကြီး သိန်းမြင့် ပွဲချင်းပြီး သေဆုံးသွားကြောင်း သိရှိရသည်။ 

ယင်းနောက် အငြိမ်းစား ဗိုလ်ကြီး သိန်းမြင့် ပစ်သတ်ခံရမှုအတွက် အသုဘ နာရေးသို့ လာရောက် သတင်းမေးသော နေပြည်တော်တိုင်းမှူး ဗိုလ်ချုပ်ဇော်ဟိန်း လာရောက်ချိန်တွင်လည်း ဗုံးကွဲမှု ထပ်မံ ဖြစ်ပွားကြောင်း၊ ဗုံးကွဲမှုတွင် လူထိခိုက်မှုမရှိဘဲ ဆိုင်ကယ်တချို့ ပျက်စီးသွားကြောင်း သိရှိရသည်။ 

“တိုင်းမှူးက နာရေး လာမေးတဲ့အချိန်မှာလည်း နာရေးအိမ်နားမှာ  ဗုံးထပ်ခွဲခံရသေးတယ်။ဆိုင်ကယ်တချို့ပျက်စီးတယ်။ လူတော့ ထိတာမရှိဘူး” ဟု တပ်သတင်းရင်းမြစ်က ရန်ကုန်ခေတ်သစ်သတင်းဌာနသို့ ပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article