ရန်ကုန်၊ ဇန်နဝါရီ ၁၈
ရန်ကုန်တိုင်း၊ မင်္ဂလာတောင်ညွှန့်မြို့နယ်တွင် စစ်အာဏာရှင်ဖြုတ်ချရေး “ကယ်တယ်ရှင် ဘယ်သောအခါမှ မရှိ” ဆိုသည့် ကြွေးကြော်သံဖြင့် GSC သပိတ်စစ်ကြောင်း မြန်မာ့ဂုဏ်ရည်လမ်းပေါ်တွင် ယနေ့ ချီတက် သပိတ် မှောက်သည်။
စစ်အာဏာရှင်စနစ်ဆန့်ကျင်ရေးအထွေထွေသပိတ်ကော်မတီ GSC တွင်ပါဝင်သည့် အဖွဲ့အစည်းအသီးသီးနှင့် မြို့နယ်သပိတ်ကော်မတီများစုပေါင်းပြီး ပြောက်ကျားသပိတ်တခုပြုလုပ်ကြခြင်းဖြစ်သည်။