29 C
Yangon

မန္တလေးကျွဲဆည်ကန် မြ၀တီဘဏ် လုံခြုံရေးဂိတ်ကို ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်မှု စစ်သား ၂ ဦးသေဆုံး၊ ၇၈ လမ်းအခွန်ရုံး ဗုံးခွဲခံရမှု စစ်သား ၁ ဦးသေဆုံး

Must read

ရန်ကုန်၊ ဇန်နဝါရီ ၁၈ 

မန္တလေးကျွဲဆည်ကန်၊ မြ၀တီဘဏ်တွင် လုံခြုံရေးချထားသော စစ်ကောင်စီဂိတ်ကို ယနေ့ ညနေပိုင်းတွင် PDF ပျောက်ကျားတပ်ဖွဲ့များက ဗုံးဖြင့်ပစ်ခတ်တိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးကြောင်း ROM နှင့် YNO Mandalay PDF တပ်ဖွဲ့က ပူးပေါင်း သတင်းထုတ်ပြန်သည်။ 

၁၁၅ လမ်း ကျွဲဆည်ကန်ဘဏ်တွင် တပ်စွဲထားသော စစ်ကောင်စီ ကင်းစခန်းဂိတ်ကို ROM နှင့် YNO MDY PDF က ပူးပေါင်းတိုက်ခိုက်ရာ စစ်သား ၂ ဦးသေဆုံးခြင်းဖြစ်ကြောင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ ထိခိုက်မှုမရှိကြောင်း သိရှိရသည်။ 

အလားတူ ဇန်နဝါရီလ ၁၇ ရက်နေ့ မွန်းလွဲ ၂ နာရီအချိန် မန္တလေး ၇၈ လမ်း လမ်းသွယ် ၄  အရှေ့ဘက်ရှိ အခွန်ရုံးတွင်လည်း ဗုံးဖြင့် တိုက်ခိုက်မှု တစ်ခုဖြစ်ပွားခဲ့ပြီး စစ်သား ၂ ဦးနှင့် ဆိုင်ကယ်များ ဗုံးထိမှန်ကြောင်း၊ စစ်သား ၁ ဦးမှာမူ သေဆုံးသွားပြီး ကျန်တစ်ဦးမှာလည်း အပြင်းအထန်ဒဏ်ရာရရှိကြောင်း မန္တလေးကင်းထောက်သတင်းအဖွဲ့ထံမှ သိရှိရသည်။ 

ဓာတ်ပုံ- မန္တလေးရှိ မြ၀တီဘဏ်တွင် လုံခြုံရေးယူထားသော စစ်ကောင်စီ တပ်ဖွဲ့များ။ ၂၀၂၁ ခုနှစ် ဧပြီလအတွင်းမှ ပုံအဟောင်းဖြစ်ပါသည်။ 

Photo – CJ

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article