28 C
Yangon

တမူးတွင် မိုင်းဆွဲခံရပြီး ရဲမှူးသောင်းမြင့်၊ ဒုရဲမှူးဝင်းနိုင်၊ ရဲအုပ်မိုးထက်နိုင်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့်ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက် စုစုပေါင်း ၅ ဦးသေ ဆုံးဟု  MPCC ထုတ်ပြန်

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

စစ်ကိုင်းတိုင်း၊ တမူးတွင် မိုင်းဆွဲခံရပြီး သေဆုံးသွားကြသည့် ရဲ ၅ ဦးမှာ ရဲမှူးသောင်းမြင့်၊ ဒုရဲမှူး ဝင်းနိုင်၊ ရဲအုပ်မိုးထက်နိုင်၊ ရဲတပ်ကြပ်ဇော်မင်းအောင်နှင့် ရဲဒုတပ်ကြပ်ကျော်ဇင်ထိုက်တို့ဖြစ်ကြောင်း Myanmar Police CDM Channel က သတင်းထုတ်ပြန်သည်။ 

ကလေးမှ တပ်ဖွဲ့စုမှူး ရဲ ၃၆၉၉ ရဲမှူးသောင်းမြင့်၊ လ ၂၂ ၃၄၁၇ ရဲတပ်ကြပ် ဇော်မင်းအောင်၊ လ ၂၄၀၈၈၉ ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက်၊  ရဲ ၅၆၇၁ ဒုရဲမှူး ဝင်းနိုင်၊  လ ၂၄၀၂၂၂ ရဲအုပ်မိုးထက်နိုင်တို့သည် ယမန်နေ့ မိုင်းဆွဲခံရပြီး သေဆုံးသွားခြင်းဖြစ်ကြောင်း သိရှိရသည်။

ဇန်နဝါရီလ ၁၇ ရက်နေ့ နံနက် ၇ နာရီအချိန်  မူးယစ်တပ်ဖွဲ့စု(၅) ကလေးမှ တပ်ဖွဲ့စုမှူး ရဲမှူး သောင်းမြင့် သည် တပည့်များဖြစ်သည့် ရဲတပ်ကြပ် ဇော်မင်းအောင်၊ ရဲဒုတပ်ကြပ် ကျော်ဇင်ထိုက် ၊ လက်နက် – ခြောက်လုံးပြူးတစ်လက်၊ MA 13 နှစ်လက် ၎င်းကျည်များနှင့်အတူ ခမ်းပါတ်နယ်မြေရဲစခန်း၊ မယ(ပ)၂၆/၂၀၂၀၊ မူး/စိတ်ပုဒ်မ – ၁၉(က)အမှုအား သက်သေခံရန် ပါဂျဲရိုးယာဉ်(ရဲမှူးသောင်းမြင့်၏ကိုယ်ပိုင်ယာဉ်)ဖြင့် ကလေးမြို့မှ တမူးခရိုင်တရားရုံးသို့ ထွက်ခွာလာခဲ့ကြကြောင်း၊  ရဲမှူး သောင်းမြင့်ပါ(၃)ဦးတို့သည် သက်သေခံပြီးစီး၍ မွန်းလွဲ ၂ နာရီ ၃၀ မိနစ်အချိန် တမူးခရိုင်တရားရုံးမှ ကလေးမြို့သို့ပြန်လာခဲ့ရာ တမူးမှ ပုသိမ်မြို့သို့ ပြောင်းရွှေ့ရမည့် ဒုရဲမှူး ဝင်းနိုင်နှင့် တမူးမှ ရန်ကုန်သို့ ပြောင်းရွှေ့ရမည့် ရဲအုပ် မိုးထက်နိုင်တို့သည် ကလေးမြို့သို့ ကားကြုံလိုက်ပါခဲ့ကြသဖြင့် ယာဉ်ပေါ်တွင် စုစုပေါင်း ရဲမှူး သောင်းမြင့်ပါ (၅)ဦးဖြစ်သွားပြီး ကလေးမြို့သို့ထွက်ခွာလာခဲ့ကြကြောင်း သိရှိရသည်။

ယမန်နေ့ မွန်းလွဲ ၃ နာရီ ၃၀ မိနစ် အချိန် တမူးမြို့နယ်၊ ဝိတုတ်ကျေးရွာနှင့် ရန်လင်းဖိုင်ကျေးရွာကြားအရောက် မိုင်းကွဲကာ မော်တော်ယာဉ် မီးလောင်ပျက်စီးပြီး  ရဲမှူး သောင်းမြင့်ပါ(၅)ဦးစလုံး သေဆုံးသွားကြောင်း သိရှိရသည်။ 

လက်နက်များအနေဖြင့် ၃၂ ဗို့ ခြောက်လုံးပြုး သေနတ် ၁ လက် ၊ MA-13 သေနတ် တစ်လက်နှင့် ကျ‌ည် ၅ တောင့်၊ MA-13 သေနတ်တစ်လက်နှင့် ကျည် ၂၀တောင့် စုစုပေါင်း လက်နက် ၃ လက် ပြည်သူ့ကာကွယ်ရေးတပ်က သိမ်းဆည်းရမိကြောင်း သိရှိရသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article