25 C
Yangon

စစ်ကိုင်းတွင် စစ်တပ်က မိဿာရွာနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို မီးရှို့နေ၊ ပြည်သူတချို့လည်း အဖမ်းခံရ

Must read

ရန်ကုန်၊ ဇန်နဝါရီ ၂၁ 

စစ်ကိုင်းအတွင်းရှိ ရေဦးမြို့နယ် မိဿာရွာနှင့် မုံရွာ-မန္တလေး လမ်းပိုင်းရှိ ပြည်သူပိုင် နေအိမ်များကို အကြမ်းဖက် စစ်ကောင်စီ တပ်ဖွဲ့များက ယနေ့ ဇန်နဝါရီလ ၂၁ရက်နေ့ နံနက်ပိုင်းက စတင်ကာ မီးရှို့နေပြီး ပြည်သူတချိည့လည်း ဖမ်းဆီးထာကြောင်း ဒေသခံပြည်သူများက ရန်ကုန်ခေတ်သစ် မီဒီယာသို့ ပြောဆိုသည်။

ရေးဦးမြို့နယ် မိဿာရွာကို စစ်တပ်က ယနေ့ ၉နာရီ ၅၀မိနစ်ခန့်တွင် ဝင်ရောက် မီးရှို့ဖျက်ဆီးနေခြင်းဖြစ်ကာ ဒေသခံပြည်သူများလည်း ထွက်ပြေးတိမ်းရှောင်နေရကြောင်း သိရသည်။

“မိဿာရွာကို စစ်တပ်က မီးရှို့နေတယ်။ ပြည်သူတွေလည်း ထွက်ပြေးနေရတယ်။ ဒီနေ့ နံနက်ပိုင်းလောက်က ရွာထဲဝင်ရှို့နေတာ ဘယ်ခြေ ဘယ်လောက် လောင်တယ်ဆိုတာတော့ မသိသေးဘူး”ဟု ဒေသခံ ပြည်သူ တစ်ဦကပြောဆိုသည်။

ထို့ပြင် စစ်တပ်က မုံရွာ-မန္တလေး အမြန်လမ်းပိုင်းရှိ မအူကြီးရွာနှင့် မြေနဲရွာ ကြားရှိ အနောက်ဖက် တောတဲများကို ယနေ့ နံနက် ၁၀နာရီခန့်က မီးရှို့ဖျက်ဆီးနေကြောင်း သိရသည်။

“ဒီနေ့ နံနက် ၁၀နာရီလောက်က စရှို့နေတာ မအူကြီးရွာနဲ့ မြေနဲရွာ ကြားမှာရှိတဲ့ အမြန်လမ်းမကြီးအနောက်က တောတဲတွေကို ရှို့နေတာ တောလုပ်နေတဲ့ ပြည်သူတချို့လည်း ဖမ်းဆီးထားတယ်လို့သိရတယ်”ဟု မုံရွာ-အမြင့်လမ်း သတင်းမှန်ပြန်ကြားရေးအဖွဲ့က တာဝန်ရှိသူ တစ်ဦးကပြောဆိုသည်။

- Advertisement -spot_img

More articles

- Advertisement -spot_imgspot_imgspot_imgspot_img

Latest article