25 C
Yangon

အကျဉ်းထောင်များတွင် လူဦးရေများလွန်းနေ၍ ဆန်နှင့်ပဲများပွားလာစေရန်ဟုဆိုကာ ဆိုဒါအလွန်အကျွံ့သုံး၊ ငရုတ်နှင့်ပဲ မှိုတက်များကို ဖြစ်သလိုကျွေး၊ လူ့အခွင့်အရေးချိုးဖောက်မှုနှင့်လာဘ်လေး လာဘ်ယူမှုများ များပြားလား

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၀ 

စစ်ကောင်စီက ပြည်သူများကို မတရားဖမ်းဆီးထောင်ချနေမှုကြောင့် အကျဉ်း ထောင် များတွင် လူဦးရေများပြားလွန်းနေပြီး စားနပ်ရိက္ခာအတွက် ဆန်နှင့်ပဲများကို ပွားလာစေရန်ဟုဆိုကာ ဆိုဒါများ အလွန်အကျွံ့ သုံးမှုများရှိလာနေကြောင်း နိုင်ငံရေးအကျဉ်းသားတချို့က မိသားစုထံ အကြောင်းကြားသည့် စာများအရ သိရှိရသည်။ 

ကရင်ပြည်နယ်၊ ဘားအံမြို့နယ်ရှိ အကျဉ်းထောင်တွင် နံနက်စာအဖြစ် ထမင်းနှင့်ရေနွေးကြမ်းသာ ပေးတော့ကြောင်း၊ လချီကြာမြင့်နေပြီး မှိုတက်နေသည့် ငရုတ်နှင့်ပဲများကိုလည်း ဖြစ်သလို ချက်ပြုတ်ကြောင်း၊ ဆန်နှင့်ပဲများကို လူအများကျွေးနိုင်ရေး ပွားလာစေရန် ဆိုဒါ အလွန်အကျွံ့ အသုံးပြုကြောင်း၊ ထောင်ဝင်စာများကို အလွန်တင်းကျပ်စွာ စိစစ်ပြီး အချုပ်သားများကို ရုံးထုတ် စစ် ဆေးမှုများတွင်လည်း ရှေ့နေ များပင် ဝင်ရ ထွက်ရ ခက်ခဲလာနေကြောင်း နိုင်ငံရေးအကျဉ်းသားတစ်ဦးက မိသားစုထံ အကြောင်းကြားသည့် စာတွင် ရေး သားဖော်ပြထားသည်။ အဆိုပါ အကြောင်းကြား သည့်စာကို ရန်ကုန်ခေတ်သစ်က လက်ခံရရှိထားပြီး ထိုနိုင်ငံရေးအကျဉ်းသားလုံခြုံရေးအတွက် စာကို ထုတ် ဖော်ပြသနိုင်ခြင်းမရှိပေ။ 

အလားတူ ရမည်းသင်းအကျဉ်းထောင်တွင်လည်း နိုင်ငံရေး အကျဉ်းသားများအပါအဝင် အကျဉ်းသားများပေါ် ထောင်အာဏာပိုင် အလွန်ဖိနှိပ်နေပြီး ငွေ ကြေး ညှစ်ယူမှုများ များပြားနေကြောင်း သိရှိရသည်။ 

“ရမည်းသင်းထောင်က လက်ထောက်ကြီးကြပ်ရေးမှူး နိုင်နိုင်ထွန်းက တော် တော်ကို လာဘ်စားနေပါတယ်။ သူ့အဆောင်မှာ ရောက်လာတဲ့သူတွေကို ငွေပေးရင်ပေး မပေးရင် အိမ်သာနားမှ ာအိပ်ခိုင်းပါတယ်။ ငွေပေးရင်လည်း ပေးတဲ့အချိန်သာ ကောင်း ကောင်း မွန်မွန်ဆက်ဆံပြီး မပေးတော့ရင် မပေးသလို နိုင်ထက်စီးနင်းလုပ်နေပါတယ်။ ထောင်ကျနေတဲ့ လူတွေရဲ့အိမ်တွေအထိ ဖုန်းတွေဆက်ပြီး ပိုက်ဆံတွေတောင်းနေပါတယ်။ သူ့အဆောင်မှာ အိမ်သာနားမအိပ်ရဖို့  ငွေကျပ် ၅၀၀၀၀ ကနေ ၁၅၀၀၀၀ အထိပေးရပါတယ်။ ထောင်ပိုင်ကလည်း သူ့ဆရာဆိုပြီး သူ့ကို ဘာမှမလုပ်တော့ ထင်ရာစိုင်းပြီး အနိုင်ကျင့်တာတွေ အကျဉ်းသားတွေကို တုတ်နဲ့ရိုက်နှက်တာတွေ လုပ်ပါတယ်။ ၅၀၅ တွေကိုဆိုလည်း အနိုင်တွေကျင့်ပြီး ပိုက်ဆံမပေးရင် ပညာတွေပြပါတယ်။ အကျဉ်းထာင်ဥပဒေမှာရိုက်ခွင့်မရှိတာကို လူလူချင်းရိုက်နှက်နေတယ်” ဟု နိုင်ငံရေးအကျဉ်းသားတစ်ဦး၏ မိသားစုဝင်တစ်ဦးက အခြေအနေကို ရှင်းပြသည်။ 

ရမည်းသင်းအကျဉ်းထောင်ရှိ နိုင်ငံရေးအကျဉ်းသားများထံသို့  ထောင်ဝင်စာများ ပေးပို့ရာတွင်လည်း ထောင်အာဏာပိုင်များက ၎င်းတို့လိုချင်သည့် ပစ္စည်းများ ဖြတ်တောက် ရယူမှုများရှိကြောင်း၊ ရမည်းသင်းအကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်း သားများအပေါ် နှိပ်ကွပ် ဖိနှိပ်မှုများ အလွန်ဆိုးဝါးနေကြောင်း သိရှိရသည်။ 

အကြမ်းဖက်စစ်ကောင်စီသည် စစ်အာဏာရှင်ဆန့်ကျင်ရေး ပြည်သူ ၁ သောင်းကျော်ကို မတရားဖမ်းဆီး အကျဉ်းချထားကြောင်း လေ့လာစောင့်ကြည့်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်အရ သိရှိရသည်။

ဓာတ်ပုံ- အင်းစိန်ထောင်အတွင်းမှ နိုင်ငံရေးအကျဉ်းသားများ ထားရှိသည့် တိုက်တန်း။ 

Photo – Lin Thant Facebook။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article